တောင်တော်ရွှေပုပ္ပား
ကျမတို့ နှစ်ဦး ဒုတိယ အကြိမ် ၊ ပုပ္ပား သို့ ထပ်ရောက် ခဲ့ပါသည်။ စိမ်းစိုနေသည့် ပုပ္ပား ၏ သဘာဝ အလှများ အား ငေးမောရင်း ကျမ သူ့ အား မေးခွန်းတွေ မေးနေမိသည်။ သူ စိတ်ရှည်စွာရှင်းလင်းပြောပြသည်။
ရှေးတုံးက မြန်မာ နိုင်ငံရဲ့ မူလ ပထဝီ အနေ အထားက အခုလို မဟုတ်ဘူး လို့ သဘာဝ ပထဝီ ပညာရှင်ကြီး ဖြစ်တဲ့ ဒတ်ဒ လီစတမ့်မ် က ရေးသား ခဲ့တယ် မ ရဲ့မန္တလေး အထက်ပိုင်း ဧရာဝတီ မြစ်ညာဟာ အရင်က စစ်တောင်းမြစ်နဲ့ တဆက်ထဲ ဖြစ်တယ်တဲ့ ၊ ချင်းတွင်း မြစ်ဟာလည်း အခုလို ဧရာဝတီနဲ့ မပေါင်းဆုံသေးပဲ သူ့ဟာသူ သီးသန့် ပင် လယ်ထဲ ကို စီးဆင်းတယ် ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဆိုတာလည်း အဲဒီတုံးက မပေါ်သေးဘူး။ ပြည် မြို့ အနီး တဝိုက်မှာ ပင်လယ်တိမ် တခု ရှိခဲ့တယ် တဲ့ ၊ နောက်ပိုင်း ပုပ္ပား မီးတောင် ပေါက်ပြီး မြေလွှာတွေ ပြောင်း လဲ လာတယ် စစ်တောင်းမြစ်က ရေစီး ပြတ် တယ် ၊ ချင်းတွင်း မြစ်နဲ့လည်း အခု လိုပေါင်းဆုံ သွားတာ တဲ့ ၊ အင်း ဧရာဝတီနဲ့ ချင်းတွင်းပေါင်းပြီး အဲဒီ မြစ်ကြောင်းတွေက ပါလာတဲ့ မြေနု တွေဟာ ၊ အနှစ် တရာမှာ မြေသား သုံးမိုင် ခန့် ဖြစ်ပေါ်လာတယ်တဲ့ ၊ ရာစုနှစ် များလာတော့ ပြည်မြို့ အောက်ပိုင်းမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကြီး တဖြေးဖြေး ပေါ်လာတာတဲ့ ၊ မ ရေ မ ကို ကမ္ဘာ့သမိုင်း အနဲအကျဉ်းရှင်းပြချင်တယ်
သမိုင်း ပညာရှင်တွေက လူ့သမိုင်း ကို ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ် ၊ စက်မှုခေတ် ဆိုပြီး ပိုင်းခြား ခဲ့ကြ တယ် ၊ လူတို့ တည်ထွင်ခဲ့ကြတဲ့ လက်နက်တွေကို ကြည့်ပြီး ယဉ် ကျေးမှု အဆင့်ကို လည်း ပိုင်းခြား သတ် မှတ် တယ် ၊ ၁၉၃၉ ကနေ ၁၉၄၅ ခုနှစ် အထိ ဖြစ်ပွား ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် ကြီး အပြီး မှာ သိပ္ပံ ပညာရပ် တွေ အနုစိပ် လာကြတယ် ၊ အသေး ငယ်ဆုံး ရုပ်နု လေး ဖြစ်ကြတဲ့ အနုမြူနဲ့ အခြေခံ အမှုန်များ အ ထိ ၊ စင်္ကြာ ဝဌာ တခု လုံး လက်တဆုံး နှိုက် လာ ကြတယ်
လက်နက် ဖန်တီး မတီထွင်မီ ကာလပိုင်းကို သမိုင်း မတိုင်မီ ခေတ် လို့ သတ်မှတ်ကြတယ် ၊ အချို့ သမိုင်း ပညာ ရှင် များက ထပ်မံ ပိုင်းခြားခြင်း ပြုတယ် ၊ သမိုင်း ပညာရှင် ဂေါ်ဒွင်ချိုင်း က သမိုင်း မတိုင်မီ ရှေး လူဟောင်းများ အနက် မီးကို ကောင်းစွာ ချုပ်ကိုင်စေနိုင်ခဲ့ပြီလို့ ၊ ယူဆ တယ် ဆိုပြီး ပီကင်းလူက စ ပြီး စာရင်းသွင်းကြတယ်
မနုဿဗေဒ ပညာရှင် အများအပြားက ပီကင်းလူဟောင်းရဲ့ သက်တမ်းကို အနှစ် ငါးသိန်း ပတ်ဝန်းကျင် လောက် က လို့ ခန့်မှန်းကြတယ် ကျောက်ခေတ်ကြီး တစ်ခေတ်လုံး ကို နှစ်ပေါင်း လေးငါးသိန်း ကြာမျှ ဖြတ်သန်း ကျော် လွှား ခြင်း ပြုကြရတယ်လို့ လည်း ဆို တယ် ၊ ကျောက်ခေတ်က နေ ကြေးခေတ် တက်လှမ်းခြင်း ပြုနိုင် တော့ မှ လူ့သမိုင်းကိုစတင် တယ်လို့ ဆိုကြတယ်
