ဘိုးဘိုးအောင်
ကျမတို့ မြန်မာလူမျိုး အပါအဝင် လူမျိုးတိုင်းတွင် ယဉ်ကျေးမှု ရှေးဟောင်း ပုံပြင် များ ရှိကြသည်။ နေထိုင်ရာ ဒေ သနှင့် ရေမြေ တောတောင် ပတ်ဝန်းကျင် လိုက်၍ သာ ကွဲပြားကြသည်။ အနှစ် သာရ ကား ခြားနားခြင်း မရှိ တတ် ကြပေ။
လူမျိုးတိုင်းသည် လူ့အနွယ်ကြီး တနွယ်လုံး ရာစုနှစ်ပေါင်း များစွာဖြတ်သန်းခြင်း ပြုခဲ့ ရသော သမိုင်း လမ်း ကြောင်းများ အတိုင်း လျှောက်ခဲ့ရသောကြောင့်ဖြစ် သည်။ လူမျိုးတိုင်း၏ သမိုင်းများတွင် ပဋိပက္ခ များအကြောင်း ဖေါ်ပြ တတ်ကြ သည်။ လူစွမ်းကောင်းများ တန်ခိုးရှင်များ အကြောင်းလည်း တခမ်းတနား ပါရှိ တတ် သည်။ သဘာဝထက် လွန်ကဲသည့် ပုံပြင်များသည်လည်း အဆန်း တကြယ် ရှိကြသည်။ လူမျိုး တမျိုး အနေဖြင့် နုနယ်စဉ် အချိန် ကာလ များတွင် စိတ်ကူး စိတ်သန်း များ လောက်ဖြင့်သာ ဖြတ်သန်းနေကြရပြီး ဗေဒင် ၊ အင်းအိုင်၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တာန်၊ အဂ္ဂိရတ်၊ မှော် ၊ စသည့် ရှေးဟောင်း အတတ်ပညာ လောက်သာ လက်ကိုင် ပြုနိုင်ကြ သေးသော ကြောင့်ဖြစ်သည်။
ခေါမပုံပြင် များတွင် မီးကို ယူဆောင်လာသည့် ပရိုမီးသီးရပ်၊ လူစွမ်းကောင်း ဟာကြူလီ၊ ဗြဟ္မဏလူမျိုးတို့၏ ပုံပြင် များတွင် မြေလျှိုး မိုးပျံနိုင်ပြီး အသက် ထောင်ချီရှည်သည့် ရသေ့ရှစ်သောင်း များ၊ ယင်း ယောဂီနှင့် ဂုရုကြီးများ ကိုင်စွဲ ခဲ့ကြသည့် နက္ခတ်၊ ဗေဒင်၊ တန္တရ၊ အဂ္ဂိရတ်စသည့်များ။ တရုတ်တို့တွင်လည်း လူစွမ်း ကောင်း ပုံပြင် များစွာ ရှိခဲ့ကြသည်။ မြန်မာတို့တွင် ခေါမ၊ တရုတ်၊ ဗြဟ္မဏ များ အလားတူ တံခိုးရှင်များ ၊ ဇော်ဂျီများ၊ ထွက်ရပ် ပေါက် များ ရှိခဲ့ကြသည်။
ကုန်းဘောင်ခေတ်ဦးပိုင်း နှစ်ပေါင်း နှစ်ရာကျော်ခန့် က တတိယ မြန်မာနိုင်ငံအား ထူထောင်သူ အလောင်းဘုရား ဦးအောင်ဇေယျ၏ သားတော် ဦးဝိုင်းတွင် ငယ်သူငယ်ချင်း တယောက်ရှိသည်။ အမည်က ဆရာအောင်ဖြစ်သည်။ ဆရာအောင်ကား ပထမံအတတ်နှင့် ထွက်ရပ်ပေါက်သူဖြစ်သည် ဆို၏။ ပထမံဆရာအောင်သည် ဝ တလုံးက နှစ် လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖေါ်ပြကြသည်။ မြန်မာ လူမျိုးများတွင် ယင်းပုံပြင်သည် ယနေ့တိုင် သစ်လွင် အားကောင်းဆဲ ဖြစ်သည်။ ပုဂံပြည်တွင် ထွက်ရပ်ပေါက် ရှင်မထီး ရွှေမိုး ငွေမိုး ရွာချသည်ကို စွဲလန်း ခဲ့ကြသည့် မြန်မာလူမျိုးများသည် ဘိုးဘိုးအောင်မ ပါဟု ဆုတောင်းဆဲပင်ဖြစ်သည်။
ကျမတို့ ပြည်ပ ထွက်လာ သည့်အခါ တနိုင်ငံနှင့် တနိုင်ငံ လူမျိုး တမျိုးနှင့် တမျိုး ယဉ်ကျေးမှုပုံပြင်များ ဖလှယ် ပြော ဆိုမိကြသည်။ သူတို့လူမျိုးများ၏ စာပေစကားများအား လေ့လာသင်ကြားရင်း မိမိတို့ လူမျိုးများ၏ ယဉ်ကျေး မှုစာပေ ၊ ကဗျာများအား သူတို့ဘာသာ ဖြင့်တတ်နိုင်သမျှဘာသာပြန်ရင်း ဖလှယ်ခဲ့ကြသည်။
သူတို့ စိတ်ဝင်စားကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြီး နောက်ပိုင်း ခေတ်တွင် ဆရာဇော်ဂျီနှင့် ဆရာ မင်းသုဝဏ် တို့ ကဗျာဆရာ နှစ်ယောက်အား စာပေသမားများက ကဗျာ့ အရာတွင် ဦးထိပ်ထားကြသည်။ ကဗျာဆရာ အတော်များများသည် ဆရာကြီး နှစ်ယောက်၏ ကဗျာများ အောက်မှ ပေါက်ဖွား ဖြစ် မြောက် လာ ကြ သည်ဟု ဆိုရမည် ဖြစ်ပေသည်။
တွေ့ဆုံ ခဲ့ရသည့် အခြားနိုင်ငံမှ ကဗျာချစ်သူ လူမျိုးခြား ကျမ၏ မိတ်ဆွေများအား သူတို့ ဘာသာဖြင့် ပြန်ဆို ပေးခဲ့ရသည့် မြန်မာကဗျာ စာဆိုရှင် ကြီးများ၏ ကဗျာ အချို့အား သတိတရ လွမ်းဆွတ်စွာ ပြန်လည် ဖေါ်ပြ ပေး လိုက် ပါ သည်။
