Thursday, March 12, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၇ )

ပုဂံ၏ အလွမ်းရက်များမတိုင်မှီ
ပုဂံမြေ၏ နေ့လည်ခင်းတွေမှာ ပုဂံဘုရား အချို့ဆီ သူလိုက်ပို့ ရင်း ကျမကို ရှင်းပြသည် အနော်ရထာ နှင့် ကျန်စစ် သားခေတ် ပုဂံပြည် မှာ မဟာယာန ဗုဒ္ဓဘာသာနှင့် ထေရဝါဒ ဗုဒ္ဓ ဘာသာတို့ဟာ အရောရော အထွေး ထွေး ရှိ ခဲ့တယ် ၊ ဗုဒ္ဓသာသနာစည်ပင်လာသည်ကတော့ သုဝဏ္ဏ ဘုမ္မိ သထုံပြည်က ရဟန်းတော် ရှင်အရဟံ ပုဂံ ကို ကြွ ချီလာပြီး အနော်ရထာဘုရင် ကို တရားစစ်တရားမှန် ဟောကြားသည်မှ အစ ချီခဲ့သည်ဟု မဟာရာဇဝင် တော် ကြီး များမှာ ရေးသားထားခဲ့ကြတယ် ၊ သည့်အရင် ကတည်းက ပုဂံခေတ် မတိုင်မှီ ကတည်းက ဗုဒ္ဓ ဘာသာက ရှိနေပြီး ဖြစ်တယ် ၊ တစ် ရာစုနှစ် လောက်က ပုဂံရဲ့ အရှေ့တောင်ဘက် ဗိဿနိုး ဒေသမှာ ဗုဒ္ဓဘာသာအယူက ရှိနေပြီး သား လေ ၊ နောက်တဖန် ငါးရာစုလောက် ကနေ ကိုးရာစုလောက်အထိ သရေခေတ္တရာမှာ ဗုဒ္ဓဘာသာ အယူဝါဒ ရှိနေခဲ့တယ် ၊ ဒါကြောင့် ဆယ်တစ်ရာစုမတိုင်မှီကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အယူရှိနေ ပြီး သား ပါ။

ညောင်ဦးနှင့် ပုဂံကြားက ရွာလေး တရွာ ရောက်တော့ ပုဂံ နယ်သားတွေ လွန်ဆွဲပွဲ လုပ်နေကြသည်ကို တွေ့ရ သည်။ သူက ပေါ့ပါး သွက်လက်စွာ ရယ်မောရင်း လွန်ဆွဲ ရခြင်း ပုဂံ ပုံပြင်ကို ရှင်းပြသည် ၊ ဟိုးရှေးရှေးတုံးက ပုဂံမှာ ရှင်မထီး ဆိုတဲ့ အဂ္ဂိရတ်သမား တယောက် ရှိတယ် ၊ ရှင်မထီး ဆရာ အဂ္ဂိရတ် ဖိုထိုးခြင်း ကိစ္စမှာ မီးသွေးဘိုး လုံဘိုး ဆေးဘိုးနဲ့ အခြား ကုန်ကျ စားရိတ်တွေ များလွန်းလို့ ပုဂံ တပြည်လုံး မွဲပြာ ကျသွား တယ်တဲ့ ရှင်မထီးရဲ့ တပည့်ရင်း တွေဖြစ်တဲ့ ပုဂံရှင်ဘုရင်နဲ့ သူဌေးလင်မယား ကျော်စွာနဲ့ သော်တာ လည်းပါတယ် ဆိုပဲ ပုဂံပြည် သား တွေ ကလည်း ရှင်ဘုရင် ကိုယ်တိုင် ပ စား ပေးထားတော့ ပထမ ရှင်မထီးကို မကိုင်တွယ်ရဲ ဘူးပေါ့ ဒါနဲ့ ရှင် မထီးတပည့် ကျော်စွာကို အရင် သတ်ပစ် လိုက်တယ် သော်တာက ထွက် ပြေး လွတ် မြောက် သွား တယ် ရှင် ဘုရင် ကလည်း ပုဂံပြည်သားတွေရဲ့ ဒေါသ သူ့ ဘက်လှည့် မလာခင် ရှင်မထီးရဲ့ မျက်လုံးနှစ်ဘက်ကို ဖေါက်ပစ် လိုက် တယ် တဲ့ အဲဒီ တော့ ရှင်မထီးလည်း စိတ်ဆိုးပြီး သူ့ ဓါတ်လုံးကို ရေအိမ်သာထဲ လွှင့် ပစ် လိုက် တယ် ဆိုပဲ အဲဒီ အခါမှ ထွက်ရပ်ပေါက် သွားတယ်တဲ့ ထွက်ရပ် ပေါက်ပေါက်ခြင်း ပုဂံဈေးထဲက မရောင်းရလို့ ကျန်နေ ခဲ့တဲ့ နွားမျက်လုံး တဘက်နဲ့ ဆိတ်မျက်လုံး တဘက်ကို ရှင်မထီးရဲ့ ကန်း နေတဲ့ မျက် လုံး မှာ အစား ထိုး လိုက် ရတယ်ဆိုပဲ။