ကြေးခေတ်ကို ကြေးနီခေတ် နဲ့ ကြေးဝါခေတ် လို့ လည်း သမိုင်း ပညာရှင် တွေ က ခွဲခြားကြ တယ် နိုင်းလ် ၊ ယူဖရေးတီး ၊ တိုက်ဂရစ် ၊ အိန္ဒု ၊ မြစ်ဝါ နဲ့ ကမ္ဘာသစ် အလယ်ပိုင်း အရပ် ဒေသ များ တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ် ပေါင်းခုနစ်ထောင်ခန့် က ကြေးခေတ် ယဉ်ကျေးမှုဆိုင်ရာ လူ့အဖွဲ့အစည်းများ တည်ထောင်ခဲ့ကြတယ် ၊ အီဂျစ် ၊ ဆူမေးရီးယား ၊ ဘာဘီလုံ ၊ အဆီးရီး ယား ၊ ချော်ဒီ ၊ မိုဟန်ဂျိုဒါရို ၊ ဟာရပ ၊ တရုတ် ၊ အင်ကာ ၊ အဇတစ် ၊ မာယာ ၊ တို့ ဟာ ကြေးဝါခေတ်က ကြီးကျယ် ထင်ရှားခဲ့တဲ့ မြို့ပြနိုင်ငံ နဲ့ အင်ပါယာကြီးများ ဖြစ်ခဲ့ တာပေါ့
အဲဒီ နောက် သံခေတ်ကို တက်လှမ်းခဲ့ကြတယ် ၊ မြေထဲပင်လယ်ဒေသ ၊ ဥရောပ ၊ အိန္ဒိယ ၊ တရုတ် ၊ တို့ဟာ နှစ် ပေါင်း သုံးထောင်ခန့်လောက်က သံခေတ် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ အားကောင်းရာ အရပ် ဒေသ များ ဖြစ်ခဲ့ကြတယ် ၊ ပါရှင်း ၊ ခေါမ ၊ ရောမ ၊ မောရိယ ၊ ချင် ၊ ဟန်မင်းဆက် ၊ အင်ပါယာကြီး တွေဟာ ထင် ရှား ခဲ့ကြ တာပေါ့ ၊ စက်မှုခေတ် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းတွေ ပေါ်ထွန်းလာတာ ကြေးခေတ် သံခေတ် နဲ့ နှိုင်းစာ လိုက်တော့ ဘာမှ မကြာလှသေးဘူး စက်မှု တော်လှန်ရေး ဦးဆောင်ဖြစ် တဲ့ ဗြိတိန် နိုင်ငံကို စံ ထား ရရင် နှစ်ပေါင်း၂၀၀ ကျော် လောက်သာ ရှိလိမ့်ဦးမယ် ၊ ၁၈ ရာစု ၊ ၁၉ ရာစု ၊ ၂၀ ရာစု များ အတွင်း ဥရော ပ ၊ မြောက် အမေရိက ၊ အာရှအရှေ့ဖျား အရပ်ဒေသ များ မှာ ပေါ် ပေါက် ခဲ့တယ် ၊ ဗိတိန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ရုရှ ၊ အမေရိကန် ၊ ဂျပန် တို့ဟာ ကြီး ကျယ် ထင်ရှားတဲ့ စက်မှု နိုင်ငံ ကြီး များ ဖြစ်ကြ တယ်
အချို့ နိုင်ငံတွေဟာ ၊ သံခေတ် ယဉ် ကျေးမှု အဆင့်ကနေ တက်လှမ်းခြင်း မပြုနိုင်ကြသေးဘူး ၊ အချို့ လူ့ အဖွဲ့ အစည်းတွေမှာ ကျောက်ခေတ် ယဉ်ကျေးမှုအဆင့်မှာပဲ ကြွင်းကျန်လျက်ရှိကြဆဲပဲ သြစတေး လီး ယား တိုက် ငယ် ၊ နယူးဂီနီကျွန်း နဲ့ ကမ္ဘာ့ချောင်ကြို ချောင်ကြား တွေ မှာ ရှေး ဟောင်း လူ့အဖွဲ့ အစည်းများ ကို တွေ့ မြင်နေရဆဲဖြစ်တယ် ၊ ခေတ်သစ် သမိုင်းပညာရှင်များက ကျောက်ခေတ်ကို ရှေး ခေတ်ဟောင်း လူရိုင်း ခေတ်လို့ အမည်ပေးပြီး ၊ ကြေးခေတ်ကို ကျေးပိုင်ကျွန်ပိုင်ရှင်များခေတ် ၊ သံခေတ်ကို ပဒေသရာဇ် မြေရှင်ခေတ် ၊ စက်မှုခေတ်ကို အရင်းရှင် ဆိုပြီး ပိုင်းခြားသတ်မှတ်ကြတယ်
၂၁ ရာစု သမိုင်းပညာရှင်များက ၂၀ ရာစု ရဲ့ သမိုင်းကို ပြုစု ရေးသားကြတဲ့ ၊ အခါ ဘယ်လို ၊ မှတ်တမ်းတင်ကြမှာလဲ ၊ ဒီနေ့ခေတ် ဟာ ၊ နူကလီးယားခေတ် ၊ အာကာသကို အောင်နိုင်သောခေတ် ၊ စက်ဦးနှောက် ကွန်ပြူတာတွေ ၊ ထွန်းကား တဲ့--ခေတ် ၊ တနည်း အားဖြင့် အနုမြူ အာကာသ စက်ဦးနှောက် ကွန်ပြူတာ များ ကို ပေါင်းစည်းထားသော ခေတ်ကြီး တစ် ခေတ် ဖြစ်တယ်ပေါ့ ၊ နူကလီးယား စွမ်းအင်ဘီလူးကြီးများကို သိပ္ပံ ပညာရှင် တွေ က ထုတ်ယူ နေကြတာဖြစ်တယ်
ဒုတိယ ကမ္ဘာ စစ်ပွဲကြီးအတွင်းက ရန်ဘက် ဖက်ဆစ်ဝင်ရိုးတန်း မဟာမိတ် အဖွဲ့ကို တွန်းလှန် တိုက် ခိုက် ရန် ဆို တဲ့ ၊ အကြောင်းပြချက်နဲ့ အမေရိကန် ပြည်ထောင်စုအစိုးရဟာ အနုမြူဗုံး လျှို့ဝှက် စီမံကိန်း ပြုလုပ်ခဲ့ တယ် ထင်ရှား ကျော်ကြားတဲ့ ၊ ရူပဗေဒ ၊ ဓာတုဗေဒ သိပ္ပံပညာ ရှင်များကို တာဝန်ပေးခဲ့ကြတယ်
