ဆာရီယာယ်လစ်ဇင်ကြေညာစာတမ်း
Monday, May 25, 2009 by မသက်ဇင်
ကျမ
အိပ်မက်တွေ ခဏခဏ မက်နေတယ်
ဘဝအိပ်မက်ပဲလို့ယုံကြည်နေပြီး
မျှော်လင့်ချက်အပြည့်နဲ့
နွေအိပ်မက်ထဲ ဇွတ်တိုးဝင်တယ်
ကျမရဲ့ ကျေနပ်စရာကောင်းတဲ့
အိပ်မက်တခုရဲ့ သီဝရီကို
သူတို့ချ ဆွေးနွေးတော့
ဟင့်အင်း
ဟင်းလင်းပြင်ပါ
ဟင့်အင်း
အမဲရောင်ပါ
ဟင့်အင်း
နံရံပါ
ဟင့်အင်း
မီးခိုးတွေပါ
ငြင်းချက်ထုတ်ရင့်း့ 
ကျမ
ဆာရီယာယ်လစ်ဇင်ကြေညာစာတမ်းကို ဖြန့်ဝေလိုက်တယ်။
နေဝင်ချိန်တခုမှာ
လယ်သမားတယောက်ဟာ
ကောက်ပင်တွေပွေ့လို့
လမ်းကျဉ်းလေးတခုကနေ
ဟို့း့ အဝေးက
ငြိမ်းချမ်းတဲ့ သူ့အိမ်လေးဆီ
ပြန်သွားတယ်
ကျမလည်း ပြန်ချင်ပါရဲ့
ကောက်ပင်တွေ ရိတ်သိမ်းလို့ မပြီးသေးဘူးလေ့ 
ကျမပြန်လာတဲ့အခါ
ကျမရဲ့နံရိုးနှစ်ချောင်းကိုဆက်ပြီး
အိမ်လေးတစ်လုံးဆောက်မယ်
ကျမ ရင်းနှီးပြုစုခဲ့တဲ့
ဘဝ အစိပ်အပိုင်းတခုကို
လမ်းအဖြစ်ခင်းလိုက်ပါ့မယ်
ဆာလောင်မွတ်သိပ်တဲ့အခါ
ဝမ်းတွင်းလေပြွန်ပိုက်တွေ ဖြတ်တောက်ပြီး
အစာအိမ်က ရင်ခုန်သံဆီ ဆက်သွယ်ပေးပါ့မယ်
နေဝင်ချိန်တွေ မှာ
နှင်းဆီပျိုးခင်းထဲလျှောက်ရင်း
စိတ်ကူးယဉ် ရိုမန်တစ်ဆိုတာ
ဆက်လက်တည်ရှိတော့မှာမဟုတ်ပါဘူး။
မသက်ဇင်
အိပ်မက်တွေ ခဏခဏ မက်နေတယ်
ဘဝအိပ်မက်ပဲလို့ယုံကြည်နေပြီး
မျှော်လင့်ချက်အပြည့်နဲ့
နွေအိပ်မက်ထဲ ဇွတ်တိုးဝင်တယ်
ကျမရဲ့ ကျေနပ်စရာကောင်းတဲ့
အိပ်မက်တခုရဲ့ သီဝရီကို
သူတို့ချ ဆွေးနွေးတော့
ဟင့်အင်း
ဟင်းလင်းပြင်ပါ
ဟင့်အင်း
အမဲရောင်ပါ
ဟင့်အင်း
နံရံပါ
ဟင့်အင်း
မီးခိုးတွေပါ
ငြင်းချက်ထုတ်ရင့်း့ 
ကျမ
ဆာရီယာယ်လစ်ဇင်ကြေညာစာတမ်းကို ဖြန့်ဝေလိုက်တယ်။
နေဝင်ချိန်တခုမှာ
လယ်သမားတယောက်ဟာ
ကောက်ပင်တွေပွေ့လို့
လမ်းကျဉ်းလေးတခုကနေ
ဟို့း့ အဝေးက
ငြိမ်းချမ်းတဲ့ သူ့အိမ်လေးဆီ
ပြန်သွားတယ်
ကျမလည်း ပြန်ချင်ပါရဲ့
ကောက်ပင်တွေ ရိတ်သိမ်းလို့ မပြီးသေးဘူးလေ့ 
ကျမပြန်လာတဲ့အခါ
ကျမရဲ့နံရိုးနှစ်ချောင်းကိုဆက်ပြီး
အိမ်လေးတစ်လုံးဆောက်မယ်
ကျမ ရင်းနှီးပြုစုခဲ့တဲ့
ဘဝ အစိပ်အပိုင်းတခုကို
လမ်းအဖြစ်ခင်းလိုက်ပါ့မယ်
ဆာလောင်မွတ်သိပ်တဲ့အခါ
ဝမ်းတွင်းလေပြွန်ပိုက်တွေ ဖြတ်တောက်ပြီး
အစာအိမ်က ရင်ခုန်သံဆီ ဆက်သွယ်ပေးပါ့မယ်
နေဝင်ချိန်တွေ မှာ
နှင်းဆီပျိုးခင်းထဲလျှောက်ရင်း
စိတ်ကူးယဉ် ရိုမန်တစ်ဆိုတာ
ဆက်လက်တည်ရှိတော့မှာမဟုတ်ပါဘူး။
မသက်ဇင်


အမြန်ဆုံးနည်းနဲ့
အိမ်ပြန်နိုင်တဲ့ ဖိနပ်လေးတစ်ရံ
ဝယ်နိုင်ပါစေ...