မျက်လုံး နှစ်ဘက် အလင်းရတော့ သူ့ ရဲ့ အဂ္ဂိရတ် ထွက်ရပေါက် အတတ်ပညာနဲ့ ပုဂံပြည်ကြီးပေါ် ရွှေမိုး ငွေမိုး ရွာ ချ လိုက်တယ်တဲ့။ အဲဒီ အချိန်က စပြီး ကိုးကိုးတန် ၊ ပုဂံအိမ်ခြေပေါင်း ၊ ညိုးညိုးညံ ပုဂံဆော်သည့် မောင်းနဲ့ လှည်း ဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း လို့ စာဖွဲ့ရလောက်အောင် ချမ်းသာ ကြွယ်ဝခဲ့ကြောင်း တခန်းတနား ဖေါ်ပြ ရေး သားခဲ့ကြတယ်။
ထွက်ရပ် ပေါက် ရှင်မထီးက ပုဂံဘုရင်နဲ့ ပုဂံပြည်သူတွေ မုဆိုးမပါ မကျန်အောင် ချမ်းသာ ကြွယ် ဝ ဖို့မ စ နိုင်ခဲ့ ပေမယ့် သူတပည့်ရင်းဖြစ်တဲ့ ကျော်စွာ ကို တော့ မကယ် နိုင်တော့ ဘူးတဲ့ ဘာ ကြောင့် လည်း ဆိုတော့ ကျော်စွာဟာ အသတ်ခံရပြီး ပုပ္ပါးတောင်မှာ နတ်ဖြစ်နေလို့လေ နတ်ကျော်စွာ ကလည်း သူ့ ကို သတ်ပစ်လိုက်တဲ့ ပုဂံပြည်သူ ပြည်သားတွေကို စိတ်ဆိုး နာကျည်းပြီး ပုဂံပြည်ပေါ် မိုးမရွာနိုင်အောင် ပုပ္ပါး တောင် ကလပ်ထိပ် ကနေပြီး ဘင်္ဂလား ပင်လယ်အော်က တက်လာတဲ့ မိုးတိမ်တွေကို နတ်သိုင်းနဲ့ ရိုက်ခွဲ ဖျက် ဆီး လေ့ ရှိ တယ်တဲ့။

ဒါကြောင့် မိုးခေါင်တဲ့ ပုဂံနဲ့ အနီးအနား တဝိုက်သာ မကဘူး မိုးပါးတဲ့ အရပ်ဒေသမှာ နေထိုင်ကြတဲ့ မြန်မာ တွေ ဟာ မိုးရွာအောင် မိုးခေါင် ကျော်စွာနတ်ကို သူတို့ မှားကြောင်း လွန်ဆွဲ ကြောင်း တောင်းပန်တဲ့ အနေနဲ့ လွန် ဆွဲ ကြ တာတဲ့။
ပျှော်ရွှင် ရယ်မောဖွယ် မြန်မာ့ ယဉ်ကျေးမှု ပုံပြင် တွေ ကို ကျမ အား ဟာသလေး နှောပြီး ပြောပြ ခဲ့ သ လိုလွမ်း မောဖွယ် တွေ ကိုလည်း တိုးတိတ် လွန်းစွာ နာနာကျဉ်ကျဉ် ပြောပြခဲ့ပါသည်။