၁၉၄၅ နှစ် သြဂုတ်လ ခြောက်ရက်နေ့ မှာ- တီအင် တီယမ်းအား တန်ခြေ၂၀၀၀၀ ခန့် ယူရေနီယမ် အမျိုးအစား ဗုံးတစ်လုံးကို လူဦးရေ လေးသိန်းခွဲ ရှိတဲ့ ဟီရိုရှီးမား မြို့ပေါ်ကို ကြဲချ လိုက်တယ် နောက်၃ ရက် အ ကြာ သြဂုတ် လ ကိုးရက် နေ့ မှာ အလားတူ ယမ်းအားရှိ တဲ့ ပလူတိုနီယမ်ဗုံး တစ်လုံးကို လူဦးရေ သုံးသိန်းရှိ တဲ့ နာ ဂါ ဆာကီ မြို့ပေါ် ကို ကြဲချ လိုက်ပြန်တယ်-ဟီရိုရှီးမား မြို့သူ မြို့သား တစ်သိန်း ကျော် အသေဆိုး နဲ့ သေဆုံးတယ် တစ် သိန်း ကျော် လောင်မီးကျ ပြီး မရှုမလှခံကြရ တယ် ၊ နာဂါဆာကီမြို့သူမြို့သား ၇၀၀၀၀ ကျော်သေဆုံး ပြီး ၇၀၀၀၀ လောင်မီးကျခံရတယ် မြို့ကြီးနှစ်မြို့လုံး ပျက်စီးသွားပြီး အနုမြူခေတ် ရဲ့ ပွဲဦးထွက် ကြိုဆိုလိုက် တာ ပေါ့
ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွား ခင် နှစ်ကာလ ကတည်းက နိုင်ငံတကာက သိပ္ပံပညာရှင် များ ဟာ အနုမြူဒတ်စင် များအတွင်းမှာ ဧရာမ စွမ်းအင်တွေ ရှိကြောင်းကို သိရှိထား ပြီးပြီ လေ ရူသာဖိုဒ့် ၊ အိုင်းစတိုင်း ၊ နီအယ်ဗိုလ် ၊ ဟိုင်ဆင်ဘတ် ၊ ဟာမီ ၊ ဂျိုးလိယော့ဂျိုရီ ၊ ဟမ်း တို့ ဟာ နူကလီးယား စွမ်းအင် သိပ္ပံပညာရှင် များဖြစ်တယ် နူကလီးယား စွမ်းအင်ကို အဖျက် လက်နက် အဖြစ် လုပ်ကိုင်ဖို့ စတင်ကြံစည် ကတည်းက သိပ္ပံပညာရှင် တော်တော် များ များ က ကန့်ကွက်ခဲ့ကြတယ် ဒါပေမယ့် ၂၀ ရာစုဟာ အမေရိကန် ရာစု ဖြစ်ရမယ်လို့- ကြွေးကြော်ခဲ့တဲ့ အမေရိကန် အစိုးရဟာ သိပ္ပံပညာရှင်တွေရဲ့ သတိပေး ချက် ကို အလေး မထားဘဲ ဒုတိယကမ္ဘာ စစ်ကြီး ပြီးဆုံးပြီးနောက်မှာ နူကလီးယားလက်နက်များ တိုးတက်အောင် စမ်းသပ် ခဲ့ကြတယ်
နူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ တွေကိုအကြမ်းဖျဉ်း ပြောပြရရင်
ရုရှား ၊ ၇၂၀၀ မှ ၁၆၀၀၀
အမေရိကန် ၊ ၅၇၃၅ မှ ၉၉၆၀
ပြင်သစ် ၊ ၃၅၀
အင်္ဂလန် ( ယူကေ ) ၂၀၀
အိန္ဒိယ ၊ ၁၂၀ မှ ၂၀၀
အစ္စရေးလ် ၊ ၇၅ မှ ၁၇၀
တရုတ် ၊ ၁၃၀
ပါကိစ္စတန် ၊ ၃၀ မှ ၉၂
အဲ လောက် ထိ ပိုင်ဆိုင် ထားကြတယ် ၊ အင်း အခု တော့လည်း အီရန်နဲ့ မြောက်ကိုရီးယား တွေ က တော့ စမ်းသပ် နေဆဲ ပေါ့ မ ရယ် မ ပြောတဲ့ ကဗျာ ဆရာမလေး အိန္ဒြာ ရဲ့ ကဗျာလေး လိုပေါ့
စိုးရိမ်ပူပန်မှုတွေနဲ့..
တဆတ်ဆတ်ခါနေတဲ့..
နှလုံးသားတွေပေါ်က..
ရွှီးကနဲ ဖြတ်ပြေးသွားမယ့်
ဒုံးကျည်....။
-
သူ လေးပင်စွာ ပြောခဲ့သည် အားပြိုင်မှုတွေ ခြိမ်းခြောက် မှု တွေ နဲ့ ကမ္ဘာကြီးဟာ စိုးရိမ် ထိတ်လန့် စရာ တွေ အပြည့်ပါ ပဲ တဲ့ လေ
ကျမ ရင်ထဲက ၊ တိုးတိုးလေးရွတ်ဆို နေမိသည်ကား
လူ့ ဘဝ တွေ အမုန်းတရားတွေ
ကိုယ့်ကျင်းကိုယ်တူး
ကမ္ဘာကြီးမှာ အသက် ရှင်
စက္ကန့်နှင့် အမျှ စိုးရိမ်ပူပင်
ငတ်မွတ်ခေါင်းပါးခြင်း ငြီးညူသံ တွေ--
ခရစ္စတိုဖါကော့ဝဲလ် ရေ
ရှင့် ပညတ် နဲ့ ပရမတ်
ကျမ စွဲလန်းသလို
ကမ္ဘာ ကြီးလဲပြို အစိုးရိမ်တွေ ပို
မငို ပါ နဲ့ လူသားတို့
Posted in: | 95 comments | Links to this post |
94 comments:
    On 12:32 PM PDT NLS said...
