ပုဂံ ညနေခင်းများ
ပေါ်တူဂီ လူမျိုး တွေ ဟာ တရုတ် အိန္ဒိယ အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ဆီ ကုန်သည် တွေ အ ဖြစ် သာသနာ ပြု တွေ အဖြစ်- ပင်လယ် ဓါးပြ တွေ အဖြစ် လှည့်လည် ကျက်စား ခဲ့ကြတယ် လို့ ပြောပြ ခဲ့ တာ သိထားပြီး အဲဒီ တုံးက ကမ္ဘာ့ အခြေအနေ တွေကို ပြောပြ ပါ လားဟု ကျမက တောင်းဆိုသောအခါ

အဲဒီ ကာလ က ဥရောပ တိုက်သား များ ရဲ့ နောက်ခံ သမိုင်း ကို အကြမ်းဖျဉ်း လေ့လာကြည့် တဲ့ အခါ ၊ အာရှ ၊ ဥ ရောပ နှင့် အာဖရိက တိုက်ရဲ့ သုံးမြေဆိုင် မြေထဲ ပင်လယ် ဒေသ တဝိုက်မှာ ထင်ရှား ကျော်ကြားတဲ့ ရောမ အင်ပါယာကြီး ပျက်စီး သွားခဲ့ တဲ့ ၅ ရာစု ခန့်လောက်က စပြီး အမှောင် တိုက် ထဲကို ကျရောက် နစ်မွှန်း နေခဲ့ တဲ့ ဥရောပ တိုက် ဟာ ၁၄ ရာစုခန့် လောက်မှ ပြန်လည် လွတ်မြောက် ရန် ရုန်းကန် လှုပ်ရှား စ ပြု လာ တယ် အချိန်ကာလ က အတိုးတက်ဆုံးဖြစ်တဲ့ အီတလီနိုင်ငံ ၊ ဖလောရင့်စ် ၊ ဗင်းနစ်စ် ၊ ဒေသ တ ဝိုက် က အစ ပြု ပြီး မြန်မာနိုင်ငံ ကို ရောက်ဘူး တဲ့ မြန်မာနိုင်ငံ အကြောင်း ရေးသား ထားကြ တဲ့ ဗင်းနစ်စ် မြို့ သား မာကိုပိုလို ၁၃ ရာစု ၊ အီတလီ နိုင်ငံသား နီကိုယိုဒီ နှင့် ကွန်တီ ၁၅ ရာစုဝန်းကျင် ၊ ဆံတိုစတက်ပင်နို ၁၅ ရာစု ဝန်းကျင် ၊ ရုရှား နိုင်ငံသား နီတင်ကင် ၁၅ ရာစု တို့၏ ခရီးသွား မှတ် တမ်းများကို တွေ့ရှိရ တယ်။

၁၄ ရာစုခန့် အထိ ဥရောပ တတိုက် လုံးကို လွှမ်းမိုး ကြီးစိုး ခဲ့တဲ့ ကက်သလစ် ဂိုဏ်းကြီးနဲ့ ပဒေသရာဇ် စနစ် အို ကြီး ဟာ ဆင်းရဲသား များရဲ့ ပုန်ကန်ထကြွ မှု ကြောင့် အင်အား လျော့ပါး လျက် ရှိနေတယ် ၊ အရင်းရှင်စနစ် ကို စတင် အသက် ဝင် ခါ စ ပေါ့။ အဲဒီ အချိန် ကာလ က အင်အား ကြီးမား တဲ့ စပိန်နိုင်ငံ နဲ့ စပိန်ဘုရင် အုပ် ချုပ် လျက် ရှိတဲ့ ပေါ်တူဂီ နိုင်ငံသား တွေဟာ အတ္တ လန်တိတ် ၊ ပစိဖိတ် ၊ အိန္ဒိယ သမုဒ္ဒရာစတဲ့ ရေပြင် တွေ ကို ဖြတ် ကျော်ပြီး တိုင်းသစ် ပြည်သစ် ရှာဖွေ ခဲ့ကြ တယ် ၊ အတ္တလန်တိတ် သမုဒ္ဓ ရာ နဲ့ အမေရိက ကုန်းမြေ ၊ ပစိဖိတ် သမုဒ္ဓရာကို ဖြတ်ကျော်ပြီး ဖိလစ်ပိုင် ကျွန်းစုတွေကို တွေ့ရှိ တယ် ရာ စုနှစ် အတော်ကြာ ထိ လွှမ်း မိုး ကြီး စိုးခဲ့တယ် ပေါ်တူဂီ တွေဟာ အာဖရိက တိုက်ကို အတ္တလန်တိတ် သမုဒ္ဓရာ ရေပြင်မှ လှည့်ပတ်ကာ အိန္ဒိယ သမုဒ္ဓရာ ကို ဖြတ်ကျော်ပြီး နောက် ၁၅ ရာစု ကျော် ကျော် လောက် မှာ အိန္ဒိယ နိုင်ငံက ဂိုဝါနယ် အင်ဒိုနီးရှင်းကျွန်းစုက ဂျာဗားနယ် နဲ့ တရုတ်နိုင်ငံက မာကောက် နယ် တွေကို သူတို့ရဲ့ အခြေခံစခန်းများ အဖြစ် ပြုလုပ်ခဲ့ကြတယ် ။