မ ရှိနေစဉ် ပုဂံမြေဟာ ကျွန်တော့ အတွက် ကြည်နူး လတ်ဆတ် စေခဲ့ပါတယ် ကျွန်တော် မကြားချင်ဆုံး စ ကား တခွန်း ကတော့ မ ရဲ့ ခွဲခွာ နှုတ်ဆက်ခြင်းပါ။ နေ့ တနေ့ မှာ ကျွန်တော် တယောက်ထဲ ကြေကွဲစရာ နေ့ ရက် အ ဖြစ်ကျန် နေခဲ့ မယ်ဆိုတာ မျှော်လင့်ပြီးသားပါ ဗျာ။ ည သန်းကောင်ယံတွေမှာ ကျွန်တော် မခံစားနိုင်တော့မယ့် အိပ်မက် တွေ မ ကျွန်တော့်ကို ပေးခဲ့ မှာပါ တန့် ကြည့် တောင်တန်းတွေကို ငေးမောရင်း သူ တိုးတိတ် လွန်းစွာ ပြောလာသော အခါ ပွန်းပဲ့ လွန်မြောက် သော လူရွယ်တဦး၏ အထီးကျန် နေသော ကမ္ဘာလေးထဲသို့ ကျမ ငုံကြည့် လိုက်မိသည်။ ရွေးချယ်ဖို့ ကျမ မှုန်ဝါးဝါး လမ်းကျဉ်း လေး တခုကို တွေ့လိုက်ရပါသည်။ သူ့ နှလုံး သား တ နေရာမှာ နာကျဉ် ခံစားနေရပြီ ဆိုသည်ကို ကျမ သိလိုက် ပါပြီ။ ကွဲဟ နေသည့် သူ့ ရင်ကို ကျမ လက်ဖဝါးနှင့် ဖိ ကပ်ပြီး ပြန်စေ့ ပေးခဲ့ ချင်ပါသည။် ဟာလာ ဟင်းလင်း ကျန်ရစ်ခဲ့ရှာမယ့် သူနဲ့ ပုဂံမြေ ကို ကျမ ဘယ်ကဲ့ သို့ များ ကျော ခိုင်းနိုင် ဖို့ရန် ကြိုးစား ရမှာလဲကွယ်။

49 comments:

အရုပ်ကလေး said...

အဆုံးသတ်မှာ ဖတ်ရင်း သနားသလို လွမ်းသလိုနဲ့ မျောသွားတယ် .. မ .. ဆိုပါလား ..(ဟိဟိ)
ဒီလို ဇာတ်ကြောင်းလေးတွေ ဖတ်ရတာ အနှစ်သာရ အပြည့်ပါ .. အားပေးနေတယ် အစ်မ ..။

ဆက်လက်ပြီး အောင်မြင်မှုတွေနဲ့ စံစားနိုင်သော
အစ်မ တစ်ယောက် ဖြစ်ပါစေလို့် ဆုတောင်းပေးပါ၏ ..။

Ko said...

နော်ရထာ့ကံ အရဟံ ခုန်ပျံကျ၍၀ဲ တဲ့ အဲသည် ပုဂံမြေကနေ တို့မြေသာသနာ အလင်းရောင် ထိန်ဝါလျှံပြောင် ခဲ့တယ်..။

အညာမြေမို့ ပူလို့. ပူပေမဲ့ ပူမှန်းမသိအောင်ဘဲ ငယ်နုမူထွေး.. ကြင်သူဘေးဝယ်မို့..သူသူကိုယ်ကိုယ် အေးလို့..

"တိုင်းရွှေ ပြည်သာလှ ၊ ညာခ မိုး ၊ ဒီပါ သောင်း ယံ စံနန်းရိုး။" တဲ့ အတည်ရှေးပုဂံ က ဝေးလံလံ ..ပုံပြင်တွေကို..ထူးထွေဆန်းဆန်း . အံ့ဘနန်းဟု လက်ကမ်းလစ်လစ်.ပြောခဲ့ဖြစ်လို့

အဲသည် ရှေးပုဂံမှာ လွမ်းလို့ကျန်သူက ..