    စောစောစီးစီး သမိုင်းဆရာမဆီမှာ ပထမဆုံး ဝင်ရေးလိုက်ပါတယ်ခင်ဗျ။ ပုပ္ပါးအကြောင်းတော့ သိပ်စိတ်မဝင်စားမိဘူး။ (မြန်မာအစပုပ္ပါးက ဆိုတာရော အဟုတ်ပဲလားဟင်) ဒါပေမယ့် ကိုရီးယားအကြောင်းတော့ စိတ်ဝင်စားမိတယ်။ တချို့စာအုပ်တွေထဲမှာ ဖတ်ဖူးတာက ကိုရီးယားတွေဟာ တရုတ်ပြည်ကနေ ထွက်သွားတဲ့ တရုတ်တွေပဲလို့ ဆိုကြတယ် အဲဒါရော အမှန်ပဲလား အမ။ ဂျပန်တွေကလည်း တရုတ်မျိုးရင်းတွေပဲတဲ့။ ပြီးတော့ သစ်ခွမုဆိုး ကင်းဒန်းဝဒ်ကိုလည်း ဒီဇာတ်လမ်းလေးထဲမှာ ထည့်ပေးပါလို့
်မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်း
    ဗဟုသုတတွေ အသိတွေအများကြီးရတဲ့ အခန်းဆက်ပိုစ့်လေး
    ဖတ်ရတာအရသာရှိသလို နောက်တခန်းဘာလာမလဲဆိုတာ
    စောင့်ရတာလဲ အရသာတစ်မျိုးပေါ့..
    မမသက်ဇင်
    ပျော်ရွှင်ချမ်းမြေ့ပါစေ
    ဖိုးစိန်
    အစ်မရေ ပုပ္ပါးကနေ အနုမြူထိ ဆွဲခေါ်သွားတယ်နော်... မှတ်သားစရာပါ....
    အမရေ
    သုတ၊ ရသစုံလှပါပေ့ဗျာ
    နောက်အပိုင်းတွေကိုလည်း ဆက်လက်စောင့်မျှော်လျှက်ပါ။
    ကျန်းမာပါစေ
    အလည်လာရတာ အတော်အကျိုးရှိပါတယ်။ ဗဟုသုတစုံတယ်။ ကြိုက်တယ်။
    On 6:13 PM PDT tune said...
    လာဖတ်သွား
    နူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ တွေကိုအကြမ်းဖျဉ်း ပြောပြရရင်--ထဲ မှာ...
    များမကြာမှီ မြန်မာ လည်းပါတော့မယ်လေ...
    On 7:10 PM PDT Welcome said...
    တန်ဖိုးရှိတဲ့ အခန်းဆက် ခရီးသွား ဆောင်းပါးကို လာဖတ်ပါတယ်။
    နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ
    လေးစားလျက်
    On 2:23 AM PDT Ko said...
    "ကျမ ရင်ထဲက--တိုးတိုးလေးရွတ်ဆို နေမိသည်ကား---
    လူ့ ဘဝ တွေ--အမုန်းတရားတွေ--
    ကိုယ့်ကျင်းကိုယ်တူး--
    ကမ္ဘာကြီးမှာ အသက် ရှင်---
    စက္ကန့်နှင့် အမျှ--စိုးရိမ်ပူပင်-
    ငတ်မွတ်ခေါင်းပါးခြင်း ငြီးညူသံ တွေ--
    ခရစ္စတိုဖါကော့ဝဲလ်---ရေ---
    ရှင့်--ပညတ် နဲ့ ပရမတ်-
    ကျမ --စွဲလန်းသလို
    ကမ္ဘာ ကြီးလဲပြို--အစိုးရိမ်တွေ ပို--
    မငို ပါနဲ့--လူသားတို့--"
    ကမ္ဘာကြီးလဲပြို..
    ငတ်မွတ်ခေါင်းပါး
    သြော် မငိုပါနဲ့ လူသားတို့..
    ဘ၀မှာ ဘာက အရေးအကြီးဆုံးလည်းဆိုတာ ဖွဖွလေး မေးသွားတယ် နော်။
    လာဖတ်ပါတယ်အစ်မ
    ဒီတစ်ပိုင်းကတော့ သုတပိုင်းနည်းနည်းများတယ်..
    ဒါပေမယ့်ကြိုက်တယ်..
    မြန်မာအကြောင်းလေးပြောရင်း ကမ္ဘာဆီ ဆွဲခေါ်သွားလို့..
    On 8:27 AM PDT Upasaka said...
    မသက် ဇင်
    ကျနော်အများကြီးနောက် ကျပြီး မှရောက် ခဲ့ ပါတယ်။ ကောင်း တယ် ဗျာ သုတ ရော ရသ ပါ ပါ အောင် ရေးနိုင်တဲ့ အတွက် စာဖတ် သူတွေ အတွက် အကျိုး များ ပါတယ် ဗျ။
    လေးစား စွာ ဖြင့် ဥပသကာ
    အစ်မရေ...
    ကဗျာလေး...ထည့်သုံးထားတာအတွက်ဂုဏ်တွေယူနေတာ..
    မသိတာတွေသိခွင့်ရတဲ့...
    ရသစိမ့်စိမ့်လေးပေးနိုင်တဲ့
    ခရီးသွားစာတမ်းလေးက
    ဖတ်မ၀နိုင်အောင်ပါလား..အစ်မရေ..
    အိန္ဒြာ
    အမရေ .. စာပေများ လာရောက်ဖတ်ရှုသွားပါတယ် ..တကယ်ကို ဗဟုသုတ ရစေတဲ့ စာပေတွေပါ ..ဆက်လက်ရေးသားမှုများကို မျှော့်လင့်နေပါတယ် ..
    ခင်မင်စွာဖြင့်
    မနောသား
    This post has been removed by the author.
    မသက်ဇင်ရေ သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ သုတတွေ ပိုများလာလို့ ကျွန်မသိထားတဲ့ အချက်တွေနဲ့ မှတ်ချက်ရှည်ရှည် ရေးချင်ပေမယ့် အခု အချိန်မရလို့ နောက်အချိန်ရမှပဲ ပြန်လာရေးတော့မယ်။
    မမရေ..မရောက်တာကြာလို့ စာတွေအားလုံးဖတ်သွားတယ်...
    မသက်ဇင်ရေ ကျနော့်ကွန်မန့်ဘောက်က တမျိုး။ Hide လုပ်ထားလို့ပါ။ အကုန်ရောက်လာပါတယ်။ ကျနော်က ရွေးပြီး Publish လုပ်တာမို့ပါ။ ရေးသာရေးလိုက်ပါ။
    On 2:45 AM PDT kiki said...
    မမသက်ဇင်ရေ..
    ခေတ်အဆက်ဆက်က အဖြစ်အပျက်လေးတွေ ကို အကျဉ်းချုံးပြီး လိုရင်းတိုရှင်း နဲ့ မနှစ်မြို့ ဘွယ်ရာ စစ်ပွဲ တွေ အကြောင်း ရေးထားတာ ပညာသားပါတယ် နော် ..