အစ်မရေ....
အမရေ ကျနော် ကောက်ပင်လေးတွေ လာကူရိတ်သိမ်းပေးမယ်..... အိမ်မြန်မြန် ပြန်နိုင်အောင်လို့
This post has been removed by the author.
နေ၀င်ချိန် နှင်းဆီပျိုးခင်ထဲမှာတော့ လျှောက် ကိုလျှေက်ရ မှာပါ..ဒါပေမဲ့ ပစ္စုပန်ကို ပဲသိသိနေတဲ့ ခြေ လှမ်းတွေနဲ့ လေ။
ကျွန်တော့်အစ်မက တစ်ကယ်စိတ်ကူးကောင်းတာပဲနော်
နေဝင်ချိန်တွေ မှာ
နှင်းဆီပျိုးခင်းထဲလျှောက်ရင်း
စိတ်ကူးယဉ် ရိုမန်တစ်ဆိုတာ
ဆက်လက်တည်ရှိတော့မှာမဟုတ်ပါဘူး။ဆိုတာလေးက ကောင်းတယ်အစ်မရေ အဆင်ပြေပျော်ရွှင်နိုင်ပါစေ အစ်မရေ။
နေ၀င်ချိန်တွေကို အကောင်းဆုံးဖြတ်သန်း ရင်ဆိုင်နိုင်ပါစေ နော်
အိမ်အမြန်ဆုံး ပြန်လို့ရအောင် ဘယ်လိုလုပ်မလဲ မကြီးသက်ဇင်
အကောင်းဆုံး ဖြတ်သန်းကြမယ်
ကဗျာလေးကိုသဘောကျတယ်
မကြီးသက်ဇင်တစ်ယောက်လဲပျောက်နေတယ်နော်
နေကောင်းကျမ်းမာလို့ ပျော်ရွှင်ပါစေဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
အစ်မတစ်ယောက် အိမ် အစစ်ကို တည်ဆောက်နိုင်ပါစေ ။
အမ မသက်ဇင်
ကောက်ပင်တွေရိတ်သိမ်းပြီးရင်ပြောနော်...
ရိုမန်တစ် မရှိတော့ပေမဲ့
သိပ်လှတဲ့ နှင်းဆီပွင့်လေးကတော့
လောကကို မေတ္တာပို့ဆဲပါ
ကြားလိုက်မိလား....
နေဝင်ချိန်တွေ မှာ
နှင်းဆီပျိုးခင်းထဲလျှောက်ရင်း
စိတ်ကူးယဉ် ရိုမန်တစ်ဆိုတာ
ဆက်လက်တည်ရှိတော့မှာမဟုတ်ပါဘူး။<-- ကောင်းလိုက်တာ...
အမရေ.. ကဗျာလေး ဖတ်သွားပါတယ်...
အမတစ်ယောက် ရည်းမှန်းထားတဲ့ အတိုင်းပြည့်ဝပါစေ...
စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...
ဖတ်ပြီး စဉ်းစားနေပါတယ်။
အမရဲ့  ကဗျာလေး အရမ်းကောင်းတယ်။ ကျနော်ကြိုက်တယ်။ အဓိပ္ပါယ်အရမ်းပြည့်ဝတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ အမက မရေးလိုက်နဲ့ ရေးလိုက်ရင် ရှယ်တွေချည်းဘဲ။
အကြာကြီးနားမနေနဲ့နော်။ ဆက်ရေးဦး။ ကျနော် စောင့်ဖတ်နေမယ်။
ပျော်ရွှင်ပါစေ အမ။
ဆာရီယာယ်လစ်ဇမ်ကြေညာစာတမ်းကို ထုတ်ပြန်တယ်ဆိုတာဟာ ဆာရီယာယ်လစ်ဇမ် ကြေညာစာတမ်းကို ယုံကြည်စွာရွေးချယ်လိုက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့နော်။ အများကြီးအားရပါတယ်။ ဂုဏ်ယူမိပါတယ်။ အခက်အခဲကို ကိုယ်ချင်းစာမိတယ်။
"ကျမရဲ့ ကျေနပ်စရာကောင်းတဲ့
အိပ်မက်တခုရဲ့ သီဝရီကို
သူတို့ချဆွေးနွေးတော့ 
ဟင့်အင်း
ဟင်းလင်းပြင်ပါ
ဟင့်အင်း
အမဲရောင်ပါ
ဟင့်အင်း
နံရံပါ
ဟင့်အင်း
မီးခိုးတွေပါ"
တဲ့လား..