တန့်ကြည့်တောင်ပေါ်မှာ နေလုံးကွယ်တာကို ငေးငေး.. ငေး..လို့

မျှော်လင့်ပြီးသားပါ -ဗျာ--လို့ တုန်တုန်လှုပ်လှုပ် ရေရွတ်တဲ့အသံ
ကို
ကြား
ယောင်
မိပါရဲ့။

ဖိုးစိန် said...

ဖတ်ပီးတော့လွမ်းလိုက်တာအမရယ်...
အရမ်းကောင်းတာပဲ..

Nge Naing said...

မသက်ဇင်
ဒီတခါတော့ အသစ်တင်ထားတာ အကြောင်းမကြားပဲနဲ့ လာဖတ်သွားပါတယ်။ ပုဂံရာဇ၀င်က ဒဏ္ဍာရီလည်း ဆန်တယ်နော့်။ မသက်ဇင်ရဲ့ အရေးအသားတွေ သိပ်ကို နက်ရှိုင်းလာတယ် တကယ်အဖြစ်အပျက်ဆိုရင်တော့ အခုချိန်မှာ လွမ်းစရာတွေ ဖြစ်နေပြီလား မသိဘူး။ " မ--ရှိနေစဉ်ပုဂံမြေဟာ--ကျွန်တော့ အတွက်--ကြည်နူး လတ်ဆတ် စေခဲ့ပါတယ်--ကျွန်တော် မကြားချင်ဆုံး စ ကား တခွန်း ကတော့--မ-ရဲ့ နှုတ်ဆက်ခြင်းပါ" အဲဒီလို သံယောဇဉ် စကားတွေကြောင့် ဒုက္ခ ရောက်တတ်တာတော့ အမှန်ပဲ။

Pinkgold said...

နောက်ဆုံးစာပိုဒ်လေးကို ဖတ်ရတာ ကြက်သီးမွေးညှင်းလေးတောင် ထသွားတယ် အမရေ..

လွမ်းလိုက်တာနော် (ဘာမဆိုင် ညာမဆိုင်)

နွေးနွေးသဲမွန် said...

ဗဟုသုတ လဲရ...ဖတ်လို့ လည်းကောင်းး...

Phyo Evergreen said...

ဆွတ်ပျံ့လွမ်းမောစရာလေးပါ...။ ပုဂံမြေအလွမ်းတွေမဝေပါစေနဲ့..။

ခင်မင်လျက်

လင်းဒီပ said...

ရှင်မထီးကြောင့် ပုဂံမှာ မုဆိုးမက အစ ဘုရားတည်နိုင်ခဲ့တဲ့ ရာဇဝင်ကို အစ်မပြန် နွှေးပေးလို့ သတိရသွားပြီ...မြန်မာရဲ့ ပုံရိပ် ပုဂံအကြောင်းလေးတွေရေးပေးနေတာ..ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းလေးနဲ့တွဲရေးထားတာ အရမ်းသဘောကျမိပါတယ် အစ်မ..

Banyarshein said...

မဇင်ရေ ပို့စ်လေး ကိုအရမ်း ကြိုက်မိပါတယ် လွမ်းလွမ်းလေး ခံစားလိုက်ရတယ် ။ မဇင်ကို လင့်ထားလိုက်ပါပြီးနော် ။ နောက်လဲလာဖတ်ဦးမယ် ။

Craton said...

ဒီရာဇဝင်လေးတော့ ဟိုးးးမူလတန်းလောက်တုန်းက ဖတ်ဖူးတယ်.. ဒါလေးထည့်ပြီး ဇာတ်လမ်းကိုအသက်သွင်းသွားတာ.. အရမ်းဖတ်လို့ကောင်းတယ်..

မာရေးသျှင် said...