    လေးစားပါတယ်။
    ဒီနေ့ မှ အချိန်လေး အေးဆေးရှိနေလို့  ခုမှ မန့်ရတယ်။နေ့ တိုင်းလို တော့ရောက်ဖြစ်တယ် ။
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေနော် ..
    On 10:02 PM PDT Dream said...
    တီတီရေ... ကဗျားလေးကို ကြိုက်တယ်...
    တီတီရေးတဲ့ ပို့စ်တွေက ဗဟုသုတ တွေ အများကြီး ပေးစွမ်းနိုင်တယ်... မက်မက်လည်း အားတာနဲ့ ပြေးလာပါတယ်.. အခု အိမ်ပြောင်းနေရတာရယ် လူမှုရေး ပြသနာ နဲနဲရယ် မိသားစုပြသနာရယ် ဖြေရှင်းနေရတာမို့ မရောက်ဖြစ်တာပါတီတီ....
    အာဝါးးးးးးးးးးးးးးးးးးးး
    စာလာဖတ်ရကျိုးနပ်ပါတယ် ဗသုသုတတွေတယ်စုံပါလား။
    On 5:30 AM PDT win latt said...
    အမကြီးရေ...
    လူသားတွေထဲမှာ မငိုတဲ့လူသားတစ်ယောက်သိပ်ဖြစ်ချင်တယ်ဗျာ...။
    သုခပြည့်စုံ လောကဘုံဝယ်
    သူငါအများ နေလိုငြားလည်း
    ဆင်း၇ဲချမ်းသာ ဒွန်တွဲပါသည်
    ဘယ်မှာဒုက္ခလွတ်မည်နည်း....။
    (သုခီအတ္တာနံ ပရိဟရန္တု)
    အင်း... ကမ္ဘာကြီးကို တချို့လူသားတွေလုပ်ချင်ရာလုပ်၊ တချို့လူသားတွေက ကယ်တင်၊ တချို့က မှတ်ကျောက်တင်... အင်း... ဘယ်တော့ ဆုံးမလဲမသိဘူးနော်...
    စကားမစပ် အစ်မရေ... သူများရေးထားတဲ့ သမိုင်းပုံပြင်လေးတစ်ခုကို ကျွန်တော့်ဘလော့ဂ်မှာ ဆားချက်ထားပါတယ်။ လာရောက် ခံစားပေးပါဦးဗျို့။
    လူ့ ဘဝ တွေ--အမုန်းတရားတွေ--
    ကိုယ့်ကျင်းကိုယ်တူး--
    ကမ္ဘာကြီးမှာ အသက် ရှင်---
    စက္ကန့်နှင့် အမျှ--စိုးရိမ်ပူပင်-
    ငတ်မွတ်ခေါင်းပါးခြင်း ငြီးညူသံ တွေ--
    ခရစ္စတိုဖါကော့ဝဲလ်---ရေ---
    ရှင့်--ပညတ် နဲ့ ပရမတ်-
    ကျမ --စွဲလန်းသလို
    ကမ္ဘာ ကြီးလဲပြို--အစိုးရိမ်တွေ ပို--
    မငို ပါ နဲ့--လူသားတို့--
    မှန်ပါတယ် ၂၀၁၀ မှာ ကမ္ဘာပျက်မယ်လည်းပြောနေကြတယ်
    ဘာသာတရားများများ လုပ်ရမယ်နော်
    This post has been removed by the author.
    သောင်တင်နေတဲ့ ခရုလေးတွေ အကုန်လုံးကို ပင်လယ်ထဲ မချပေးနိုင်ပေမဲ့ ကယ်သူနဲ့ ကြုံတဲ့ ခရုလေးအတွက်ကတော့ နည်းတဲ့ သုခလား အစ်မရယ်။
    သီချင်းလေးကြောင့် ပိုအဓိပ္ပါယ်ပြည့်ဝသွားရတယ်။
    ချမ်းမြေ့ပါစေ။
    အစ်မရေ နောက်ကျစွာလာဖတ်သွားပါတယ် ။ သီချင်းလေးကိုလဲ လိုက်ဖက်စွာ ခံစားသွားပါတယ် ။
    On 3:04 PM PDT Ogre said...
    မင်္ဂလာပါဗျာ ..
    မင်္ဂလာရှိသော နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ .. :-)
    အမရေ.. သီချင်းလေးနားထောင်ရင်း..
    တိုးတိုးလေးညီးမိပါတယ်..
    လူသားအချင်းချင်းမေတ္တာစိတ်လေးတွေနဲ့ နေနိုင်ရင် ဘယ်လောက်များကောင်းမလဲလို့...
    သီချင်းဒေါင်းလုပ်မရလို့.. ကူညီပါဦးအမ
    နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ..
    ဖတ်လို့ မရိုးနိုင်သေးပါဘူး။
    လာလည်ပါတယ်.. ပျော်ရွှင်စရာ သင်္ကြန်နှစ်သစ်ဖြစ်ပါစေ... မအားလို့ အခုမှ စာတွေလာဖတ်ရတယ်...
    ကျေးဇူးပါ သီချင်းလေးအတွက်
    လာလည်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်
    ချက်ခြင်း ပြန်လာနှုတ်မဆက်နိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါနော်...
    cbox မတွေ့လို့ ဒီမှာ စာရေးခဲ့ပါတယ်... ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်သစ် ဖြစ်ပါစေ...
    စာတွေဖတ်သွားတယ် မမရေ သင်္ကြန်မှာ ပျော်ရွှင်ပါစေ..
    ငတ်မွတ်ခေါင်းပါးခြင်း ငြီးညူသံ တွေ--
    ခရစ္စတိုဖါကော့ဝဲလ်---ရေ---
    ရှင့်--ပညတ် နဲ့ ပရမတ်-
    ကျမ --စွဲလန်းသလို
    ကမ္ဘာ ကြီးလဲပြို--အစိုးရိမ်တွေ ပို--
    မငို ပါ နဲ့--လူသားတို့--
    ကမ္ဘာကြီးငြိမ်းချမ်းပါစေ---
    နှစ်သစ်တွင် ရွှင်လန်းချမ်းမြေ့ပါစေ...
    On 8:34 AM PDT Naingko said...