အောက်မှ ကဗျာတိုလေးသည် ၁၉၃၆-ခုနှစ် တက္ကသိုလ်ကျောင်းသားများ၏ အရေးတော်ပုံတွင် ဆရာဇော်ဂျီမှ မမကြီး ( အင်းလျားက ခြင်းကြား ) အား ရေးပေးလိုက်သည့်ကဗျာဟု လေ့လာ တွေ့ရှိ ရသည်။
ပြဒါးရှင်
ပေးချင်ငဲ့ ခုအရေး။
ဇော်ဂျီမောင် ငါမစစ်လို့
စိတ်ညစ်တယ်လေး။ ။
( ဇော်ဂျီ )
ဖေဇော်ဂျီ
အနီဆင်သလို့
ယဉ်လှပုံထူး။
အလို့  ရှုစမ်းပ
မြိုင်တန်းမှာ မာန်အကြိမ်းတွေနဲ့
ရှိန်းသတ်လို့မြူး။
နောက်တပုဒ်က ဖြင့် သတိ ဟူသော ကဗျာလေးဖြစ်သည်။
ရုပ်သေးစင်ပေါ်
ဇော်ဂျီနှင့်တောင်ဝှေး
အခုန် အပျံနှင့်
သူ့ဟန်ကို သည်ဖေကြည့်
မောမိတယ်လေး
ရှိန်းဆာယာ ပိုမောက်
ကိုယ်ပျောက်သည့်တန်ခိုး
ရှိန်းဆာယာ သည်ဖေ ကြောက်
စိတ်ပျောက်မှာစိုး။
( ဇော်ဂျီ )
နောက်တပုဒ်ကတော့ တိုတိုလေးနှင့်ထိမိသည့် ဆရာမင်းသုဝဏ် ၏ နှင်းဆီ ကဗျာလေးပါ
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုံးဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး။
( မင်းသုဝဏ် )
အောက်တွင်ဖေါ်ပြထားသည့် ကဗျာကတော့ လွန်ခဲ့သည့် ၂၅ နှစ်ခန့်( ၁၉၈၄ ) ခုနှစ်ကရေးသားခဲ့သည့် ကဗျာ စာဆိုရှင် ဆရာတင်မိုးကဗျာ တပုဒ်ဖြစ်ပါသည်။
ဇော်မောင်မောင်၏ မျှော်တော်ယောင်
ခါးကိုထောက်လို့ တောင်မြောက်ကယ်မျှော်
ဇော်ဂျီတဲ့လေး။
တောင်ဝှေးကို ဘယ်ညာကိုင်လို့
ဟိုမြိုင်လယ် သည်မြိုင်တန်းမှာ
လွမ်းခဲ့ရှာသေး။
ကျောက်ပျဉ်မှာ ဆေးကြိတ်လို့
တောင်ထိပ်မှာတဲ့ အေးရိပ်ခို
ဇော်ဆိုတဲ့ ဇော်ကလေး။
လူ့ဘုံကို သွေခွာလို့
ဟေမဝါ သေလာကွေ့မှာ
တကိုယ်တော် သူပျော်မွေ့ချင်သတဲ့
ချမ်းမြေ့စွာ တောင်စခန်း
လမ်းရှာခဲ့သေး။
ဇော်မောင်မောင်
မျှော်တော်ယောင် ဘာကို တ ပါလိမ့်
မြိုင်ဝမှာ သူယောင်မယ်နဲ့
ချစ်စဖွယ် သည်မှာ တွေ့ပြန်တော့
မွေ့လျော်မိသေး။
ပူဖို့ငယ်ကြုံ
လူတို့ဘုံ သူခွာလဲ
လူ့မူရာ ဘယ်မငြင်းနိုင်ဘု
တကိုယ်တော် အဖော်ကင်းယင်ဖြင့်
ပျင်းတတ်ကဲ့လေး။ ။
( တင်မိုး )
ဆေးလိပ်လည်းတို ၊ နေလည်း ညိုပြီ ကဗျာအား ရွတ်ဆိုပြနေသည့် ဆရာတင်မိုးနှင့်ဘာသာပြန် စာရေးသူတို့ အမှတ်တရ
77 comments:
    ပထမဆုံး လာဖတ်သွားပါတယ်... အစ်မရေ...
    ဗဟုသုတ ရစရာတွေ အများကြီးပါ အစ်မ ...
    ကျေးဇူးတင်ပါတယ် ...
    အစ်မ ပျော်ရွှင်ပါစေ ...
    ဆေးလိပ်လည်းတို၊ နေလည်းညိုပြီလို့ ပြောသွားတဲ့ ဧည့်သည်ကြီးဆရာတင်မိုးရဲ့ ကွယ်လွန်ခြင်းအမှတ်တရစာအုပ်လေးတွေကို ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ ဖတ်လိုက်ရတယ်ဗျာ။
    အပြင်မှာလူချင်း မတွေ့လိုက်ရတဲ့ဆရာ့ကို ဂါရ၀ပြုပါတယ်။
    On 3:53 PM PDT saisai said...
    အစ်မ စာတွေလာဖတ်သွားပါတယ်။
    မရေ .. ကဗျာလာရွတ်ပါတယ် .. အစ်မက တော်တော်အသားဖြူတယ်နော် .. ဖွေးနေတာပဲ ပုံမှား)
    ချစ်ခင်လေးစားလျှက်
း)
    ဗဟုသုတ လဲရ...အသိအမြင်ရှိ ပြီး စာဖတ်အားကောင်းလွန်းတဲ့အမကိုလဲအားကျပြီး လာဖတ်သွားပါတယ်..မမရေ :-)
    အစ်မရေ..ကဗျာတွေလာဖတ်သွားပါတယ်ခင်ဗျာ..
    ကဗျာလေးတွေ ကောင်းတယ်အမ
    ခုလိုရှာဖွေ ဖော်ထုတ်ပြပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်
    အမှတ်တရလဲဖြစ်တာပေါ့
    နေကောင်းပျော်ရွှင်ပါစေ
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ကဗျာကောင်လေးတွေ လာဖတ်သွားတယ်မမရေ .. . .