ကျနော်ကတော့ အစ်မငယ်ရဲ့သီဝရီဟာ
တကယ့် သုသြတသဘောတွေပါ
တကယ့် နက်ရှိုင်းခြင်းသဘောတွေပါ
တကယ့် ခိုင်မြဲခြင်းသဘောတွေပါ
တကယ့် ပျံ့နှံခြင်းသဘောတွေပါလို့
ကူညီငြင်းဆန်ပေးလိုတယ်။
"ဝမ်းတွင်းလေပြွန်ပိုက်တွေ ဖြတ်တောက်ပြီး
အစာအိမ်က ရင်ခုန်သံဆီ ဆက်သွယ်ပေးပါ့မယ်"
ဆိုတာမျိုး တကယ်တမ်း သူတို့ လုပ်ပေးနိုင်မလား။
"နေဝင်ချိန်တွေ မှာ
နှင်းဆီပျိုးခင်းထဲလျှောက်ရင်း
စိတ်ကူးယဉ် ရိုမန်တစ်ဆိုတာ
ဆက်လက်တည်ရှိတော့မှာမဟုတ်ပါဘူး။"
ဒါလေးကိုတွေ့တော့ ရှယ်လီရဲ့ ကမ္ဘာကျော်စာသားကို သတိရတယ်။
"The desire of the moth for the star,
of the night for the morrow"
"ကြယ်ကိုပိုင်ဆိုင်လိုတဲ့ ပိုးစုန်းကြူးရဲ့ဆန္ဒ
နံနက်ကိုလိုချင်တဲ့ညရဲ့ဆန္ဒ"
အိပ်မက်ကို ပယ်အပ်တယ်လို့ မယူဆသေးရင်
မမက်ကောင်းတဲ့ အိပ်မက်ရယ်လို့ ရှိပါသေးသလား။ စိတ်ကူးကို မယဉ်အပ်တဲ့အရာလို့ မယူဆသေးရင် မယဉ်သင့်တဲ့စိတ်ကူးရယ်လို့ ရှိပါသေးသလား။
အေးလေ.. ဘာပဲဖြစ်ဖြစ်..မိသားစုပျောက်နေတဲ့ ရွက်ကျပင်ပေါက်လေးတွေဟာ နှင်းဆီနီရဲ့ရယ်သံကို မျှော်လင့်နေပါတယ်။
ကြေညာစာတမ်းသာ အထည်ဒြပ်ဖြစ်လာရင် အစ်မငယ်အတွက် ပိယေဟိပိပ္ပယောဂေါ ဒုက္ခောဆိုတာ ဘယ်တော့မှ ရှိမှာမဟုတ်သလို အပိယေဟိသမ္ပယောဂေါဒုက္ခောလည်း ရှိတော့မှာ မဟုတ်ပါ။
လောကမှာ ငိုတဲ့လူများတယ်။ ရယ်တဲ့လူက နည်းတယ်။ အရင်းစစ်ကြည့်တော့ ရယ်ဖို့သာ မကြိုးစားခဲ့ကြရင် လူတိုင်းဟာ တနည်းမဟုတ် တနည်းနဲ့ ငိုနေကြရမှာဖြစ်တော့တယ်။
စိတ်နာအောင်သာ တွေးကြစတမ်းဆိုရင်လည်း ငယ်တုန်းကခလုတ်တိုက်ခဲ့တာလေးတွေဟာ အသည်းခိုက်အောင် နာစေနိုင်တဲ့ဇာတ်လမ်းတွေပါပဲ။
ကဗျာလေးကိုဖတ်ပြီး ကျနော့်နံရိုးတွေ ခိုင်မခိုင်ပြန်စမ်းကြည့်မိတယ်။ ဗိုက်ဆာနေတဲ့ နံရိုးတွေဟာ အထဲကိုချိုင့်ဝင်သွားတယ်။ ဒါပေမဲ့ ကျိုးမသွားဘဲ ပြန်ကန်တက်လာတယ်။
သြော်...ဥပေက္ခာနဲ့ယှဉ်တဲ့ ကရုဏာကိုသာ ထားနိုင်ခဲ့ကြရင်..