ပွန်းပဲ့ လွန်မြောက် သော လူရွယ်တဦး၏ အထီးကျန် နေသော ကမ္ဘာလေးထဲသို့ ကျမ ငုံ့ကြည့် လိုက်မိသည်။……………….။ကွဲဟ နေသည့် သူ့ရင်ကို ကျမ လက်ဖဝါးနှင့် ဖိ ကပ်ပြီး ပြန်စေ့ ပေးခဲ့ချင်ပါသည်။
သုတ၊ရသ နှစ်ဖြာ ပြည့်စုံအောင် အားထုတ်ထားတဲ့ အစ်မသက်ဇင်ရဲ့စေတနာကို အထင်သားမြင်ပါတယ်ခင်မျာ။
ရှင်မထီးတို့ မိုးခေါင်ကျော်စွာတို့ အကြောင်းကို မြန်မာရုပ်သံဇာတ်လမ်းတွဲရိုက်ပြလိုက်ရင် တရုတ်သိုင်းကားတွေထက် အများကြီး( ……. ) သာသွားမယ်နော်။

အိန္ဒြာ said...

အစ်မရေ...ဝေဒနာတွေနဲ့ပါလား...
ဟုတ်တယ်နော်..
ကိုယ်ကပဲ ကျန်ခဲ့ကျန်ခဲ့
ကိုယ့်ကိုယ်ပဲချန်ခဲ့ချန်ခဲ့
ဝေးကွာခြင်းဆိုတာ...
ရင်ထဲကိုနင့်နေအောင်နာစေတာ...
(ဟီး..ကိုယ်တွေ့)။

အစ်မရေ...ပုဂံရာဇ၀င်တွေဖတ်ပြီးတွေးနေမိတယ်..
သူများနိုင်ငံတွေ ခေတ်ပြောင်းစနစ်ပြောင်း...
တီထွင်ကြံဆ... ၊ တိုးတက်ဖိုးနည်းမျိုးစုံလမ်းသစ်ထွင်နေကြမယ့်အချိန်မှာ..
ဗမာပြည်က နတ်ကိုးကွယ်မှုတွေ
ထွက်ရပ်ပေါက်တွေ..
ဟုတ်ပါ့မှန်ပါ့( မော်တောင်မကြည့်ရဲတဲ့ အကြောက်တရားတွေ..)
နောက်..မင်းကိုသတ်ရင်မင်းဖြစ်တယ်ဆိုတဲ့ ဆက်ခံမှုတွေ....
ဖိရိုးဖလာယုံကြည်မှု အစွဲအလမ်းအားကြီးလွန်းတာတွေ..
ဘုရင်တွေရဲ့ မိဖုရားများပြားမှု..
နန်းတွင်းရေးအရှုပ်ပြသနာတွေ..
အာဏာလုကြတာတွေ
အဲဒါတွေနဲ့လုံးချာလိုက်နေခဲ့သလားလို့နော်..အစ်မ
အနော်ရထာလို..ကျန်စစ်လို ဘုရင်မျိုးတွေက
လက်ချိုးရေလို့ရလောက်အောင်..နည်းခဲ့သလားလို့...
နောက်စုဖုရားလို..
သီပေါလို....

ပြောရရင်....
ခေတ်..အဆက်ဆက်...
အင်း..........
ခေတ်အဆက်ဆက်..ပေါ့.....

လင်းဦး(စိတ်ပညာ) said...

မသက်ဇင်ရေ... လာဖတ်ပါတယ်.... :)

saiburma said...

Hello Ma Thet Zin,

I love this STORY and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

aung7 said...

အမရေ ပုဂံအကြောင်းကို အခုမှပဲ သေသေချာချာ ဖတ်ရတော့ ကျေးဇူးတင်တယ်။ နဂိုက ဘာမှန်းမသိခဲ့တဲ့ ပုဂံအကြောင်းကို အခုမှပဲ သေသေချာချာ သိရတော့တယ်။
ထွန်းတောက်နေ

မိုးသောက် said...