    “မမ” က စာအရေးအသားနဲ့ တင်ဆက်ပုံလေးတွေ သိပ်ကောင်းတာပဲနော် ...။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်နဲ့ ဆရာတင်မိုးတို့ ကဗျာတွေကလည်း သိပ်ကောင်းပါတယ် ... ငယ်ငယ်က ဖတ်မှတ်ခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ် ပြန်ပြီးဖတ်ချင်လိုက်တာ ...အရင်ကတော့ အလွတ်ရခဲ့တာပေါ့ ... ခုတော့ အနှစ်၂၀ကျော်သွားပြီဆိုတော့ မှတ်ဥာဏ်တွေက ချို့ယွင်းကုန်ပြီ.... “မမ”မှာရှိရင် တင်ပြပေးပါနော် ... ဆရာတင်မိုးရဲ့ “ဖန်မီးအိမ်” ဆိုတဲ့ ကဗျာလေးပါ..။
    ချစ်ခင်လေးစားလျက်ပါရှင် :)
    On 8:11 PM PDT win latt said...
    အမကြီး
    ကဗျာဆရာတွေရေးတဲ့ ဇော်ဂျီ အကြောင်းတွေ ဖတ်ဖို့ ရောက်လာတယ်။ ဖတ်လည်းဖတ်သွားပါတယ်။ ရှေးခေတ် စာဆိုကြီးများရဲ့ တန်ခိုးရှင်များ၊ဇော်ဂျီများ ကို ဖွဲ့ဆိုထားတဲ့ ကဗျာစာပေများ စုဆောင်းတင်ပြပေးပါဦး....။အကြံပြုပါတယ်။ ပို့(စ်) အစနိဒါန်းက ပထမံဘိုးဘိုးအောင်တို့လိုမျိုးတွေကို ဖွဲ့ဆိုထားတာများရှိရင်ပေါ့...။ကျေးဇူးတင်ပါတယ်။
    အမကြီးမသက် ကျန်းမာပါစေ။
    သုခီအတ္တာနံပရိဟရန္တု....။
    အစ်မရေ ကဗျာလေးတွေနဲ့ ခံစားမှုလေးတွေကောင်းပါတယ်။ အမရဲ့စာဖတ်အားနဲ့ ဗဟုသုတကြွယ်ဝပုံကိုတော့ လေးစားပါတယ်အမရေ။ နောက်ကျရင် ကဗျာဆရာဇော်ဂျီရဲ့ကဗျာလေးတွေ အား၇င်တင်ပြပေးပါအုံးအမရေ။ ကျန်းမာပျော်ရွှင်စွာနေနိုင်ပါစေ အစ်မရေ။
    မြန်မာကဗျာ မြန်မာစာပေရဲ့ မှတ်တိုင်ဆရာကြီးတွေလို့ပြောလို့ရတဲ့ ဆရာများရဲ့ကဗျာတွေအတွက် ကျေးဇူးပါ အမသက်ဇင်ရေ။
    ယဉ်ကျေးမှုဖလှယ်ရေးအကြောင်းတွေလည်း စိတ်ဝင်စားပါတယ်။ အားတဲ့အခါမှာ အတွေ့အကြုံလေးတွေ ပြန်ဝေမျှပါအုံး။
    ပျော်ရွှင်အဆင်ပြေပါစေကြောင်း။
    သုခမိန်(E-Journal)
    အမရေ.. စာလာဖတ်ပါတယ်။ ဗဟုသူတတွေ ပေးလို့ ကျေးဇူးပါနော်..
    လူမျိုး တစ်မျိုး နိုင်ငံတစ်နိုင်ငံမှာ ရှိနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်း အစဉ်အလာ ဆိုတာ နိုင်ငံတစ်နိုင်ငံ ရပ်တည်ရှင်သန်မှု အတွက် အရေးပါသလို ... ဒီယဉ်ကျေးမှု ဓလေ့ ထုံးတမ်း အစဉ်အလာကို မပျောက်ပျက်သွားအောင် ဖော်ကျူးသီဆောင်ပေးနေတဲ့ သမိုင်းသုတေသီ၊ အနုပညာသမား၊ စာပေသမား၊ ဆိုတာတွေကလည်း နိုင်ငံတစ်နိုင်ငံ အတွက် သိပ်ကို အရေးပါပါတယ် ... ဆရာ မင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာ တင်မိုး၊ ဆရာ ထီလာစစ်သူ ... နောက် အခြားသောအခြားသော စာပေပညာရှင်တွေ .... သူတို့တွေ အားလုံး သူတို့တတ်စွမ်းတဲ့ စာပေပညာနဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်း အစဉ်အလာကို မပျောက်ပျက်အောင် စွမ်းဆောင် အားထုတ်ကြိုးစား ပုံဖော်နေကြတယ် ... ပုံဖော်ခဲ့ကြတယ် .. ပုံဖော်နေကြဦးမယ် ... ကျွန်တော်တို့ရော ... ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှု ကိုယ်လူမျိုးရပ်တည်မှုအတွက် ဘာတွေများ တတ်စွမ်းသရွေ့ ပုံဖော်ခဲ့ဖူးပြီလဲ .. ( ပို့စ်ကို ဖတ်ပြီး ခံစားမိသည်များ ဖော်ပြခဲ့ပါသည် .. အမှားပါလျှင် ခွင့်လွှတ်ကြစေချင်ပါသည်။ )
    နေဒေးသစ်။
    On 10:46 PM PDT Upasaka said...
    မသက်ဇင်ရေ့ လေးစားပြီးရင်း လေးစားရင်ပါပဲ
    တကယ် မြန်စာပေနှံ့စပ်တယ်ဗျာ..တကယ်။
    သင်ခန်းစာ
    ရပါရဲ့
    အမကလဲကဗျာချစ်သူတစ်ယောက်ပါလား ဘာသာတွေပြန်ပေးနေတဲ့ပုံလေးကိုသေချာကြည့်သွားတယ်... တစ်ချို့ကဗျာလေးတွေကညီမအခုမှဖတ်ဖူးတာ အခုလိုတင်ပေးတာကျေးဇူးပါနော်အမ
    ခင်မင်စွာဖြင့်
    နှင်းဆီနက်
    On 12:27 AM PDT kiki said...