အားလုံးကတော့ အိမ်ပြန်ချင်တာပါပဲ အစ်မရယ်..။
အိမ်ကိုလွမ်းတဲ့အလွမ်းနဲ့
အိပ်မက်တွေလည်း ကြမ်းရှနေရတာပေါ့...။
အိမ်ကလေး ကျန်းမာအေးချမ်းပါစေလို့သာ...။
မရေ ..
မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ် ..း) .. အမပေးတဲ့ ဆုတွေနဲ့ ပြည့်စုံပါရစေ ..
ကဗျာလေးလည်း အရမ်းကြိုက်ပါတယ် ..
ညီမလည်း အိမ်ပြန်ချင်တယ် ..
လယ်သမားကြီးကတော့ ငြိမ်းချမ်းနေမယ်နော် .. ကိုယ့်မိသားစု ကိုယ့်ဝန်းကျင်မှာ ကိုယ့်ဘာသာစကားကိုပဲပြော ..
ညီမတို့မှာတော့ မိသားစုနဲ့ဝေး ကိုယ့်နဲ့ အစပ်မတည့်တဲ့ ပတ်ဝန်းကျင်နဲ့ နားမလည်တာတွေ နေ့စဉ်နားထောင်နေရတယ် .. ငြိမ်းချမ်းချင်တယ် အမရယ် ..
တီတီဇင်ရေ... ကောက်ပင်တွေကို မြန်မြန်ရိပ်သိမ်းကြမယ်...ဒါမှ အိမ်ကို မြန်မြန်ပြန်လို့ရမှာ... ပြီးရင် နှင်းဆီစိုက်ခင်းထဲမှာ တီတီ့ကိုစောင့်နေမယ်..... ပျားရည်ပုလင်းနဲ့ အရိမဒ္ဒနကိုခေါ်ခဲ့နော်.... စောင့်နေမယ်..း)
ကဗျာလေးက တော်တော်ကောင်းတယ်နော်...တီတီ... တီတီဇင်လည်း အိမ်မြန်မြန်ပြန်နိုင်ပါစေ...တနေ့ကျရင် ပုဂံမြေမှာ ပြန်ဆုံကြတာပေါ့နော်... တီတီဇင်... :)
တီတီ့ကိုလွမ်းလို့...နေရောကောင်းရဲ့လား...တီတီရ
ကြေညာစာတမ်းတွေနဲ့
အခါခါ ဆန်းစစ်နေတဲ့ င့ါရဲ့စိတ်တွေ ..
ဘ၀ကို ထုဆစ်
အလွတ်ရနေတဲ့ င့ါဘ၀အချိုးကွေ့ကြား
ရွက်ဖျင်တစ်ခုက လေထုအားဟာ
အစိတ်အပိုင်း တစ်ခု ဖြစ်တည်ခြင်းနဲ့
ငါဟာ အိမ်အပြန်လမ်းတိုင်းမှာ
ကြေညာစာတမ်းတွေ ထုတ်ကပ်ရင်း
အိပ်မက်ပမာပြုလို့ စိတ်ပုံဆောင်ခဲတွေက
အစီအရီနှင့်ပေါ့ ...။
''ကျမပြန်လာတဲ့အခါ
ကျမရဲ့နံရိုးနှစ်ချောင်းကိုဆက်ပြီး
အိမ်လေးတလုံးဆောက်မယ်
ကျမ ရင်းနှီးပြုစုခဲ့တဲ့
ဘဝ အစိပ်အပိုင်းတခုကို
လမ်းအဖြစ်ခင်းလိုက်ပါ့မယ်''
အဲ့နေရာလေးကိုပိုကြိုက်တယ်မဇင်ရေ ရှင်းရှင်းလေးနဲ့ အဓိပါယ်တွေအများကြီးနဲ့ပြီးပြည့်စုံနေသလိုပါပဲ ငြိမ်းချမ်းစွာဖတ်ရှုသွားပါတယ်မဇင်
ခင်တဲ့
နှင်းဆီနက်
ဘယ်နေရာကို ကောင်းတယ်ပြောရမှန်းတောင် မသိတော့ဘူး မမ ....... အားလုံးက အဓိပါယ် အပြည့်နဲ့
ဖတ်လို့ မဝလို့ နှစ်ခေါက်တိတိ လာဖတ်သွားပါတယ် မသက်ဇင်ရယ်
မကြီး
မင်္ဂလာပါ...ခင်ဗျာ
လူသစ်ကလေး သမိုင်းကြောင်းစိတ်ဝင်စားသူကျွှန်တော်အတွက်တော့ မကြီးအိမ်က ဖတ်စရာတွေ တပုံတပင်ပါပဲ။အရင်ကဆို ဟိုရှာဒီရှုာနဲ့ပေါ့။တွေ့လိုက်ရင်လည်း အင်္ဂလိပ်လိုတွေချည်း။အခုတော့ သောက်လို့မကုန်နိုင်တဲ့ ရေအိုးကြီးလိုပါပဲ။ရေဆာတိုင်း လာသောက် လာသောက်နေပါတယ်။မကြီး ကျမ်းမာပါစေ.....