    လောင်းတယ်ကွာ................... ရေလောင်းတယ်...........ရေလောင်းတယ်..... မပြေးနဲ့........ရော့....ရော့
    ကဲကွာာာာဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်း
    ဗွမ်းဗွမ်းဗွမ်းဗွမ်း
    မပြေးနဲ့ဦး............ တော်ပြီကွာ... အိုးမည်းပါသုတ်မယ်............ အားမရတော့ဘူး ရေကန်ထဲကို
    တွန်းချတယ်ကွာ.............. ကဲ သွားပေရော့လဟယ်................ ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးး ဗွမ်..
    ဟားဟားဟား
    မင်္ဂလာ နှစ်သစ်ပါ မသက်ဇင် ... ရွှင်လန်းချမ်းမြေ့ပါစေ ခင်ဗျာ ..
    ခင်မင်စွာဖြင့်
    မနောသား
    On 8:54 AM PDT Ko said...
    ရေလောင်းသွားတယ်နော်
    နှစ်သစ်မှာပျော်ရွှင်ပါစေ
    hello Ma Thet Zin,
    Happy new year! I wish you all the best in every year.
    Sai...
    ရည်ရွယ်ချက် ရှိရှိ၊ အနှစ်သာရရှိရှိ၊ အဓိပ္ပါယ်ရှိရှိ၊ ပညာရှိရှိ၊ သုတရှိရှိ၊ ရသရှိရှိ၊ ဗဟုသုတရှိရှိ၊ ယုံကြည်မှု ရှိရှိဖြင့် ရေးသားတင်ပြထားတဲ့ ဘလော့ဂ် လေး တစ်ခုပါလားနော်၊ အားပေးလျက်ပါ
    On 5:54 PM PDT megumi said...
    သီချင်းနဲ့ အရမ်းလိုက်ဖက်တယ်နော်။ ရေးပေးလို့ ကျေးဇူးပါ မမ။
    စကားမစပ်၊ အကျနေ့ရောက်ပြီနော်။ ရေလာပက်တာ။ ဟိ ဟိ၊ ရေပူဖောင်းနဲ့။ ပြေးပြီ။
    ဘလော့လည်ရင်း၊ ဖတ်ရင်း၊ ရေပါလောင်းခဲ့ပါကြောင်း... (((( ဗွင်း))))))
    ပိတောက် ခက်နဲ့ နံသာရေ လာပက်ပါတယ် .. ပြုံးတော်မူပါ အစ်မတော်...
    On 3:51 AM PDT Dream said...
    တီတီဇင်ရေ.... ပထမ လာတုန်းက ဗီဒိုယိုဖိုင်လေး မရှိဘူးနော်.. အခု ကြည့်သွားတယ်... သီချင်းလေးကို နာဆင်သွားတယ်..
    တခါတည်း တီတီဇင့်ကို ရေပါလောင်းသွားတယ်နော်.. အာဝါးး လဲပေးခဲ့တယ်.......... ခစ်ခစ်
    အိမ်မှာ မုန့်လုံးရေပေါ် လုပ်လို့ လာပို့တာ....
း)
    မ..ရေ...နှစ်သစ်မှာပျောရွှင်ပါစေနော်....
    မကတော်တော်ကိုစာဖတ်တယ်နော်....
    ကျနော်စာလာဖတ်တာမဟုတ်ဘူး....အမ...ဒီတခါ...
    ရေလာလောင်းတာ.....ဗွမ်း............ဗွမ်း............ဗွမ်း............ဗွမ်း............ဗွမ်း............ဗွမ်း............ဗွမ်း............ဗွမ်း............ဗွမ်း...........
    အိုးမဲပါသုတ်မယ်နော်....ကတော့်..ကတော့
    ဘတ်.........ဘတ်..........ဘတ်......ဟားဟား
    အလည်ရောက်တယ်မမရေ...
    မောင်လေးတို့ဆီမှာ ကွန်နက်ရှင်မကောင်းလို့
    မ၀င်ဖြစ်တာတော်တော်ကြာနေတာ ရောက်ခိုက်
    ရေတစ်ခွက်လောက်လောင်းသွားပါတယ်နော်
    ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :)
    On 3:23 AM PDT Ogre said...
    မင်္ဂလာပါဗျာ ..
    ပျော်ရွှင်သော နှစ်သစ်လေးဖြစ်ပါစေဗျာ .. ;-)
    အစ်မရေ...
    အေးချမ်းပါစေ..
    ချမ်းမြေ့ပါစေ..
    နှစ်သစ်မှာ..စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျနိုင်ပါစေ
    This post has been removed by the author.
    On 7:39 AM PDT Pinkgold said...
    ရောက်လာတယ် အမရေ.. သင်္ကြန်မှာ ပျော်ပါစေကြောင်း
    သင်္ကြန်မှာ ပျော်ရွှင်ပါစေ၊ နှစ်သစ်မှာ အောင်မြင် အေးမြပါစေ၊ လာရောက် လည်ပတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊
    On 2:57 PM PDT aung oo said...
    အစ်မရေ..
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ဘ၀တလျောက်လုံးမှာလည်း ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ပါစေ...
    အမသက်ဇင်ရေ........
    မရောက်တာလဲ ကြာပြီ။ မတွေ့တာလဲ ကြာပြီ။
    အမအတွေး၊ အမအရေးတွေကို ပြန်ဖတ်ခွင့်ရတာ ဝမ်းသာတယ်ဗျာ။ ငါ့အမကြီး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပါစေ။
    ရိုသေလေးစားလျှက်....
    On 7:18 PM PDT Upasaka said...
    မသက် ဇင်ရေ ရေ လာ လောင်းတယ် ။ ကြည်သာအေး မျှရှိ ပါစေ။
    စာတွေလာဖတ်ရင်း နောက်ဆုံးနေ့မှာ ရေလောင်သွားပါ တယ်ခင်ဗျာ :)
    On 8:05 PM PDT win latt said...
    ရေလာလောင်းသွားတယ် အမကြီးရေ...