    ကဗျာကောင်း စာကောင်းလေးတွေ ပြန်လည်စုစည်းဖေါ်ထုတ်ပေးတာ ကျေးဇူးတင်ပါတယ် အမသက်ဇင်ရေ ။
    ချမ်းမြေ့ ပါစေ ။
    လေးစားစွာဖြင့် ..
    ကိကီ ။
    လာဖတ်တယ်ခင်ဗျာ
    On 1:56 AM PDT Ko said...
    ဘာသာရေးကြည်ညိုမှုနဲ့ ကြောက်လို့ ပူဇော်ပသတာက တခြားစီ။ ဟိုးခေတ်တွေက မုန်တိုင်းတိုက်ရင် ယဇ်ပူဇော်ချင် ပူဇော်မယ်။ ခုလိုခေတ်ကတော့ ယဇ်ပူဇော်တာထက် လူသားချင်းစာနာမှုကို သူသူကိုယ်ကိုယ် မျှော်လင့်အားကိုးမိမှာပဲ။
    အဲ..လူသားချင်းစာနာမှုကို မရရှိရင်တော့ ယဇ်ပြန်ပူဇော်ကြမှာ မဆန်းဘူး။ အင်တာနတ် ထက် အိမ်တွင်းနတ်က ပိုအရေးကြီးတယ်။ အသိတရားထက် ငပိဆားက ပိုအရေးကြီးတယ်။
    ဘွဲ့ လေးငါးခြောက်ဘွဲ့ရပြီး လူ လေးငါးခြောက်သန်း ကသိတဲ့ နာမည်တစ်လုံးသမား ကြီးတွေတောင် အူလည်လည်ဖြစ်နေတာ ဗိုက်ထဲရံွှ့ဝင်ပြီး ကိုယ့်နာမည်ကိုယ်မေ့နေတဲ့ အညတြတွေ ဒီလိုဖြစ်တာ ဘာမှမဆန်း။ လမ်းတောင် အနိုင်နိုင်လျှောက်နေရတဲ့ လူတွေ မျှော်တာလင့်တာ ဘာမှမဆန်း။ ဘုန်းတန်ခိုးကြီးမားတဲ့ ဇော်ဂျီတွေ မျှော်တာလင့်တာ ကတော့ ဆန်းသလိုရှိလာတယ်။
    ဘယ်သူကဘယ်သူ့ကို ကယ်ပြီး ဘယ်သူက ဘယ်သူ့ကို ကြည်ညိုရမတုန်း လို့မေးရင် စာနာနာဖတ်နော် ကောင်လေး လေ့လာအားလိုတယ် ရယ် လို့ ငါးခူနှုတ်ခမ်းမွှေးတွေ သပ်ပြီး ကရုဏာပြုံးနဲ့ ဆိုချင်ဆိုကြမယ်။ ဘီယာလေး စုပ်ပြီး ရေကူးကန်နံဘေးမှာ နေဆာလှုံလို့ ခါတော်မီ ကရုဏာကလောင်စွမ်းတွေ ခြယ်ချင်ခြယ်ကြမယ်။ ပိုက်ဆံကတော့ တစ်ပြားမှ မပွန်းစေရဘူး။
    ဒါဖြင့်ရင် ကျနော်တောသား ပညာလိုလားတဲ့လူ မေးတဲ့ မေးခွန်းဆယ်ခုလောက်ကို အရိုးခံသမား တစ်ဦး ဖြေ။ ကမ္ဘာကျော် ပညာရှိကြီးများ ဖတ်ဖို့ ကျနော်တို့ လူမျိုးကဗျာတွေကို ဘာသာပြန်ပေးနိုင်ကြရင် ကျနော်တို့ ဖတ်ဖို့ကဗျာတွေ ဘာကြောင့် ဘာသာပြန်မပေးသေးသလဲ။ ၀ါဒတစ်ရပ်ကို ကိုင်စွဲထားရင် အဲဒီဝါဒနဲ့ ပတ်သက်တဲ့ ကျမ်းဂန်တွေ ရှိရမယ်။ လူထုထဲေ၇ာက်အောင် မစွမ်းဆောင်နိုင်တာ အပထား။ ဖတ်ရင်ဖြစ်တဲ့ လူတွေတောင် ဘာကြောင့် မဖတ်ဖူးကြ။ ဖတ်ဖူးရင်လည်း ဘာကြောင့် ပေါ်ပြူလာဖြစ်အောင် မရေးကြသလဲ။ (လုပ်နိုင်တဲ့ လူဦးရေနဲ့ယှဉ်လိုက်ရင် မသိသူတွေကို ပညာပေးနိုင်မှု အလွန်နည်းနေပါတယ်။)
    ရှိတယ် ၀ယ်ဖတ်တဲ့။ ဒုက္ခော။
    အေးလေ ဘာဖြစ်သေးတုန်း။ မကောင်းတဲ့လူသွားရင် ကောင်းတဲ့လူ လာမယ် လို့ မုန်တိုင်းထဲပါသွားတဲ့ ဖအေက ပြောသွားဘူးသားပဲ။ ဒိုင်းဝန်ကို ကော်ထုတ်ဖို့လုပ်ရင်း သာအိုးကို ထမင်းသိုးဟင်းသိုးလို့ မှတ်လိုက်ပါရဲ့။
    ဘိုစာမတတ်၊ ထမင်းငတ်၊ ထိုင်ဖို့ခက် ထဖို့ခကှ်ဝမ်းတစက်စက်သွားနေရတဲ့ ကျနော်တို့ကတော့ မင်းသုဝဏ်လည်းမသိ၊ ဇော်ဂျီလည်း မသိ၊ တင်မိုးလည်း သိချင်မှသိမယ်။ ဒါပေမဲ့ ဟေ့ ဒီလူကြီးက လေးစားစရာကောင်းတယ် ကန်တော့ ကန်တော့ ဆိုရင်တော့ ဘာရယ်ညာရယ်မသိ ကုန်းဦးချလိုက်မယ်။
    ခုတော့ ကန်တော့ခံရမဲ့ ပုဂ္ဂိုလ်တွေက ပေါ်လာတော်မမူသေးတော့ ကျနော်တို့ သူငယ်ချင်းယောက်ဖတစ်တွေ ဖားရိုက်ထွက်ရင်း
    ဘင်္ဂလားပင်လယ်အော်မှာ လည်မျိုကွဲအောင် အော်ပြီး ဒိုက်ပင်တွေကို လက်သီးစာကျွေးတယ်။ အချင်းချင်းလည်း ကျွေးတယ်။
    ကျနော်တို့ လက်ထဲမတော့ ဘာမှမရှိပါဘူး။ နှုတ်ကလည်း ပညာရှိစကားမထွက်တတ်ပါဘူး။ ဒါပေမဲ့ ဟိုတစ်ကောင်ပြောသလိုပေါ့ "တို့တောသား ရိုင်းသာရိုင်းတယ် မင်းတို့မြို့သားတွေလို မကောက်ကျစ်ဘူး"..တဲ့။
    အစ်မငယ်ရေ သည်းခံတတ်သူပီပီ သည်းခံပြီးသာ ဖတ်ပေရော့ ကျနော်တော့ ဒီစာကိုရေးရတာ တစ်ပုလင်း ကုန်သွားတယ်..။
    အစ်မရေ နှစ်သက်စွာ ဖတ်သွားပါတယ် ။ ကဗျာလေးများကလဲ အင်မတန် နှစ်လိုဖွယ်ကောင်းလှပါတယ် ။ ရိုးဂုဏ်နဲ့တင့်တယ်လှပါတယ် ။ ဗဟုသုတများဆက်ဝေမျှနိုင်ပါစေ ။
    အစ်မရေ
    အစ်မရဲ့စာပေဖြတ်သန်းမှုလေးတွေကို လေးစားဂုဏ်ယူစွာ ဖတ်သွားပါတယ်..။
    On 5:47 AM PDT Dream said...