သြော်....ဒါနဲ့ ...အမေစု အတွက် ရည်ရွယ်ပြီး တင်ထားတာလေးကို လာအားပေးတဲ့အတွက်
ကျေးဇူးပါ မကြီးရေ......
လေးစားလျက်
အမရေ လာဖတ်ပါတယ်၊
အသစ်မရှိတော့ စီဘောက်စ်မှာ ရေးသွားရတာ အားနာလိုက်တာ၊
ကျွန်တော်တော့ အခြေခံနည်းတော့ ဖြေးဖြေးဘဲ ဖတ်မယ်နော်၊
ခင်မင်လေးစားစွာဖြင့်
ကျန်ရစ်လေသော သောကပြင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဟိုတစ်ဖက်ကမ်းဆီမှာ
ရန်သူမျိုးငါးပါးနဲ့ဆိုင်တဲ့ ပစ္စည်းဥစ္စာ
ဒီတစ်ဖက်ကမ်းဆီမှာ
အနာရောဂါကပိုင်တဲ့ အသက်ခန္ခာ
မြင်တတ်ရင်
ရှင်သန်စီးဆင်းမှုတိုင်းမှာ
ကမ်းပါးနှစ်ဖက်နဲ့ ဘောင်ခတ်ခဲ့ပြီးသား။
လူသားမြစ်တစ်စင်းရဲ့ စီးဆင်းခြင်းမှာ
ဖခင်အမည်မဖေါ်ဝံ့တဲ့ ကိုယ်ဝန်လို
ကွေ့ကောက်ခဲ့ကြခြင်းတွေ
ဒါဟာ...
တိုက်စား ဖျက်ချန်ထားရမယ့် မြစ်ကျိုးအင်း
"နေရစ်ခဲ့တော့ သောကပြင်"
အရိုးဖြောင့်ဆုံး ဆင်းရဲတတ်တဲ့ ဘ၀တစ်ခုလောက်
ဘယ်ကောင်းကင်မှ သောက ကင်းကင်း ကြယ်မစုံဘူး။
ကဗျာလေးအရမ်းကြွေသွားတယ်....
ရည်ရွယ်ချက် ခံစားချက်တူတဲ့ ကျတော့ကဗျာလေး လက်ဆောင်ပေးခဲ့ပါတယ်...
ခံယူချက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူနိုင်ပါ့မလဲ နော်..
ကျန်ရစ်လေသော သောကပြင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဟိုတစ်ဖက်ကမ်းဆီမှာ
ရန်သူမျိုးငါးပါးနဲ့ဆိုင်တဲ့ ပစ္စည်းဥစ္စာ
ဒီတစ်ဖက်ကမ်းဆီမှာ
အနာရောဂါကပိုင်တဲ့ အသက်ခန္ခာ
မြင်တတ်ရင်
ရှင်သန်စီးဆင်းမှုတိုင်းမှာ
ကမ်းပါးနှစ်ဖက်နဲ့ ဘောင်ခတ်ခဲ့ပြီးသား။
လူသားမြစ်တစ်စင်းရဲ့ စီးဆင်းခြင်းမှာ
ဖခင်အမည်မဖေါ်ဝံ့တဲ့ ကိုယ်ဝန်လို
ကွေ့ကောက်ခဲ့ကြခြင်းတွေ
ဒါဟာ...
တိုက်စား ဖျက်ချန်ထားရမယ့် မြစ်ကျိုးအင်း
"နေရစ်ခဲ့တော့ သောကပြင်"
အရိုးဖြောင့်ဆုံး ဆင်းရဲတတ်တဲ့ ဘ၀တစ်ခုလောက်
ဘယ်ကောင်းကင်မှ သောက ကင်းကင်း ကြယ်မစုံဘူး။
ကဗျာလေးအရမ်းကြွေသွားတယ်....
ရည်ရွယ်ချက် ခံစားချက်တူတဲ့ ကျတော့ကဗျာလေး လက်ဆောင်ပေးခဲ့ပါတယ်...
ခံယူချက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူနိုင်ပါ့မလဲ နော်..