အဲဒီ လို အာရှတိုက် ကုန်းမြေနဲ့  အိန္ဒိယ သမုဒ္ဒရာ ရေပြင် တ၀ိုက်ကို ကျူးကျော်ဝင် ရောက် နေကြ တဲ့ ပေါ် တူဂီများ ထဲ မှာ ဖောက် ကား ရောင်းဝယ်မှု အတွက် နယ် သစ် ပယ်သစ် နဲ့ ဈေးသစ် များ ထူထောင် ကြသူ များ အပြင် ကက်သလစ် ဂိုဏ်းဝင် သာသနာ ပြု များ နဲ့ ကြေးစား စစ်သား များက အစ ပင်လယ် ဓားပြ များ အ ထိ ပါဝင်နေတာကို တွေ့ရှိရတယ်

အဲဒီ စပိန် နဲ့ ပေါ်တူဂီ တို့ဟာ အတ္တလန္တိတ် ပစိဖိတ်နဲ့  အိန္ဒိယ သမုဒ္ဒရာ ရေပြင်တွေမှာ မင်းမူပြီး အ မေ ရိကနဲ့ အာရှတိုက် ကုန်းမြေတွေ ပေါ် ကျူးကျော် ၀င်ရောက်ခြင်း ပြု နေတဲ့ အချိန်မှာ ဗြိတိန် ပြင်သစ်နှင့် ဒတ်ခ်ျ စ တဲ့ ဥရောပ နိုင်ငံသားတွေဟာ သူတို့နဲ့ ယှဉ်ပြိုင်ခြင်း ပြုနိုင်လောက်အောင် အခြေအနေ မရှိကြ သေး ဘူး။ အဲဒီ အချိန်က ဒတ်ခ်ျ တွေ ဟာ စပိန်ဘုရင် လက်အောက်ခံ ဘ၀က လွတ်မြောက် နိုင်ဘို့- အတွက် ရုန်းကန် တွန်း လှန် နေရ သေး တဲ့ အခြေမှာသာ ရှိသေးတယ် တခုက ဗြိတိန်နဲ့ ပြင်သစ် စတဲ့ နိုင်ငံတွေ မှာ တန်ခိုး အင်အား ကြီး မား နေတုန်းဖြစ်တဲ့ သက်ဦးဆံပိုင် ဘုရင်နဲ့ ပဒေသရာဇ် စနစ်တွေကို ရှင်း လင်း ဖယ် ရှားခြင်း မပြုနိုင်သေး ဘူး။

စပိန်နှင့် နှိုင်းယှဉ်လိုက်တဲ့ အခါ ဗြိတိန်နဲ့ ပြင်သစ် တို့ ဟာ ဒုတိယ တန်းစား နိုင်ငံများ အဆင့်၌သာ ရှိကြတယ် ဒါ ကတော့ ဒုတိယ မြန်မာနိုင်ငံ ကို စည်းလုံး သိမ်းသွင်း ပြီး ပြန်လည် ထူထောင်ခြင်း ပြုအံ့ ဆဲဆဲ အ ချိန် လောက် က မြန်မာ နိုင်ငံ အပါ အ၀င် အာရှတိုက် ကုန်းမြေနှင့် အိန္ဒိယ သမုဒ္ဒရာ ရေပြင် များသို့ ကျူး ကျော်ဝင် ရောက် လျက် ရှိတဲ့ ပေါ်တူဂီ ကိုလိုနီသမား များနဲ့ အခြား ကျူးကျော် ၀င်ရောက် အံ့ ဆဲ ဆဲ ဖြစ်တဲ့ ဥရောပ တိုက် ကိုလိုနီ သမားများရဲ့ ကျောထောက် နောက်ခံ သမိုင်းနဲ့ ယေဘုယျ အ နေအထားပဲဖြစ်တယ်--ဟု ရှင်းပြ ခဲ့ ပါ သည်။

သူ က
ပုဂံ ညနေခင်း နှင့် ပုဂံ ရှုခင်းတွေ ကြား သူနှင့် ကျမ လမ်းလျှောက် ရင်း ဗဟုသုတ တွေ ရှင်းပြခဲ့သလို-ချစ်ခြင်း မေတ္တာ နှင့် အမှန်တရား၏ တောင်တန်းများ အကြောင်း ဆွေးနွေး ခဲ့ကြသည် အနုပညာ ဖန်တီးခြင်း ကို သူ ကျန် နေသည့် သူ့အသက် ထက်ဝက် နဲ့ ဆက် လုပ်သွားမှာပါ မ ရယ် တဲ့ ကျွန်တော့်ဘဝ ထဲ ဝင် လာရဲ ပါ့ မလား လို့ မေး သလိုလိုနှင့် ကျမ ထံမှ အဖြေ ကိုတော့ သူ မတောင်းဆိုခဲ့ပါ