    တီတီဇင့်ကို တကယ်လေးစားတယ်ဗျာ..... တီတီဇင်က အရမ်းတော်တာပဲ... အခုလို မဖတ်ဖူးသေးတဲ့ ကဗျာလေးကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ တီတီရေ.....
    အာဝါးးးးးးးးးးးးးးး)
    စာတွေဖတ်ရတဲ့အတွက် ကျေးဇူးပါ မ။
    အပြုံးပန်းလဲ စာတွေစရေးရင်းနဲ့မှ
    မြန်မာစာပေတွေကို ပြန်လည်လေ့လာချင်လို့
    စာတွေပြန်ဖတ်နေတယ်။
    မြန်မာစာပေတွေနဲ့အတူ သမိုင်းကြောင်းတွေက သိပ်စိတ်ဝင်စားစရာ ကောင်းလို့ စာဖတ်ရတာ နှစ်ခြိုက်နေမိတယ်။
    မရဲ့စာတွေက ကူညီဖြည့်ပေးစေတယ်။
    အစ်မရေ
    အားပေးနေပါတယ်ခင်ဗျာ...
    ဆရာကြီးမင်းသုဝဏ်ရဲ့ နှင်းဆီပွင့် ကဗျာကတော့
    ကျွန်တော် အကြိုက်ဆုံးတွေထဲကတစ်ပုဒ်ပါပဲ။
    On 8:28 AM PDT Taungoo said...
    ဆရာကြီးဇော်ဂျီ က မမကြီး (အင်းလျားက ခြင်းကြား)ကို ရေးပေးတယ်ဆိုတဲ့ ကဗျာလေးကိုတော့ ဖတ်ဖူးပါတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် အဘွားလူထုဒေါ်အမာ မွေးနေ့အမှတ်တရ ထုတ်တဲ့ စာအုပ်မှာ ဖတ်ဖူးခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီစာအုပ်ထဲမှာ ရေးထားပုံအရဆိုရင် တက္ကသိုလ်တက်စဉ်က အဖွားမာအတွက် အမှတ်တရ ရေးပေးခဲ့တဲ့ ကဗျာလေးကို ပြန်လည် ထည့်သွင်းဖော်ပြထားတာလို့ ရေးထားပါတယ်။ မမကြီး (အင်းလျားက ခြင်းကြား) ဟာ အဖွားမာရဲ့ ကလောင်ခွဲ တစ်ခုများ ဖြစ်လေမလားပဲ။
    ကျွန်တော် အမှတ်မှားနေခဲ့ရင်တော့ ဝန္ဒာမိပါ အမ။
    မသက်ဇင်ရေ
    ကဗျာတွေနှစ်သက်လွန်းလို့ ကူသွားပါတယ်နော်။
    ဆေးလိပ်လည်းတိုပြီဆိုတဲ့ကဗျာလေးကောတင်ပေးပါလား။
    မြန်မာစာဆရာမတစ်ယောက်ပြောဖူးတာက ဆေးလိပ်လည်းတိုပြီ။ နေလည်းညိုပြီ ငါ့ကိုပြန်ပို့ ကြပါတော့ -- ဆိုလားပဲ။ သေချာမမှတ်မိတော့ဘူး။
    ခင်မင်လေးစားစွာဖြင့်
    မသက်ဇင်
    တစ်ချိန်က ချစ်ခဲ့တဲ့ကဗျာလေးတွေကို
    အမှတ်တရပြန်ဖတ်သွားတယ်။
    အစ်မသက်ဇင် ကျွန်တော်ကတော့ ဆေးလိပ်လဲ တို နေလည်းညိုပြီ ဆိုတဲ့ ကဗျာလေးကို တော်တော် ကြိုက်
    အစအဆုံး တော့ မသိဘူး
    ဘိုးဘိုးအောင် အကြောင်းလေး သိရင် တင်ပေးပါဦး။ သမိုင်းကြောင်းအရ တစ်ကယ် သေချာသိချင်လို့ပါ။
    အစ်မ.. စာလာဖတ်ပါတယ်...
    ကဗျာတွေ စပ်ထားတာ တော်တော်ကောင်းတယ်...
    အစ်မစာတွေလည်း စောင့်ဖတ်ပါတယ်.. အားပေးပါတယ်အစ်မ..
    အမတစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
    အမရေ ...အခုမှ လာဖတ်ဖြစ်တယ် ... ရှေးကဗျာလေးတွေကိုပါ ပြန်တင်ပေးထားတာ ကောင်းလိုက်တာဗျာ ... ကျေးဇူးပဲ
    မကြာခဏ လာလည်တဲ့အတွက် ဟန်းဂုရွာမှ ကျေးဇူးတင်ပါတယ်။
    On 12:19 AM PDT Upasaka said...