နေဝင်ချိန်တခုမှာ
လယ်သမားတယောက်ဟာ
ကောက်ပင်တွေပွေ့လို့
လမ်းကျဉ်းလေးတခုကနေ
ဟို့း့ အဝေးက
ငြိမ်းချမ်းတဲ့ သူ့အိမ်လေးဆီ
ပြန်သွားတယ်
ကျမလည်း ပြန်ချင်ပါရဲ့
ကျမလည်း ပြန်ချင်ပါရဲ့ 
နားလည်လွန်းစွာ ကြေကွဲခံစားမိပါတယ်
ငြိမ်းချမ်းတဲ့ အိမ်လေးဆီ ပြန်နိုင်ပါစေ
ကျမပြန်လာတဲ့အခါ
ကျမရဲ့နံရိုးနှစ်ချောင်းကိုဆက်ပြီး
အိမ်လေးတလုံးဆောက်မယ်
ဘာလို့မှန်း မသိဘူး အဲဒီ အပိုဒ်လေးကို အကြိုက်ဆုံးပဲ
Great Poem.. and Great Poet!
ရောက်လာပါတယ် အမသက်ဇင်ရေ။
ကွန်မန့်တွေကလည်း ဖတ်စရာမှတ်စရာပပဲ။
စာသားတွေကတော့ ပျင်းရှရှလေးထက်ကျလာတာထင်ပ။
တချို့အိမ်မက်တွေက ထွေးပွေ့ထားသင့်တာလေးတွေပပဲ။
ဖတ်ရတာ ကောင်းတယ်။
သုခမိန်(E-Journal)
ရောက်ပါတယ် အမရေ... ဘာပြောရမလဲ သိပါဘူး ။..ကျနော် ဝေဖန်လိုက်ရင် အရသာ ပျက်မှာဆိုးတယ်။
သေသေသပ်သပ်နဲ့ အစီးအဆင်းပြေပြစ်တယ်
အသံသွား..အသံလာတာလေးကလှတယ်..
ပြောချင်တဲ့အကြောင်းအရာက အားကောင်းတယ်
တင်ပြလိုက်ပုံက သိမ်မွေ့နက်နဲတယ်...
ချုံကြည့်လိုက်တော့ အစ်မက
ကဗျာရေးလည်းကောင်းတဲ့..လက်ပါလား..
အစ်မရေ...လေးလေးစားစားဦးညွှတ်ပါတယ်..။
နောက်လဲ ကဗျာလေးတွေ ဖတ်ဖို့မျှော်နေမယ်..နော်
ခင်တဲ့ချစ်တဲ့
အိန္ဒြာ
အမတစ်ယောက် တရားလာနာတဲ့အတွက် သာဓုခေါ်ပါတယ်...
နာတဲ့အတိုင်းလည်းသိ.. သိတဲ့အတိုင်းလည်း ကျင့်ကြံနိုင်ပါစေ အမ...
ကဗျာထဲကအတိုင်း.. အမ.. လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ...
စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...
သူအိမ်လေးဆီကို အမြန်ပြန်ရောက်ပါစေ အစ်မရေ ။
ကဗျာလာဖတ်ပါတယ်
ကဗျာဆရာမ ခင်ဗျား
ကျမလည်း ပြန်ချင်ပါရဲ့
ကောက်ပင်တွေ ရိတ်သိမ်းလို့ မပြီးသေးဘူးလေ့ 
ဘာဖြစ်လို့လည်းမသိဘူး အဲဒီနေရာလေးဖတ်ပြီး
တအားငိုချင်နေမိတယ်။ မျက်ရည်စို့လာတယ်
မ ကို သနားနေတယ်။နောက်ပြီး နားလည်ပေးတယ်
မ.. ကျတော် မရဲ့.. CBox ကိုရှာလို့ မတွေ့ ဘူးဖြစ်နေတယ်... မ...အရာရာ မှာ အဆင် ပြေ ပါစေလို့ 
ဆုတောင်းပေးလိုက် ပါတယ် ဗျာ.....
လင်းလင်း (လူတယောက်)
မင်္ဂလာပါ အမ ..
နေကောင်းတယ်နော် ။ စာမေးပွဲတွင်းမို့ ဘယ်မှ မရောက်ဖြစ်ဘူး။ အချိန်ရသလောက် စာတွေ ဖတ်သွားပါတယ် ခင်ဗျာ။
ခင်မင်စွာဖြင့်
မနောသား
ရောက်ပါတယ်။။။ကျတော်ရဲ. ဘလော့ဒ် မှာ လင့်(ခ်)လေးချိတ်ထားပါတယ်...း)အားကျလိုက်တာ။။။
This post has been removed by a blog administrator.
This post has been removed by the author.
ကျမ ရင်းနှီးပြုစုခဲ့တဲ့
ဘဝ အစိပ်အပိုင်းတခုကို
လမ်းအဖြစ်ခင်းလိုက်ပါ့မယ်။
စွန့်ဝံ့သူရဲ့နှလုံးသားကို လေးစားစွာနဲ့ ထပ်လာကြည့်တယ်
ဗျာ။
ငြိမ်းချမ်းပါစေ မသက်ဇင်
လာရောက်ဖတ်ရှုသွားပါတယ်....ငြိမ်းချမ်းပျော်ရွှင်ပါစေ....