ဟိုးအဝေး မိုးကုပ် စက်ဝန်း တနေရာ ဆီသို့ သူငေးမော ရင်း ပြောပြသည် ကျွန်တော် ၁၀ တန်းဖြေပြီး တဲ့နေ့မှာ သူငယ်ချင်း တယောက်ရဲ့ တောရွာ လေးဆီ အလည် လိုက်သွားတယ် နှစ် ရက်လောက်ကြာ တယ် ပြန် လာ တော့ အဖွားက အထုပ်ကလေးပြင်ထားတယ် ဦးလေးဆီ သွားနေတော့တဲ့ ၁၀တန်း ဖြေပြီး စ ကျွန်တော် ဘုမသိ ဘမသိပါပဲ နောက် ၃ လ ကြာမှ အမေ အိမ်က ဆင်းသွား တာ သိရတယ် ဦးလေး အိမ်မှာ နေရင်း မနက် ၂ နာ၇ီထိုး လောက်မှာ အဖွားနဲ့ အဒေါ် စကားပြောနေတာကို ကျွန်တော် နိုးသွား ပြီး ကြား လိုက်ရတယ် ကလေး တွေ တော့ ဒုက္ခ ပဲတဲ့ သားသား သိသလား ဆိုတော့ အဖွားက မသိ သေး ဘူးတဲ့ အဲဒီ အချိန်မှာ အသံ မထွက်အောင် ကြိတ် ငိုခဲ့ရတယ် နောက်နေ့ တွေမှာလည်း အဖွား ရှေ့မှာ မသိချင်ယောင် ဆောင်နေခဲ့ရတယ် လူပျိုပေါက် အရွယ် ဆယ်ကျော်သက် ဘဝ ကတည်း က စိတ်ထဲမှာ အနာတရ တွေ အများကြီး ဖြစ်ခဲ့ တယ် ကိုယ့် ဘဝ ကိုယ် ရုန်းကန်ရတယ် ကိုယ်ခြေထောက် ပေါ်ကိုယ်ရပ်ရတယ် အဲဒီ ကတည်းက စပြီး ကိုယ့်ဖာသာ အလုပ် ရှာ လုပ် တယ် သူငယ်ချင်းတွေနဲ့ စုနေ တယ် အဝေးသင်တက်တယ်

သူ တိုးတိတ်လွန်းစွာ
ဟိုး အဝေး တနေရာသို့ စိုက်ကြည့်ကာ ညည်း တွားသံ လိုလို ပြောပြသည် သူ မိဘမေတ္တာ ငတ်မွတ် ခေါင်း ပါး ခဲ့ရသည်ပဲ မျက်ရည် ဝေ့ သော သူ့ မျက်ဝန်း တွေကို ကျမ ကြင်နာ နွေးထွေး စွာ အား ပေး နေမိသည် လေနုအေး က နူးညံ့ လွန်း စွာ သူနှင့် ကျမ ကြားကို ဖြတ်ဝင်လာခဲ့သည် ဆံပင် ရှည် ကို နှစ်သက်စွာ ထားတတ်သည့် သူ့ကို ကျမ ငေးမောကြည့်နေမိသည် ဂီတ နက်သန် ကိုစောညိန်း၏ တေး များစွာကို သူ နှစ်ခြိုက် သည် သူ့ လက် ချောင်း တွေက ကဗျာပန်းတွေ များစွာ ဖူးပွင့်စေခဲ့သည် သူ့ ရင်ခုန်သံတွေကို ကျမ အတွက် အိပ်မက် အဖြစ် သူ ပေးခဲ့သည်။

ကျမ က ရော
အစ်မကြီး တော့ အမိအရာ ဆိုသည့် ထုံးတမ်း ဓလေ့များ ကို ကိုင်စွဲကာ ၊ ကျမအား တယောက်ပြီး တယောက် ပြောလာ ကြသည်။ အိမ်ထောင်ရေး ဆိုတာ မိန်းကလေး အတွက် အရေးကြီးတယ် သမီး အတွက် အကောင်း ဆုံးဖြစ် အောင် မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းတွေ အားလုံးက ဝိုင်းဝန်း လုပ်ထား တာ တဲ့ ကျမ ကို အရုပ်ကလေးလို လှပသည့် အဘိုးတန်ဆာ တွေ ဆင်ပြီး မှန်ဘီဒိုထဲ အလှ ပြရန် ကြိုးစား နေကြသည် လိုရာ သွန်းလုပ်ရန် ပုံစံခွက်ထဲ ထည့် ကြသည် သူတို့ ပြောသမျှ တခွန်း ပြန်ပြော ခွင့် မရသည့် ကျမ အား သူတို့ သ ဘောကျ စီမံသည် ကာယကံရှင်ကို လူရယ်လို့ အရေး မထား ဖန်တီး ချင်ကြ သည် ဒါပေမယ့် ကျမ စိတ် ကို ဘယ်သူ ဘယ်ဝါကို တော့ မချစ်နဲ့ လို့ ပြောလို့ မရဘူးမို့လား သူတို့ နှစ်သက် သူ ကိုပဲ ချစ်ရမယ် လို့လည်း စီမံ လို့မှ မရတာ ၊ အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ မဟုတ်တာ ၊ အသဲနှလုံး ဆိုတာ ၊ ကော်ဖီတခွက်မှ မဟုတ် တာ ၊ ရှင်လျက်နှင့် သေခြင်း ဆိုသည့် အိပ်မက်ကို ကျမအား ပေးနေကြပါပြီလေ

50 comments:

    On 6:21 PM PDT Upasaka said...