အစ်မ မရောက်ဖူးပဲနဲ့ တစ်ကယ် လွမ်းသွားပြီ ..
ဟို တစ်ယောက်ကို မဟုတ်ဘူးနော် ပုဂံကို ပြောတာ အဟဲ : P
ကောင်းတယ်ဗျာ ..
ဗဟုသုတတွေလည်း ရတယ် ...
နောက်ထပ် အပိုင်းလေးတွေ မြန်မြန်လုပ်ဦးနော် အစ်မ ပျော်ရွှင်ပါစေ :)

Upasaka said...

မနေ့ ကတည်းကရောက်ပတယ် comment မရေး ခဲ့ ဘူး ကော် နဲရှင် ကြောင့်ပါ ပုဂံက လှ ပါတယ် ပြီူတော့ဟရာဝတီ လည်း လှ ပါတယ် အဲဒီ အလှ တွေကြား က အလွမ်း ပင့် သက် ကို ကျနော် တွေ့သ လို လို.......

အပြုံးပန်း said...

စာလာဖတ်ပါတယ် မသက်ဇင်။
ပုဂံ ဆိုတဲ့ အမည်နဲ့ သူ့သမိုင်းဟာ အလွမ်းတွေကို ပေးမြဲပါပဲ။

လှည်း ဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း တော့ ကောင်းကောင်းကြားဖူးတယ်။

ညိုးညိုးညံ ပုဂံဆော်သည့်မောင်း
ကိုတော့ မူန်ဝါးဝါးပဲ။

ကိုးကိုးတန်--ပုဂံအိမ်ခြေပေါင်း
ကိုတော့ မသိပါ။

ရွှေပြည်သူ said...

အစကနေ ခုချိန်ထိ ဖတ်ရတာ လွမ်းတငြိမ့်ငြိမ့်လေး အစ်မရယ်... ပုဂံမြေအကြောင်းလည်း စုံစေ့အောင် ရေးသွားတဲ့အစ်မကို ချီးကျူးအားကျမိပါတယ်...

Heartmuseum said...

လွမ်းတတ်ပါတယ်ဆိုမှ....... ငါ့အမက
ငိုချင်သူကို လက်လာတို့နေပြန်ပြီ။
ဖတ်ရတာ တငြိမ့်ငြိမ့်နဲ့ အဆုံးထိ ဆွဲခေါ်သွားတာမိုက်တယ်။

Republic said...

ပုဂံပုံပြင် လေးထဲက ဗဟုသုတ တွေ လာယူသွားပါတယ်ခင်ဗျ ၊၊ ကျေးဇူးပါ ၊၊ မင်္ဂလာပါ (မ)သက်ဇင် ၊၊

ရှင်ရဲထွတ် said...

အစ်မရေ စာလာဖတ်သွားပါတယ်! အင်မတန်ဖတ်ရှု့ မှတ်သားထားဖို့ကောင်းပါတယ်!

HAPPYCLOUD said...

အခုမှ ဒီဇာတ်လမ်းကို အဟောင်းတွေပါ ပြန်ဖတ်နေရတယ်.. တကယ့်ကို လွမ်းမောစရာပါပဲ။

ခင်မင်လျက်...
မိုးမောင်

Min Myat Soe said...

ကျော်စွာ ကျော်စွာ သင်းကြောင့် မိုးမရွာတာကိုး :)

အလှတရား said...
This comment has been removed by the author.
လွမ်းသုရင် said...

အစ်မရေ သေသေချာချာနောက်တစ်ခေါက် အစအဆုံးပြန်ဖတ်နေမိတယ်။ ဒီတစ်ခါပြန်လို့ ရောက်ခဲ့ရင် စိတ်မှန်းနဲ့ သတိရနေအောင်လို့လေ။ ပုဂံရဲ့တစ်နေရာရာရောက်တိုင်း အစ်မစာထဲက ဘယ်နေရာလေးမှာ ဘယ်ဘုရားအကြောင်းရေးထားတယ် ဆိုတာမျိုးပေါ့။


ပျော်ရွှင်ပါစေ အစ်မ
( GreenGirl )

ဖိုးဂျယ် said...

တန့်ကြည်တောင်ပေါ်ကနေ ဧရာဝတီကို ကြည့်ရတဲ့ အရသာကတော့ ဘာနဲ့မှ မတူဘူး အမရေ

sandar said...