ကျမလည်း ပြန်ချင်ပါရဲ့
ကောက်ပင်တွေ ရိတ်သိမ်းလို့ မပြီးသေးဘူးလေ့ 
....................
အမ..ကျွန်မဆို ပျိုးထောင်တုန်း
ဘယ်တော့ရိတ်သိမ်းရမလဲတောင်မသိသေးတဲ့ဘဝ
...............
လမ်းခရီးတွေက ခက်ခဲရှည်ကြာလွန်းတယ်
.......
ကျွန်တော်တို့ပြန်ရမယ်...ပျော်ရွှင်ငြိမ်းအေးတဲ့ သီချင်းလေး ဆိုပြီးပြန်ကြတာပေါ့...အဲဒီ့နေ့ရောက်လာမယ်..။
ကိုယ်စိတ်ကူးထားတဲ့ အိမ်လေးတွေဆောက်ကြတာပေါ့..
အကောင်းတွေပဲ မျှော်လင့်ကြတာပေါ့
အမရေ အလုပ်တစ်ဘက်၊ လူမှုရေးတွေတစ်ဘက်နဲ့မို့ပါ အခုတော့ မိုးရွာတာကိုကြည့်ပြီးခံစားချက်လေးရေးထားတယ် ဆက်ရန်ကတော့ အဟဲ ဆက်ပါဦးမည်ပေါ့း)
ခင်မင်စွာဖြင့်
နှင်းဆီနက်
ကောင်မလေးတစ်ယောက်
ညနေခင်းမှာ
နှင်းဆီခင်းနဲ့
အို အိုး ....
တော်တော်လေး ပဲ အမ ရေ .. တော် တော်ေ လးပဲ
ကျွန်တော်ကိုယ်တိုင်
နှင်းဆီခင်းထဲ လမ်းလျှောက်နေရသလိုပဲ အမ ရေ
အရမ်း ခံစားရတယ် ။
အစ်မ ကျနော် ရောက်တယ် ...
စာမေးပွဲ တွေ ဖြေနေရလို့ ဘယ်မှကို မရောက်ဖြစ်ဘူး အစ်မရေ ...
ဆန္ဒဆိုတာတော့ ပြည့်တယ် ဆိုတာ မရှိတဲ့ အတွက် ငြိမ်းအေးပါစေလို့ပဲ ဆုတောင်းပေးပါတယ် အစ်မ .. :)
မမရှင့်
အလည်လာပါတယ် ..
အလုပ်တွေများနေလား ..
လာရင်တွေ့မယ်နော် .. တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ် ..
ချစ်ခင်လေးစားလျှက်
း)
ကောက်ပင်တွေဝိုင်းရိတ်ပေးမလို့ပါပဲမမရယ် အဟဲ လာတာနောက်ကျသွားတော့ ကုန်တောင်ကုန်နေသလောက်ပါပဲနော် ဘာမှဖြစ်ဘူးနော် မီးလေးအိမ်မှာ ခေါက်ဆွဲကြော် အ၀လာစားနော် စားပွဲရှိတယ် လာဖိတ်တယ်မမသက်ဇင်ရေနော်
အစ်မသက်ဇင်
ညီမလေး လာဖတ်သွားပါတယ်
မမကိုလည်း မတွေ့တာကြာပြီ
ကျန်းမာအဆင်ပြေပါစေ အစ်မသက်ဇင်
လိုရာဆန္ဒ ပြည့်ဝပါစေးD
Hello Ma Thet Zin,
I love this page and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.