    ထပ်လာဖတ်တယ် တွေးစရာတွေထပ်ယူသွားတယ် နော
    ငြိမ်းချမ်းပါစေ
    နက်မကောင်းတာနဲ့ ပဲ အရောက်ကျဲသွားပါတယ် မသက်ဇင်... ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုး တို့ ကဗျာတွေကို တော်တော် ဖတ်ခဲ့ဖူးသလို တော်တော်လည်း နှစ်သက်ခဲ့ပါတယ်.. အခုလိုပြန်ဖော်ပြပေးတာ ကျေးဇူးပါ မသက်ဇင်.. ကျန်းမာရွှင်လန်းပါစေ..
    On 2:06 AM PDT saisai said...
    ကျေးဇူးပါပဲနော် အစ်မ အစ်မစာတွေလည်း လာဖတ် ဖြစ်ပါတယ်။ အစ်မ စာတွေက ဗဟုသုတ ရစရာ အများကြီးပါပဲ။ ခင်မင်လျက် စိုင်းစိုင်း
    အားတောင်နာတယ် သမီးဆီလာလည်တော့ အကျန်လေးပဲ စားသွားရတယ် အစ်မဆီလာလည်တော့ အသစ်လေးချက်ပေးသလို စားရလို့
    ခင်မင်စွာဖြင့်
    comment ရေးမယ်လို့စိတ်ကူးပြီး ရောက်ရောက်လာပေမဲ့
    ဘယ်လိုစရေးရမှန်းမသိလို့၊ ပြန်ပြန်ပိတ်လိုက်ရတာ အကြိမ်ပေါင်းများစွာပါ။ ထိုင်နေတာဘဲကောင်းပါတယ်နော်၊ မဟုတ်ဘူးလားအမ၊ တော်ကြာ ထသွားမှ အကျိုးမှန်း သိမှာ ဆိုးလို့၊
    အမရဲ့ ဗဟုသုတကြွယ်ဝမှု၊ အရေးအသားနဲ့ တွေးဆ မျှော်မြင်မှုတွေကို အားကျမိတာတော့ အမှန်ပါ။
    အော် ...
    ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့စကား
    အလကားမှ မဟုတ်တာနော် ...
    ကျွန်တော့ အဖေက ပြောဘူးတယ်
    စာမတတ်….. ဗဟုသုတ မကြွယ်ရင်
    လူပုံအလယ်…..အ အကြီးနဲ့ တူလိမ့်မယ်တဲ့
    အမရေးတဲ့စာတွေ ဖတ်ပြီး ကျွန်တော် အခု မအ တော့ဘူး အမရေ၊
    ဟီးဟီး မြှောက်တာ လွန်သွားလားမသိဘူးနော်၊ (စတာပါ။)
    ခင်မင်စွာဖြင့်
    အစ်မရေ...ရှေးကဗျာဟောင်းလေးတွေ ပြန်ဖတ်
    ခွင့်ရလို့ ကျေးဇူးတယ်ပါတယ်...။
    မင်္ဂလာပါ အမရေ ...
    စာတွေ လာဖတ်သွားပါတယ်။ ဗဟုသုတများစွာ ရရှိစေတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် ခင်ဗျာ။ ရွင်လန်းချမ်းမြေ့ပါစေ ..။
    ခင်မင်စွာဖြင့်
    မနောသား
    အစ်မရေ.. မတွေ့ဖြစ်တာတောင်ကြာပြီဗျာ...။
    ကျွန်တော်လာဖတ်ပါတယ်ဗျာ...။ဘာမှမရေးဖြစ်ခဲ့တာပဲ
    ရှိတာပါ...။ အခုတော့...
    (မြန်မာ့ယဉ်ကျေးမှုပုံပြင်များနှင့် စာဆိုရှင်များ)
    ခေါင်းစဉ်က တစ်မျိုးဖြစ်နေသလိုခံစားရတယ်ဗျာ..။
    ကျွန်တော်တော့ အဲဒီနှစ်ခုကို တကယ်မဆက်စပ်မိဘူး။
    (ဘိုးဘိုးအောင်မ ပါဟုဆိုတောင်းဆဲဖြစ်သည်) အဲဒီထိကတစ်ပိုင်းသတ်သတ်၊ အောက်က ကဗျာပိုင်းက သတ်သတ်... ဘယ်ကို ဦးတည်မှာလဲ
    ကျွန်တော်ဆက်ဖတ်မယ်ဗျို့..။ ဝေဖန်ရေးနဲ့လေကန်
    ရေးလည်းလုပ်ပေးမယ် ဘာမှမပူနဲ့အစ်မ..။ :P
    အထက်က ကိုအံ့မင်းညိုပြောသလို
    (မြန်မာ့ယဉ်ကျေးမှုပုံပြင်များနှင့် စာဆိုရှင်များ)
    ခေါင်းစဉ်က တစ်မျိုးဖြစ်နေသလိုခံစားရတယ်ဗျာ..။
    ဆိုလို့ သေချာ ထပ်ခါတလဲ ဖတ်ကြည့်မိပါတယ်။
    နောက်ဆုံးသုံးသပ်မိတာကတော့ မက်ဆေ့ခ်ျတခုခု
    ပေးချင်ပုံရတယ်လို့ တွက်မိတယ်။
    ဘိုးဘိုးအောင်မ ပါဟု ဆုတောင်းဆဲပင်ဖြစ်သည်။
    ဆိုတဲ့စာပုဒ်လေးကြောင့်ပါ။
    ဖလ်မီးအိမ်ကဗျာစာအုပ်မှာ ဆရာတင်မိုးရဲ့
    ဧည့်သည်ကြီး ဆိုတဲ့ ကဗျာကို ကျမတို့
    ရွတ်ဆိုမိတိုင်း အကျဉ်းထောင်နဲ့ ဆရာတင်မိုးကိုတွဲ
    မြင်မိတယ်။
    ''ဧည့်သည်ကြီး''
    ဆေးလိပ်လည်းတို
    နေလည်းညိုပြီ
    ငါ့ကို ပြန်ပို့ကြပါလေ။ ။
    ဒီကဗျာဖတ်မိတိုင်းကြေကွဲရတယ်။
    ဒါကြောင့် မသက်ဇင် ဒီပိုစ့်ရေးတာ မက်ဆေ့ခ်ျတခုခု
    ပေးလိုက်တာလို့ ကျမလုံးဝ သိမြင်မိပါတယ်။
    အစ်မ မသက်ဇင်