    ဟုတ်ပါတယ်မသက်ဇင်
    တခါတလေမှာ ဓလေ့ထုံးတန်းဆိုတာတွေကြောင့် မမှားသင့် တဲ့
    အမှားတွေရှိတတ်ကြတယ်၊ပြီးတော့ အဲဒီတယူသန်တဲ့ ဓလေ့ ထုံးတန်းတွေကြောင့် လည်း.....ရှင် နေရက် နဲ့သေသွားရတဲ့ ဘ၀တွေ...အများကြီး ပါ။
    လေးစားစွာဖြင့်။ ။ဥပသကာ

     

    "ပေးဆပ်ခြင်း"
    မခေါ်ပေမဲ့လာပါတယ်...
    မနှင်ပေမယ့် ပြန်ပါ့မယ်.....
    နှုတ်မဆက်ဘဲ လမ်းခွဲခဲ့ရင်တောင်မှ....
    အချစ်ဆိုတာက..
    ကိုယ်က ချစ်နေရဖို့....
    သက်သက်ရယ်ဘဲလေ...၊၊

     
    On 6:59 PM PDT Welcome said...

    အစ်မရေ ..
    စာကြွေးတွေ တနင့်ကြီး ဖတ်သွားပါတယ်။ နက်မကောင်းလို့ အမြဲ မရောက်ဖြစ် ခဲ့ဘူး။

    ကျန်းမာရေးဂရုစိုက်ပါ
    ပျော်ရွှင်ပါစေ

     

    အစ်မသက်ဇင် စာရေးတော်တော် ကောင်းတယ် သမိုင်းကို ဖတ်လို့ကောင်းအောင် ရေးတတ်တယ်

     

    This post has been removed by the author.

     

    comment ကိုနှိပ်လိုက်ရင် Access denied ဖြစ်တယ်ဗျ၊Site ကကျော်စရာမလိုဘူး၊ စာတွေလာဖတ်သွားပါတယ် အစ်မတော်ရေ၊ နေကောင်းကျန်းမာပါစေ။

     

    အမရေ မှတ်သားပါတယ် စိတ်ဝင်စားတယ် မျှော်နေဦးမယ် အခြားအကြောင်းရာ သမိုင်းတွေကို...

     
    On 8:53 PM PDT Ko said...

    ကိုစောညိန်းက ခင်လေးနဲ့ ချစ်သူဖြစ်ခဲ့တယ်။
    စစ်အတွင်း ကွဲသွားတယ်။"ရေမြေဆုံးစေတော့ကွယ် ခင်ဖုန်းကိုတော့ တွေ့အောင်ရှာမယ် "ဆိုတဲ့ သစ္စာ.သီချင်းဟာ ဒါကိုရည်ရွယ်ပုံရတယ် ။ နောက်တော့ ခင်လေးကို အိမ်က လက်ထပ်ပေးတယ် ကြားတယ်။ ကိုစောညိန်း ကဗျာဆရာ ဖြစ်လာတော့တယ်။

    နှစ်အတန်ကြာတော့ ခင်လေး လိုက်လာတယ်။ သူ့နှလုံးသားကို ကိုစောညိန်းကလွဲလို့ ဘယ်သူ့ကိုမှ မနှင်းအပ်နိုင်ဘူးတဲ့။ လက်ထပ်ပွဲကို ငြင်းလိုက်တယ် ဆိုတယ်။ ကိုစောညိန်းက ခေါင်းခါတယ်။

    ပွင့်ဦးမှာအခုလို တွေ့ရတယ်။ "ဆက်သွယ်သန္တတိ မမြဲသော ရုပ်နာမ်ပြောင်းလဲသည့်နှယ် ဖြစ်ပြန်ပျက်ပြန် အဖြစ်မှန်တရားရယ်..မူလွန်းခဲ့သူရယ် ပွင့်ဦးကြွေမှ ဖြင့်ကွယ် မပန်ဆင်စေချင်ရက်တော့တယ်..။" အချစ်ဟာ ပြောင်းလဲနိုင်သလား။ မဟုတ်။ နောက်ကွယ်မှာ အကြောင်း အမျိုးမျိုးရှိမယ်။ တစ်ခုကတော့ ကိုစောညိန်းက (အဲဒီခေတ်တုန်းက) လူကိုဆင်းရဲစေ တဲ့ အနုပညာကို ဒုတိယ အချစ် အဖြစ် ထားလိုက်ပြီ။ ထောင်သားဟာ နန်းမတော်မဘုရားနဲ့ မအပ်တော့ဘူး။ ခင်လေးဆိုတဲ့ ပွင့်ဦးက ကြွေခဲ့ပြီ။

    ကိုစောညိန်းက ဖြောင့်မတ်တယ်။ အနုပညာမာန ကြီးတယ်။ သူ့လောက်တော်တဲ့သူလည်း တကယ် ရှားတယ်။ အိမ်ထောင်မပြုံဘူး။ ချစ်သူသစ်လည်း ထားခဲ့ပုံမရဘူး။ တစ်သက်လုံး ပျော်နိုင်ခဲ့ပုံ လည်း မရဘူး.။ အစွဲအလန်းကြီးတယ်။ "ရိုးတံဆင့် ပင်မြင့်ယံမှာ စံပယ်ညီလာ
    ထိပ်ခေါင်ပန်းမြတ် သမတဘုရင်၊ ငွေသဇင် ယဉ်မူနွဲ့ကာ
    ဝေဟင်ဘုံနန်းဇာတိ၊မြေမထိတော်ဝင်မာလာ"။
    လို့ပဲခင်လေးကို တွက်ထားတော့တယ်။