Sincerely
Sai Laung Main Thet
"နေဝင်ချိန်တခုမှာ
လယ်သမားတယောက်ဟာ
ကောက်ပင်တွေပွေ့လို့
လမ်းကျဉ်းလေးတခုကနေ
ဟို့း့ အဝေးက
ငြိမ်းချမ်းတဲ့ သူ့အိမ်လေးဆီ
ပြန်သွားတယ်
ကျမလည်း ပြန်ချင်ပါရဲ့
ကောက်ပင်တွေ ရိတ်သိမ်းလို့ မပြီးသေးဘူးလေ့ "
လာဖတ်ပါတယ်အစ်မရေ
အားလုံးလည်းကောက်ပင်တွေ မြန်မြန် ရိတ်သိမ်းချင်နေ ကြပြီ လေ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ
C-Box မတွေ့လို့ဒီမှာ ပြောခဲ့ပါတယ် ၊၊ အစ်မဘလော့ လေး ကျွန်တော် လင့်ထားမယ်နော် ၊၊ တကယ်လို့ အားရင်လည်း စာလာဖတ်ပြီး ၊ မျှဝေပေးပါအုံး ၊ လိုအပ်တာလေးတွေ လည်း ပြောပြခဲ့ပါအုံး လို့ လေးလေးစားစား တောင်းဆိုပါတယ်နော် ၊၊
ကျမပြန်လာတဲ့အခါ
ကျမရဲ့နံရိုးနှစ်ချောင်းကိုဆက်ပြီး
အိမ်လေးတစ်လုံးဆောက်မယ်
ကျမ ရင်းနှီးပြုစုခဲ့တဲ့
ဘဝ အစိပ်အပိုင်းတခုကို
လမ်းအဖြစ်ခင်းလိုက်ပါ့မယ်
ဆာလောင်မွတ်သိပ်တဲ့အခါ
ဝမ်းတွင်းလေပြွန်ပိုက်တွေ ဖြတ်တောက်ပြီး
အစာအိမ်က ရင်ခုန်သံဆီ ဆက်သွယ်ပေးပါ့မယ်
အကြိုက်ဆုံးပဲ.. နူးညံ့ခြင်းတွေနဲ့ ပုံသွင်းထားတဲ့ ကဗျာစာသားတွေရဲ့အား.. သိမ်မွေ့နေတယ်ထင်ပေမယ့် ဘာနဲ့မှမတူတဲ့ အားအင်မျိုးတွေ တွေ့ရတယ် မသက်ဇင်ရေ.....
ကျမပြန်လာတဲ့အခါ
ကျမရဲ့နံရိုးနှစ်ချောင်းကိုဆက်ပြီး
အိမ်လေးတစ်လုံးဆောက်မယ်
ကျမ ရင်းနှီးပြုစုခဲ့တဲ့
ဘဝ အစိပ်အပိုင်းတခုကို
လမ်းအဖြစ်ခင်းလိုက်ပါ့မယ်
ဆာလောင်မွတ်သိပ်တဲ့အခါ
ဝမ်းတွင်းလေပြွန်ပိုက်တွေ ဖြတ်တောက်ပြီး
အစာအိမ်က ရင်ခုန်သံဆီ ဆက်သွယ်ပေးပါ့မယ်
အကြိုက်ဆုံးပဲ.. နူးညံ့ခြင်းတွေနဲ့ ပုံသွင်းထားတဲ့ ကဗျာစာသားတွေရဲ့အား.. သိမ်မွေ့နေတယ်ထင်ပေမယ့် ဘာနဲ့မှမတူတဲ့ အားအင်မျိုးတွေ တွေ့ရတယ် မသက်ဇင်ရေ.....
ရင်ဘတ်ထဲကို လှမ်းမြင်ရပါတယ်။
အစ်မ မသက်ဇင်...
ကျွန်တော် blog ထဲကို မဝင်ဖြစ်တာ အတော်ကို ကြာခဲ့ပြီ..
အစ်မ ရဲ့ ကဗျာကို ကျွန်တော် လာဖတ်သွားပါတယ်...
ဘဝရသ တချို့ ရဲ့ စီးဝင်နေမှုကို တွေ့ရတယ်..
အစ်မရဲ့ ရင်ထဲက တမ်းချင်း တခု ထင်ပါတယ်..
ထာဝရ အားပေးရင်း....
အဟီး...
ပြောဖို့ တစ်ခုကျန်ခဲ့လို့..
အားရင် လာလည်ပါဥင်္ီးနော်...
www.minthant6686.co.cc
ဆည်းဆာလှလှလေးကို နင့်နင့်နဲနဲ ဖြစ်အောင်ကို လှမ်းမြင်လိုက်ရတယ် အမ ..!
အမ အတွက် အလှဆုံး နှင်းဆီတွေ လာပေးမယ်
မသက်ဇင်
ပုဂံရောက်နေလား
နေဝင်ချိန်တွေမှာ
နှင်းဆီခင်းထဲလမ်းလျှောက်နေပြီလား
မျှော်နေပါတယ်
ကဗျာလေးကိုထပ်ခါထပ်ခါဖတ်ပြီး
ရင်ထဲအထိစူးနစ်ဝင်သွားတယ်
အစ်မရေ...Daywalker ရဲ့သူငယ်ချင်းပါ...
ကဗျာလေးကို အရမ်းနှစ်သက်မိပါတယ်
အစ်မဒီဇင်ဘာရောက်လာရင် တွေ့ခွင့်ရလိမ့်မယ်လို့ မျော်လင့်ပါတယ်....
အစ်မကိုလေးစားတဲ့
ထွေးငယ်
http://ngenge47.blog.com
ဆာရီယာယ်ကဗျာလေးကောင်းလို့ထပ်လာဖတ်တယ်