    ဆရာကြီးမင်းသုဝဏ်ရဲ့ ဝါဆိုဝါခေါင် ရေတွေကြီးလို့
    သပြေသီးမှည့် ကောက်စို့ကွယ်။
    ရယ့့် 
    ဆွမ်းအုပ်နီနီ အမေရွက်လို့
    နက်ဖြန်မနက် ကျောင်းတက်မယ်။
    အဲဒီကဗျာလေးတွေ နဲ့ ကျမတို့ မေမေက ချော့သိပ်ခဲ့တာ
    နောက်ပြီးဆရာဇော်ဂျီ ရဲ့ ဗေဒါလမ်းကဗျာ။
    ဆရာတင်မိုးရဲ့ ထီးကလေးနဲ့မနီ
    အဲဒီ ကလေးကဗျာတွေလည်း နိုင်ငံခြားသားတွေကို
    ဘာသာပြန်ပြီးသိစေချင်ပါတယ်။
    လေးစားချစ်ခင်စွာဖြင့်
    အစ်မ မသက်ဇင် ခင်များ
    မြန်မာ လူမျိုးများတွင် ယင်းပုံပြင်သည် ယနေ့တိုင် သစ်လွင် အားကောင်းဆဲ ဖြစ်သည်။ ပုဂံပြည်တွင် ထွက်ရပ်ပေါက် ရှင်မထီး ရွှေမိုး ငွေမိုး ရွာချသည်ကို စွဲလန်း ခဲ့ကြသည့် မြန်မာလူမျိုးများသည် ဘိုးဘိုးအောင် မ ပါဟု ဆုတောင်းဆဲပင်ဖြစ်သည်။
    ဆိုတဲ့စာပုဒ်နဲ့
    စာဆိုရှင်များရဲ့ ကဗျာတွေကို ဖေါ်ပြတာ
    ဆက်စပ်ပြီး အများကြီးတွေးသွားပါတယ်။
    ကျွန်တော်ဖတ်ဘူးသော ဆရာကြီးတင်မိုးရဲ့ လှေတစင်းနှင့်သီချင်းသည် ကဗျာစာအုပ်ထဲ က
    ဒီကနေ့ စစ်တပ်အကြီးအကဲတွေ ကိုးကွယ်တဲ့ ဘိုးတော်တွေကို ဆက်စပ်မိနေတယ်။
    ( သူတော်စင် )
    အဘ
    သက်ကြီးပူဇော်ပွဲက အပြန်
    ဖယောင်းတိုင် ငှက်ပျောခိုင်နဲ့
    သစ်သီးဝလံ။
    ကျွန်တော်သာ
    မုတ်ဆိတ်မွေး တတောင်ရှည်ပါက
    အဘထက်
    ကန်တော့ပွဲ ပိုမိုရမည်ပါ့။
    သို့သော်
    ကျွန်တော် မုတ်ဆိတ်မွေး
    မပေါက်သေးချိန်တွင်
    အဘလို မေမေကြီးကို
    လိမ်နိုင်ဦးမည် မထင်။
    တင်မိုး
    အမရေ..... ကဗျာတွေက ဟောင်းပေမယ့် ကောင်းနေဆဲပါ။
    ကျွန်တော့်အတွက်တော့ အရင်ကမဖတ်ဖူးသေးတဲ့ ကဗျာတွေမို့ အသစ်အတိုင်းပဲ......
    လက်ဆင့်ကမ်း ဝေမျှတဲ့ အမကို ကျေးဇူးတင်၏။
    မသက်ဇင်...ကျွန်တော်လာလည်သွားတယ်နော်... စာတွေရေးလိုက်တာနော်... တော်တယ်ဗျ... ကျန်းမာရေးလည်း ဂရုစိုက်အုံးနော်...။ နောက်မှထပ်လာလည် အုံးမယ်...။
    On 7:54 AM PDT maynge said...
    အစ်မရေ
    မင်္ဂလာပါ
    ဖတ်ဖြစ်တာကြာပြီ
    ခုမှပဲနှုတ်ဆက်ဖြစ်တာ
    ခင်မင်စွာဖြင့်
    ကွန်မန့် မရေးပေမယ့် လာလည်လေ့ရှိပါတယ်။
    ဆက်ပြီး ရေးနိုင်၊ အလုပ် လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
    ခင်မင်လျှက်
    အမရေ အမြဲစာလာဖတ်တာကျေးဇူးတင်ပါတယ်ရှင်
    ဆရာဇော်ဂျီ ဆရာမင်းသုဝဏ် ဆရာတင်မိုးတို့ ကဗျာလေးတွေကို ခံစားသွားပါတယ် အမ။
    အမ.. ပျော်ရွှင် ကြည်နူးနိုင်ပါစေ။
    ရောက်တယ်မမရေ လေ့လာသွားပါတယ်
    ကောင်းသောနေ့လေးဟာမမအတွက်ဖြစ်ပါစေနော်
    :)
    On 8:14 AM PDT mgngal said...
    ဆရာ တင်မိုး ကဗျာလေး မှတ်မှတ်ရရ ရှိနေဆဲပဲ။ ကဗျာတွေ ပြန်စုစည်း တင်ပြပေးတဲ့ အတွက် ကျေးဇူး အစ်မ ။
    On 8:45 PM PDT Shwe said...
    ရောက်တယ်ဗျား
    အမ
    ကျနော် ထပ်ရောက်ပါတယ်။ နှစ်သက်ဖွယ်နေ့ရက်များဖြစ်ပါစေ။
    မကြီးရေ အလည်ရောက်ပါတယ်။ ပိုစ့်အသစ်တွေ့ဘူးကော နေကောင်းရဲ့လား
    အစစအရာရာ အဆင်ပြေပါစေ မကြီးရေ
    လေးစားလျက်
    တောင်ပေါ်သား
    hi
    ma gyi.. How r u? i now come and visit ur priceless blog. As i visited Buddhagayar, i was absent to read ur wonderful works, now back to bkk and i'll read regulary, and if possible pls add my email so that i can learn more from u .... anaggha@gmail.com
    All the best.