    ခင်လေးကကော.တကယ် ချမ်းသာသလား.။ တန်ဖိုးထားခြင်းနဲ့ စိတ္တဗေဒ ပေါ်မူတည် ကွဲပြားမယ်။ ကိုစောညိန်းက လူငယ်ဘ၀မှာတင် ဆုံးတယ်။ ၀ဋ္ဋ်မကုန်သေး သ၍ ဆပ်ကြစို့ဆိုရင်ဲသူအရင်ကုန်တယ် ဆိုရမယ်။ ဖြစ်လေ့ရှိတာထက် ဆန်းသလိုထင်ရပေမဲံ ဒီအဖြစ်မျိုးက မရှားလှဘူး...
    အစ်မရယ်။

     

    စုံလှချည်လား အမရယ်.. ဆောင်းပါးတွေရော ကွန်မင့်တွေရောပဲ.. တကယ်ကို တန်ဖိုးရှိလှပါတယ်ဗျာ..

    စာဖတ်သူကို ဆက်ဖတ်ချင်လာအောင် တပါတည်း ဆွဲဆောင်နိုင်အောင်ရေးတတ်တဲ့ စွမ်းအားတွေ ကျနော်လည်း လိုချင်ပါရဲ့ဗျာ...

     

    သုတကို ရသနဲ့မွှေရေးတာ ကြိုက်ပါတယ်။

    အချက်အလက်တွေ ဗဟုသုတရတယ်။

    ကိုစောညိန်းကို သတိတရရှိသူများ ဒီမှာ ( http://gita-netthan.blogspot.com/2009/01/blog-post_5402.html ) မန္တလေးသိန်းဇော် အသံဝါဝါနဲ့ ပြန်ဆိုထားတဲ့ ကိုစောညိန်း သီချင်းတွေပါ။

    သင်ကာ

     
    On 10:31 PM PDT DTS said...

    ပေါ်တူဂီလူမျိုးတွေ တချိန်ကနှစ်တွေ အကြာကြီး သိမ်းပိုက် စိုးမိုး ချယ်လှယ်ခဲ့ဘူးတဲ့ နေရာတခုမှာ ဆရာ ရောက်နေရင်း သတိရလို့

     

    ပျားရည်စက်လေး နှင်းဆီပွင့်ချပ်ပေါ်မှာ ပျော်ဝင်ပါစေ.။

     

    စာဖတ်သူရဲ့ အသည်းနှလုံးကို ဆွဲယူနေပြီ။ မေးခွန်းတွေ လာတော့မယ် ထင်တယ်။

     

    အမရေ ...စာတွေ လာဖတ်သွားပါတယ် ..စာတွေက တကယ့်ကို ဗဟုသုတတွေ ရစေပါတယ် ...အကျိုးလဲ ရှိပါတယ် ..အမရေးတဲ့ ပို့စ်တွေကို ဆက်လက်ပြီး မျှော်လင့်နေပါကြောင်း ....

    ခင်မင်စွာဖြင့်

    မနောသား

     

    မသက်ဇင်ရေ
    လာဖတ်သွားပါတယ်။ ဖတ်လို့ကောင်းပါတယ်၊ ဒီအတိုင်းဆို ဇာတ်လမ်းက ကမ္ဘာ့သမိုင်းရော မြန်မာ့သမိုင်းပါစုံအောင် ဖေါ်ပြပြီးလို့ မသက်ဇင် ပုဂံကို နောက်တခေါက် ပြန်ရောက်မှ ပြီးလိမ့်မယ်လို့ ခန့်မှန်းရတယ်။ ဆုံးတဲ့အထိ စောင့်ဖတ်ပြီး အားပေးနေမယ်နော်။

     

    တန်ဖိုးရှိတဲ့ သမိုင်းစာပေကို လာဖတ်သွားပါတယ် မမသက်ဇင်း)

    ကျန်းမာပျော်ရွှင်ပါစေ :)

     

    အစ်မရေ..

    လုံးချင်း..နော်...

    ကိုရေးတဲ့ ကွန်းမန့်လေးကိုပါ..
    သဘောတကျဖတ်သွားပါတယ်..အစ်မ။

     
    On 7:09 PM PDT DTS said...

    ဆရာမရေ
    ပုဂံအကြောင်းတွေ ဖတ်ရတော့ ပုဂံသားတယောက်ကို အမှတ်ရမိတယ်။ သူက ပန်းချီ-စစ်ငြိမ်းအေး။ ဆရာ့ရုံးမှာဘဲ လာလာ့ပီး ဒီ(ဘလော့်ခ်) လုပ်နေသူပေါ့။ http://sittnyeinaye.blogspot.com/ (ပုဂံအလွမ်း)ကားချပ်တခုလဲ တွေ့ရမယ်။

    ဆရာ့စာထဲ (ကွန်မင့်)ရေးလို့ ၀မ်းသာရတယ်။ အရာရာနဲ့ ဝေးနေချိန်မို့ ပိုပြီး ၀မ်းသာတယ်ပေါ့။ အဲဒီမှာ စာကြွင်းတိုလေး ထပ်ဖြည့်လိုက်ပါတယ်။

    တင့်ဆွေ

     
    On 7:32 PM PDT Republic said...