    မသက်ဇင်ရေ ။
    မသက်ဇင်ကသာ မိတ်ဝတ်မပျက် လာနေခဲ့ပေမဲ့ ကျနော်ကတော့ မသိဆိုးရွားစွာ အသွားအလားကျဲနေခဲ့တာကို တလေးတစား တောင်းပန်အပ်ပါတယ် ။ နှစ်သစ်မှာ ချမ့်မြေ့ ပျော်ရွှင်နိုင်ပါစေ ။
    ခင်မင်လျက် ။
    မင်းဒင်
    On 9:11 PM PDT kiki said...
    မမသက်ဇင်..စီဗုံးမတွေ့ လို့ ဒီနေရာမှာဘဲအော်ခဲ့ရတာ ..မန့် ရတဲ့ အကြောင်းနဲ့ မသက်ဆိုင်လို့ အားတော့နာပါရဲ့ .ရှေ့ မှာတခါတော့မန်ပြီးသွားလို့ ။ဒီနေ့ တော့ နောက်ဆုံးသင်္ကြန်တရက် .ရေလာပက်တာပါ ။ပိုအေးအောင် ရေခဲရေနဲ့ဘဲပက်တယ်နော် ။နှစ်သစ်မှာအေးချမ်းပျော်ရွှင်နိုင်ပါစေ။
    လေးစားချစ်ခင်စွာဖြင့်
    ကိကီ..
    မကြီးရေ မင်္ဂလာပါ ပျော်ရွှင်ဖွယ် နှစ်ကူးလေးဖြစ်ပါစေ လိုအင်ဆန္ဒများ ပြည့်ဝပါစေလို ဆုလာတောင်းပေးပါတယ်
    လေးစားလျက်
    တောင်ပေါ်သား
    စာလာဖတ်ပါတယ်...။မင်္ဂလာနစ်သစ်ပါ..။
    Happy new year!
    မသက်ဇင်ရေ....
    စီဘုံးမတွေ့လို့ ဒီမှာပဲ ရေးလိုက်ပါတယ်...
    သင်္ကြန် နောက်ဆုံးနေ့ ရေခဲရေ အေးအေးလေးနဲ့ တစ်ကိုယ်လုံးရွှဲအောင်လောင်းလိုက်တယ်... ဟဲ ဟဲ... နောင်နှစ်မှာ ပြန်လည်ဆုံစည်းကြပါစို့...
    အစ်မကို ရေလာလောင်းတာ.. ဗွမ်း... ဗွမ်း.... နှစ်သစ်မှာ ပျော်ရွှင်ပါစေ...
    အစ်မ
    စာလည်းလာဖတ်ပြီး
    သီချင်းလည်းနားထောင်တယ်
    ခင်မင်လေးစားစွာဖြင့်
    On 4:15 PM PDT megumi said...
    မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင်။
    On 4:26 PM PDT Republic said...
    မင်္ဂလာနှစ်သစ်ပါ (မ)သက်ဇင် ၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ ၊၊
    မမသက်ဇင်ရေ
    နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံပါစေဗျာ
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    On 12:28 AM PDT puluque said...
    မမရေ
    မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ မမ အစစ အရာရာ အဆင်ပြေပါစေ။ အခုလို စာတွေကိုလဲ နောင်အများကြီးရေနိုင်ပါစေခင်ဗျာ...
    မင်္ဂလာနှစ်သစ်ဖြစ်ပါစေ မသက်ဇင်..ရေးထားတဲ့ အကြောင်းအရာတွေ အားလုံး အလွန်ပဲ စိတ်ဝင်စားစရာ ကောင်းပါတယ်..
    လာလည်သွားတယ် သမိုင်းဆရာမရေ :)
    On 7:43 PM PDT DTS said...
    မသက်ဇင်ရေ၊ ဆရာလာတယ်နော်။
    ဆရာက ခရီးသွားယင်းလေဆိပ်မှာ စာအုပ်တအုပ်လောက် ၀ယ်တတ်တယ်။ အဲ့ လက်ထဲမှာ ပိုက်ဆံလေးပါရင်ပေါ့။ ဒီတခေါက်တော့ သန့်မြင့်ဦးရဲ့စာအုပ်ဝယ်ခဲ့တာ အခုဖတ်နေတယ်။ ဒီစာအုပ်က မထွက်ခင် စာအုပ် (ရီဗျူး)ကတည်းက ဆရာနေတဲ့တိုင်းပြည်မှာ အတော်စိတ်ဝင်စားနေခဲ့တာ။ သူ့ကိုဖိတ်ပြီးတောင် စကားပြောခိုင်းသေးတယ်။ ဆရာရောက်ပါတယ်။ သူနဲ့ အစ်ရှူးတခုမှာ ငြင်းခဲ့ဖြစ်သေးတယ်။ မသက်ဇင် ဖတ်ပြီးပြီလား။ ပြောပါအုံး။
    မမရေ ရောက်ပါတယ်ရှင်.. မင်္ဂလာနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ အလုံးစုံ ပြီးပြည့်စုံပြီး အောင်မြင်သောဘ၀ကို ရရှိ ပျော်ရွှင်နိုင်ပါစေရှင်
    ထနောင်း
    မသက်ဇင်ရေ
    မင်္ဂလာရှိသော နှစ်သစ်ပါ။
    ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ အောင်မြင်ပြီး စာကောင်းပေကောင်းတွေ များများ ဆက်ရေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
    With loving kindness
    Nge Naing
    On 10:54 PM PDT pethein said...
    လေးစားရပါသော မသက်ရေ-
    စိတ်​၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်တူ လျှောက်လှမ်းနေတဲ့ ကိုယ်ပိုင်ဘ၀ခရီးလေး အေးချမ်း သာယာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်-
    နှစ်သစ်ရဲ့ ပထမဆုံးမသက်ဆီ အလည်ထွက်ခဲ့ပါတယ် စာတွေအရမ်းဖတ်လို့ကောင်းတယ်ဗျာ-
    လူတစ်ခုပူမှုရယ်တဲ့ ဆယ်ကုဌေတဲ့ အဲဒါကြောင့်ပဲ ကျနော်လည် ဘာမှဆက်မလုပ်ဖြစ်တာပါ၊ အခုကိုယ့်ကိုယ်ကို အားပြန်သွင်းနေတယ်(ကီးထည့်နေတယ်) မသက်ကိုအားကျတယ်-
    ဒီထက်မကအောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
    အစ်မရေ..
    နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
    လာရောက် လည်ပတ်သွားပါတယ်။
    အမရေ.. လာရောက်လည်ပတ်သွားပါတယ်..