    On 12:42 PM PDT Nan said...
    ကဗျာဆရာကြီးများရဲ့ကဗျာတွေ
    လွမ်းမောတမ်းတဖွယ်
    လေ့လာဖတ်ရှုသွားပါတယ်
    စာတွေလာဖတ်ပါတယ် အမရေ ရိုးရာအစဉ်အလာ ဓလေ့
    ထုံးစံတွေကို မတိမ်ကောစေချင်သလို မြန်မာအမျိုးသမီးထု
    နတ် ဗေဒင် အပေါ်လွန်ကဲစွာ ကိုးကွယ် ယုံကြည့်မှု့ကိုတော့
    ပပျောက်စေချင်တယ်ဗျာ ..
    အမပျောက်လှချည်လား နေမကောင်းဘူးလား အလုပ်များနေတာလား သတိရစွာနဲ့သတိတရလာသွားပါတယ် မသက်ဇင်ရေ
    ခင်မင်စွာဖြင့်
    နှင်းဆီနက်
    မသက်ဇင်ရေ
    စာကြွေးတွေ လာဖတ်သွားတယ်။ မှတ်ချက်တော့ နောက်မှ ပြန်လာပေးတော့မယ်။
    အမရေ ပထမဆုံးအနေနဲ့ အလည်ရောက်ပြီး
    စာလာဖတ်ဖြစ်ပါတယ်
    အမရဲ့ စာတွေက
    ဗဟုသုတ တွေ အများကြီး
    ရရှိစေပါတယ်
    လင့်ခ်လေးပါ ယူသွားခွင့်ပြုပါနော်
    ခင်မင်လေးစားစွာဖြင့်
    ပြန်လာလည်တဲ့  ကျေးဇူးအများကြီးတင်ပါတယ်
    မသက်ဇင်ရေ
    ခင်မင်လေးစားစွာဖြင့်
    ရောက်ပါတယ်.. နေကောင်းလား အမရေ.. စာရေးဖို့ အချိန် အရန်းနည်းတယ်ထင်တယ်.. ဟုတ်လား..
    စာလာဖတ်သွားပါတယ်အမ...ရေ :D
    လာဖတ်သွားပါတယ်
    ကိုပြေအေး
    On 1:15 AM PDT daydream said...
    မမရေ.. နေ့အိပ်မက်ခုမှ ပြန်ပေါ်လာလို့ လွတ်သွားတဲ့စာတွေ ပြန်ဖတ်နေရတယ်... နေ့အိပ်မက် ပြန်လာပြီနော်.. :)
    အမ ထပ်ရောက်ပါတယ်။
    အဆင်ပြေတယ်မဟုတ်လား။
    ပျော်ရွှင်ပါစေ အမ။
    ခင်တဲ့
    ကိုကိုမောင်
    အမရေ...
    ကျနော် tag ထားတယ်နော်...
    ရေးပေးမယ်ဟုတ်...
    မောင်လေး...:D
    အမလဲ မအားဘူးထင်ပါ့.... စာရေးတာ တော်တော် ကျဲသွားပြီ။ သတိရလို့ သတိတရ ဝင်လာတာအမ......
    ကျန်းမာပါစေ။ ချမ်းသာပါစေ..... ပျော်ရွှင်ပါစေ....
    အမရေ အသစ် လေးတွေ စောင့်မျှော်နေကြောင်းပါ။
    အလုပ်များနေတယ်ထင်တယ်
    အိမ်ကိုလည်း တကူးတက လာမန့် ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျား
    ခင်မင်လေးစားလျက်
    မျှဝေလိုသော စေတနာကို အထးလေးစားပါကြောင်း ...
    On 7:21 AM PDT Republic said...
    စာ လာဖတ်နေတာ မသက်ဇင် ၊၊ အားရစရာပါ ၊၊ ပို့စ် ရော ကော်မန့်ပါ တစ်ဝကြီး လာဖတ်သွားပါတယ် ၊၊
    အမရေ.... ကဗျာတွေ တ၀ကြီးလာဖတ်တယ်ဗျာ... ကျနော်အရမ်းနှစ်သက်တဲ့ကဗျာလေးတွေပါပဲ...
    ဖိုးမောင်
    မင်္ဂလာပါ ၊၊
    ပထမဆုံး အကြိမ်ရောက်ဖြစ်တာပါ ၊၊
    ကဗျာလေးတွေ ဖတ်သွားပါတယ်ဗျာ ၊၊
    ဆေးလိပ်လည်းတို နေလည်းညိုကို ပြန်ရှာဖတ်အုံးမယ်
    ကြာခဲ့ပြီ ဖတ်ခဲ့တာ
    ကျေးဇူးတင်ပါတယ်
    မင်းအိမ်ဖြူ
    ဂန္ဓ၀င်ကဗျာဆရာကြီးတွေရဲ့ ကဗျာတွေကို စုစည်းဖော်ပြထားတာလေးတွေရယ်.. မသက်ဇင်ရဲ့ ကိုယ့်အနုပညာကို တိုင်းတပါးသူတို့ရင်ထဲကို ဖော်ထုတ် ပြသခွင့်ရတာလည်း တကယ်ဂုဏ်ယူစရာပါ..အားရ ကျေနပ် ပီတီဖြစ်ရပါတယ်ဗျာ... လေးစားလျှက်ပါ
    အရမ်းကျေးဇူးတင်ပါတယ်..အမ ရေ.....
    ''ဧည့်သည်ကြီး''
    ဆေးလိပ်လည်းတို
    နေလည်းညိုပြီ
    ငါ့ကို ပြန်ပို့ကြပါလေ။ ။
    ဆရာ ကြီး တင်မိုး ရဲ့  ဒီကဗျာလေးကို ကြားရတိုင်း.... ကြက်သည်းတွေ ထထ လာတယ်ဗျာ....
    မ့ 
    ပျောက်နေတယ်နော်
    နှင်းဆီနီဇာတ်လမ်းကိုမျှော်နေတယ်
Blogger Templates by Blog Forum
Clicky Web Analytics