    အမြဲဗဟုသုတ ဖြစ်ဖွယ်တွေ ရေးတဲ့ ပေးတဲ့ (မ)သက်ဇင် ၊၊ ကျေးဇူးပါ၊၊

     
    On 8:23 PM PDT win latt said...

    ဆံပင်ရှည်နဲ့ ကောင်လေးကို...“ မ” ချစ်နေလား။
    “မ”အသဲနှလုံးကို “မ”ကိုယ်တိုင်စီမံဖန်တီးခွင့်ရှိရင်
    ကောင်လေးဘဝထဲကို တိုးဝင်ပစ်လိုက်ဖို့ အကြံပေးမယ်နော်...။
    ကောင်လေးက သူ့အမေကြောင့် မိန်းမလေးတွေကို မဝံ့ရဲ တာဆိုရင် “မ”မှာ တာဝန်ရှိတယ်ထင်တယ်။ ကောင်လေးနားလည်သွားအောင် အနားတိုးပြီး ရှင်းပြလိုက်ပါ“မ”ရယ်...နော်။
    မှ....
    ကောင်လေးသူငယ်ချင်း.....။

     

    မသက်ရေ

    ငိုချင်တယ် ..
    အခုတလော မသက်ဆီ မလာဖြစ်တာ ..
    အလိုလို ငိုချင်နေတာရော ..
    ပြီးတော့ ပုဂံအလွမ်းတွေကိုလဲ ပိုခံစားရလို့ ..

    အစ်မ ငိုချင်နေတုံးပဲ မသက် .. ဘယ်လိုလုပ်ရမလဲ ..

     

    အစ်မ မသက်ဇင်ရေ.. တန်ဖိုးရှိတဲ့ ဗဟုသုတစာပေလေးတွေကို အစ်မဆီရောက်မှပဲ ဖတ်
    ရတာလေ... ကျေးဇူးတင်ပါတယ် မမရေ...
    အစ်မက စာရေးအရမ်းကောင်းတော့ ဖတ်လို့ အရမ်း
    ကောင်းပါတယ်.

     

    ဟီး ကျွန်တော် ပုဂံမရောက်ဖူးဘူးဗျ ....

     
    On 9:20 AM PDT megumi said...

    ဖတ်လို့ကောင်းလိုက်တာ။ အဆက်ကို မျှော်နေမယ်နော်။

     
    On 4:49 PM PDT MrDBA said...

    အမ စာတွေလာဖတ်သွားတယ်ဗျ။ စကားမစပ် ဘန်နာပုံလေးကြိုက်တယ်ဗျာ။ တော်တော်လှတယ်။

     

    တကယ်ကောင်းတဲ့စာတွေပါပဲ...။လေ့လာမှတ်သား
    သွားပါတယ် ....အစ်မရေ....။

     

    အစ်မ ရေးတဲ့ သုတ နဲ့ ရသ ဖတ်ပြီး
    ဂီတနက်သန်ကိုစောညိန်း၏တေးများကို
    ကိုသင်ကာ ညွှန်းသည့်
    http://gita-netthan.blogspot.com/ မှာရော
    အလှတရားဘလောဂ့်
    http://ahlataya.blogspot.com/
    မှာ ပါ သွားနားထောင်ပါတယ်

     

    ဟုတ်ပါတယ်။ အချစ်ဆိုတာကို ပုံစံခွက်ထဲထည့်ပြီး သွန်းလုပ်လို့ မရနိုင်ပါဘူး။

     
    On 6:45 PM PDT freedom said...

    အစ်မ ကျွန်တော့် ဆီလာသေးလာမသိဘူး။ ကျွန်တော် အခုကျောင်းတက်နေရပါပြီ။အဲတာ
    ကြောင့် blog လဲမရေးတော့ပါဘူး။နောက်ပိုင်း မှပဲ အချိန်ရှိမှ ပြင်ကာဆင်ကာ နဲ့ ပြန်ရေးမှာပါ။
    ကျွန်တော် နောက်ကျမှ အကြောင်းပြန်တဲ့ အတွက် sorry ပါ။ ကျွန်တော် blog ကိုခဏ ပိတ် ထားတာပါ။ ဒါပေမယ့် အစ်မ ရဲ့ blog ကိုတော့ လာဖတ် ပါတယ်။ ကျွန်တော် ရေး တဲ့ comments ကို ဖော်ပြမနေပါတော့နဲ့ ကျွန်တော် က အစ်မ ကို blog ပိတ်တဲ့အကြောင်း လာပြောတာပါ။ ခင်မင်လေး စားလျက်။ ညီညီ ခေါ် saihlaingkham

     

    ရောက်တယ် မသက်ဇင်။
    ဖတ်တယ် မသက်ဇင်။
    တွေးစရာတွေနဲ့ ရသစုံပေးနိုင်တယ် မသက်ဇင်။
    ပျော်ရွှင်အဆင်ပြေပါစေ မသက်ဇင်။

    သုခမိန်(E-Journal)

     

    အမ စာတွေလာဖတ်သွားတယ်ဗျ။

     