    အခုတော့ စာမဖတ်ဖြစ်သေးဘူး.. နောက်မှ အေးဆေးဖတ်တော့မယ်.. အမလာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးပါ...
    အမကိုလည်း ကျနော့်ဘလော့မှာလင့်ထားပါတယ်..
    နှစ်သစ်မှာစိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...
    မကြီးရေ
    လာလည်ပါတယ်။လာဖတ်ပါတယ်ခင်ဗျ။
    နေကောင်းရဲ့လား
    ဘာတွေလုပ်နေတာလဲ။
    မတွေ့တာတောင်ကြာပြီ။
    နှစ်သစ်မှာ အဆင်ပြေပါစေနော်။
    ညီမငယ်ရေ ကောင်းသောနှစ်သစ်ဖြစ်ပါစေ
    ကွန်တွေတအားကျနေလို့ လာမလည်ဖြစ်တာနားလည်ပေးပါနော် အဟဲ မြန်မလာပြည်လေ သိတယ်ဟုတ် ပျော်ရွှင်နိုင်ပါစေ
    On 8:47 AM PDT inflow said...
    This post has been removed by a blog administrator.
    အမရေ ကျနော် လာပါတယ်၊ မကောင်းဆိုးဝါးတွေ လာနှောင့်ယှက်နေတယ်လို့ ကြားရတယ်။ ဂရုမစိုက်ပါနဲ့ အမရယ်.. သူ့လမ်း သူလျှောက်တတ်မှာပါ.... နှစ်သစ်မှာ အဆင်ပြေပါစေ။
    မသက်ဇင် ရေ
    မသက်ဇင်ကိုယ်စားပဲလာပြောချင်တော့တယ်
    ဆဲစာ လာရေးတဲ့ မကောင်းဆိုးဝါးတွေ
    နင်တို့ မနာလိုတာ သိသာထင်ရှားလွန်းတယ်
    အဆဲခံရတဲ့ မသက်ဇင်က ဘာမှ ဖြစ်မသွားဘူး
    ဘယ်သူ့ကိုမှ လည်းသူက တိုက်ခိုက်
    ရေးနေတာမဟုတ်ဘူ
    သူ့ ပိုစ့်ကို မကျေနပ်ရင် အမည်ရင်းနဲ့
    ပေါ်တင် ဝေဖန်လို့ရတယ်
    သူခိုးကျင့်သူခိုးကြံ မရေးနဲ့ဟဲ့
    ထမိန်ခြုံ ထဲက လက်သီးမပြနဲ့
    အမရေ
    ဘာဖြစ်နေလဲ၊
    အမြဲတမ်းအားပေးနေတယ်၊
    ခင်မင်စွာဖြင့်
    Somebody quit from following me. So sad :(
    On 8:25 PM PDT Ko said...
    ၁)စာပေနဲ့ပြည်သူ့ဘက်ကအစဉ်တစ်စိုက်ရပ်တဲ့ ဆရာဒဂုန်တာရာ စာရေးဆရာအနေနဲ့ မြင်တွေ့လိုတယ်။
    ၂)သားတစ်လုပွဲကို စင်ပေါ်ကပဲကြည့်ပါ။
    ၃)ယခုဆင်ထားတဲ့ ထောင်ချောက်ထဲ အစ်မငယ်မ၀င်ဘူးလို့ ယုံကြည်တယ်။ (တုံ့ပြန်ခြင်းမပြုပါနဲ့)
    မောင်ငယ်
    ဒီနေ့ ရန်ကုန် ပြန်ရောက်ရောက်ချင်း... လာလည်တာ၊ အစ်မဆီလည်း မရောက်တာ တော်တော် ကြာသွားပြီ။ နေကောင်းတယ်နော်. . . ပိုစ်အသစ်လေးတွေ တွေ့ရလို့ ကျန်းမာနေတယ်လို့ ထင်တယ်။ သင်္ကြန်မှာ ပျော်ခဲ့လား၊ ကျွန်တော်ကတော့ အညာသင်္ကြန်မှာ ပျော်ခဲ့တယ်။
    အစ်မ မှာတဲ့ မုံရွာ ၀က်အူတောင့်လေ. . .
    ကားခ မလောက်လို့ ရောင်းစားလိုက်ရတယ်... ဟီး ဟီး... :D
့  ????
    ထ ကြည့်ရင် အိပ်ရေးပျက်မယ် အစ်မ
    ပိုစ့်အသစ် တင်ပါတော့
    မမသက်ဇင် စာလာဖတ်ပါတယ်
    သီချင်းလေးလဲ နားထောင်သွားပါတယ်
    အစ်မသက်ဇင် ကျန်းမာရွှင်လန်းပါစေ :)
    This post has been removed by the author.
    On 12:28 PM PDT mgngal said...
    မှတ်သားစရာတွေ ချည်းပါပဲလား အစ်မရေ ။ အရမ်းကောင်းမွန်ပါတယ် ဖတ်ရတာ ။
    သီချင်းကိုဖွင့်ပြီးမှ တစ်ချို့နေရာတွေ ပြန်ဖတ်နေသေးတယ်။
    ကမ္ဘာကြီးမှာ အသက် ရှင်
    စက္ကန့်နှင့် အမျှ စိုးရိမ်ပူပင်
    အင်း.. တွေးချင်စရာ၊ မှတ်သားစရာလေးပါ။
    သုခမိန်(E-Journal)
    အမ
    ဘယ်သွားနေလဲ အရိမဒ္ဒနအကြောင်းတွေ ထပ်မရေးတော့ဘူးလား။ ကျနော်တို့ စောင့်မျှော်နေတယ်ဆိုတာ မေ့နေပြီထင်တယ်။ ပျော်ရွှင်ပါစေ အမ။
    On 3:53 AM PDT Pinkgold said...
    အမ..
    အလုပ်တွေ များနေလား.. အသစ်တွေ စောင့်နေတယ်နော်
    ဗဟုသုတတွေ၊လာရောက်တူးဖေါ်ပြီးတန်ဖိုးရှိသုတတွေဦးနောက်အိပ်ကပ်ထဲကောက်ထည့်သိမ်းဆီးသွားပါ၏၊ခင်ဗျား။
Blogger Templates by Blog Forum
Clicky Web Analytics