    ဗဟုသုတနဲ့ ပြည့်စုံတဲ့ ရသတွေအများကြီးနဲ့
    ရေးသားထားတဲ့ အမရဲ့ စာတွေကိုဖတ်ရတာအရမ်း
    အားရလှပါတယ်..
    ဆက်လက်စောင့်မျှော် အားပေးနေလျှက်ပါ
    ခင်မင်လေးစားချစ်ခင်စွာဖြင့်
    ဖိုးစိန်

     

    အင်း.....ဇတ်လမ်းကတော့စပြီ ။
    ပြီးကြရင်မြန်မာကားထဲကလိုအဖြေပေးတော့မယ်နဲ့ တူတယ် ။
    အပျိုကြီးမရိုးတော့ဘူး။
    ဇတ်လမ်းအဆုံးကတော့... မောင်မျိုးမင်းလိုသိမ်းမလား...
    အကြည်တော်လိုသိမ်းမလား ... နီကိုရဲလိုသိမ်းမှာလား ...
    လို့ သာဆက်စောင့်  ရုံပေါ့ ။

    /Mr. Zaw

     

    ချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ---- ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ --မဟုတ်တာ--အသဲနှလုံး --ဆိုတာ-- ကော်ဖီတခွက်မှ မဟုတ် တာ-----ရှင်လျက်နှင့် သေခြင်း ဆိုသည့် အိပ်မက်ကို ကျမအား ပေးနေကြပါပြီလေ----- <---
    စာသားလေးတွေရင်နဲ့ အပြည့် ခံစားရတယ်...

     
    On 9:03 PM PDT Dream said...

    တီတီဇင် ကအရမ်းတော်တာပဲ... မြန်မာ့သမိုင်းနဲ့
    ကမ္ဘာ့သမိုင်းကို တော်တော်ကျေညက်တာပဲ...
    လေးစားပြီးရင်းလေးစားပါပဲ တီတီဇင်ရေ....

    မက်မက်လည်း အခုတလော လုံးဝ လုံးဝကို ခေါင်းမဖော်နိုင် ဖြစ်နေတယ်တီဇင်ရေ... ဘယ်လောက်ပဲ အလုပ်များများ တီဇင့်ကိုတော့ သတိရပါတယ် တီဇင့်ရ......... ဟီးးး

    အာဝါးးးးးးးးးးးးးးးးးးးးး

    ဟင့်လာတာတောင် တော်တော် နောက်ကျနေပြီ...
    :(

     

    ကျနော်လည်းတွေဝေမိန်းမော နေမိတယ် အမရေ...

    အရာရာ တဖြည်းဖြည်းချင်းနဲ့ကို ရွေ့နေတယ်....

    ရွှေပြည်တော်ကလည်း မျှော်တိုင်းဝေးနေသေးတယ်...

    တနေ့တော့....

    လက်ရှိတော့ ပြည့်စုံ အသဲကွဲနေတယ် ....
    နေရာတိုင်းမှာကလည်း ရွှေဝါရောင် ပိတောက်တွေက...
    ဝေလို့ လှိုင်လို့... သတိမရချင်တွေပါ သတိရရနေတယ်ဗျာ...

    ပျော်ရွှင်ပါစေ အမရေ.. နှစ်သစ်မှာ အားလုံးအေးချမ်းကြပါစေ...

     
    On 12:48 PM PDT NLS said...

    ဇာတ်အိမ်တောင် တော်တော် ကြီးလာပြီနော်။ ဒါတောင် အခုမှ ပုဂံအကြောင်းပဲ ရှိသေးတယ်။ သူတို့ နောက်တစ်နေရာမှာ တွေ့ကြဦးမှာလား။ ဘာတွေ ဆက်ဖြစ်မှာလဲ။ ဓလေ့ထုံးတမ်းတွေက အသာရသွားမှာလား။ မိဘမောင်ဘွားတွေက ကန့်ကွက်ကြမှာလား။ အသည်းကွဲ ဇာတ်လမ်းလား။ ဟက်ပီးအန်းဒင်းလား။ အသည်းကွဲ ဇာတ်လမ်း ဆိုရင်တော့ အခုကတည်းက မဖတ်တော့ရင် ကောင်းမလား မသိဘူးနော်။ သနားပါတယ်။

     

    လာလည်ပါတယ်မသက်ဇင်။ ပုဂံကို ဟိုးအဝေးကနေပဲ လွမ်းနေရရုံပဲပေါ့ဗျာ

     
    On 2:38 AM PDT DTS said...

    မသက်ဇင်ရေ -
    သမိုင်းကို ကိုးတန်းအထိဘဲသင်ခဲ့ရတာ။ ကြီးလာလေလေ သမိုင်းကိုစိတ်ဝင်စားလေ ဖြစ်လာတယ်။ အခုခရီးမထွက်ခင်က သမိုင်းစာအုပ်တအုပ် ဖတ်နေခဲ့တာ။ (Peguin)က မကြာသေးခင်ကမှ ထုတ်တဲ့ World History စာအုပ်ထူကြီးပေါ့။ ဒီစာအုပ်မှာ သမိုင်းကို မင်းစဉ်-မင်းဆက်၊ ရာစုစဉ်ဆက်နဲ့ ရေးတာမဟုတ်ဘူး သမိုင်းကို ပြောင်းစေတဲ့ အဖြစ်အပျက်တွေကို ရေးတယ်။ ဥပမာ Contraceptives တွေပေါ်လာလို လူ့သမိုင်းကို ဘယ်လို သက်ရောက်စေတယ် ဆိုတာမျိုးပေါ့။

     

    အပိုင်း ( ၁၀ ) တိုင်ခဲ့ပြီ အမရေ ... တစ်ခုခု ဟာနေသလိုပဲ ... သူတို့တွေ ဘာကိုရွေးချယ်ကြမှာလဲ ... ဖမ်းဆုတ်လို့ မရတဲ့ အနာဂတ်တစ်နေရာဆီကို အရောက်သွားဖို့ ခပ်လျော့လျော့ ယုံကြည်ချက် တစ်ခုကို အသက်သွင်းပြီး ဘဝပင်လယ်ပြင်ကို သူတို့လက်ပစ်ကူးကြတော့မှာလား ... သူတို့ဘာကိုလဲ .. သူတို့ဘယ်ကိုလဲ ... အပိုင်း ( ၁၁ ) မှာ ကျွန်တော်တို့ ပြန်ဆုံကြမယ် ..

     

    ဇာတ်အရှိန်တော်တော် တက်လာပြီ
    ဇာတ်လိုက် ရဲ့ ပရဟိတ -
    ဗဟုသုတ တွေ ကို
    အားကျသလို
    သူ ချစ်တဲ့ သူနဲ့ပေါင်းစေချင်တယ်-ဗျာ
    ပုဂံမှာ မထားခဲ့ပါနဲ့

     

    အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ---- ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ --မဟုတ်တာ--အသဲနှလုံး --ဆိုတာ-- ကော်ဖီတခွက်မှ မဟုတ် တာ--

    ဟုတ်တယ်နော် အစ်မ ရယ်

     

    မင်္ဂလာရှိသောနှစ်သစ်မှာမင်္ဂလာအပေါင်းခညောင်းပါစေခင်မျာ--

     

    ဒီနေ့ (နှစ်ဆန်းတစ်ရက်နေ့)မှာ မင်္ဂလာရှိတဲ့ နှစ်သစ်ကူးဖြစ်ပါစေအမရေ... ။

     

    ကျမ စိတ် ကို ဘယ်သူ ဘယ်ဝါကို တော့ မချစ်နဲ့ လို့ ပြောလို့ မရဘူးမို့လား သူတို့ နှစ်သက် သူ ကိုပဲ ချစ်ရမယ် လို့လည်း စီမံ လို့မှ မရတာ ၊ အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ မဟုတ်တာ ၊ အသဲနှလုံး ဆိုတာ ၊ ကော်ဖီတခွက်မှ မဟုတ် တာ ၊ ရှင်လျက်နှင့် သေခြင်း ဆိုသည့် အိပ်မက်ကို ကျမအား ပေးနေကြပါပြီလေ

    အခုခေတ်မှာ နားထောင်စရာမလိုတော့ပါဘူး
    ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ဖါသာကိုယ်လုပ်ပေါ့

     

    ကျမ စိတ် ကို ဘယ်သူ ဘယ်ဝါကို တော့ မချစ်နဲ့ လို့ ပြောလို့ မရဘူးမို့လား သူတို့ နှစ်သက် သူ ကိုပဲ ချစ်ရမယ် လို့လည်း စီမံ လို့မှ မရတာ ၊ အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ မဟုတ်တာ

    ဟုတ်တာပေါ့ လူတိုင်းဟာကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်
    ခေတ်ကြီးကပြောင်းလဲနေပြီ။ ကျောက်ခေတ်မဟုတ်ဘူး
    ညူကလီးယားခေတ်။

     

    ဇာတ်လမ်းလေးဘယ်လိုဖြစ်လာမှာလဲ???????

     
    On 5:52 PM PDT Nan said...

    စိတ် ကို ဘယ်သူ ဘယ်ဝါကို တော့ မချစ်နဲ့ လို့ ပြောလို့ မရဘူးမို့လား သူတို့ နှစ်သက် သူ ကိုပဲ ချစ်ရမယ် လို့လည်း စီမံ လို့မှ မရတာ ၊ အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ မဟုတ်တာ ၊ အသဲနှလုံး ဆိုတာ ၊ ကော်ဖီတခွက်မှ မဟုတ် တာ

    ဖတ်ပြီးငိုချင်တယ်

     

    ကျမ စိတ် ကို ဘယ်သူ ဘယ်ဝါကို တော့ မချစ်နဲ့ လို့ ပြောလို့ မရဘူးမို့လား သူတို့ နှစ်သက် သူ ကိုပဲ ချစ်ရမယ် လို့လည်း စီမံ လို့မှ မရတာ ၊ အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခု စိတ်ဆိုတာ ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ မဟုတ်တာ ၊ အသဲနှလုံး ဆိုတာ ၊ ကော်ဖီတခွက်မှ မဟုတ် တာ ၊

    ဟုတ်တယ်နော်

     

    အခန်းဆက်တွေမျှော်နေပါတယ်ဗျာ

     

Blogger Templates by Blog Forum

 
Clicky Web Analytics