မြန်မာတစ်ယောက်အသည်းမှာ ဘယ်ကိုဘဲရောက်ရောက်ပါ အစ်မရေ ပုဂံဆိုတာ ကျမတို့အတွက် အသည်းနလုံးပဲ။ ကိုယ်တို့ဘုရားသမိုင်း ကိုယ်တို့သမိုင်းလေးကို အကျည်းချုပ်လေးတောင် စိတ်မ၀င်စားတဲ့ လူတွေ ထဲ အစ်မ၀ိညာဉ်က ပုံဂံမှာ နှစ်ဝင်နေတာ လေးစားစရာ ကောင်းပါတယ်။ ကျမတို့လည်း ကြိုးစားရမယ်။ အမဘယ်မြို့သူလည်းမသိဘူးနော် . အညာသူလား ဘယ်မြို့သူဘဲ ဖြစ်ဖြစ် အမက မြန်မာမိန်းကလေးပါဘဲ ။ အားပေးပါတယ်။ စာတင်တိုင်းရောက်ပါတယ် အမရေ

လွမ်းလုင် said...

လာဖတ်သွားတယ် အစ်မရေ...။

ညခင်းနဲ့ လမင်း said...

ဟင် လွမ်စရာကြီး ဘယ်သူကို လွမ်းရမှန်းတောင်

မသိတော့ဘူး--မိုးညှင်းသူလေးတွေကိုပဲလွမ်းတော့မယ်

ဟီး --အစ်မပျော်ရွှင်ပါစေ

mgngal said...

နောက်တစ်ခါပြန်ပြီး အစအဆုံး ဖတ်လိုက်ရတာ အရမ်းကောင်းတယ် အစ်မရေ ။ ခုလို စာကောင်းပေမွန်တွေ ဖတ်ရလို့  ကျေးဇူးတင်ပါတယ် ။
ဆက်ရန် ကျန်ရှိတွေကိုလည်း မျှော်နေမယ်ဗျ ။း)

ဖိုးစိန် said...

လာလည်ပါတယ်..လာပြန်ဖတ်တာလေ.. ဖတ်လို့ ကောင်းလို့ ..
နေကောင်းပါစေ

အန်တီချမ်း said...

“အချိန်” မရှိ ကြွေးသွားတောင်းနေ တီ လာလည် လေကဲ့သို့ ပြန် ၀ှစ်...

နေသစ် said...

လာလည်ပါတယ်။ စာကြည့်တိုက် စာပေဟောပြောပွဲတွေ ရှုပ်နေလို့ အွန်လိုင်းမတက်ဖြစ်တာပါ။ ကျေးဇူး လာလည်တာ

အလင်းရောင် said...

ဟုတ်ကဲ့ပါ မမရေ စားကြိုးစားနေပါတယ်.. တခါတလေတော့ ဟဲဟဲ အခုလည်း ကြိုးစားလိုက်ပါ ဦးမယ် အစ်မလည်း စားမေးပွဲ ဖြေနိုင်ပါစေဗျာ...

တားမြစ် ထားသော... said...

စာလာဖတ်ပါတယ်။
ဇာတ်လမ်းကတော့ အရှိန်တက်တော့မယ်ထင်တယ်။ “မ”ဆိုတဲ့ခရီးသွားနဲ့ “ကျွန်တော်”ဆိုတဲ့ ပွန်းပဲ့ လွန်မြောက် သော လူရွယ်တဦးတို့ လွန်ဆွဲတော့မယ်လို့ ဇာတ်ကြောင်းချသွားတယ်ကိုး။

မျှော်လင့်အားပေးနေကြောင်းပါ။

သုခမိန်(E-Journal)

ထင်လင်းအောင် said...

စာလာဖတ်တယ်...အမရေ...

Ðaywalker[Soul] said...

ဇာတ်လမ်းက နည်းနည်း လှုပ်လာတယ်လို့ ထင်တာပဲ၊ ဇာတ်ကောင်တွေက လွမ်းဆွတ်မှုနဲ့ ပိုပြီး အသက်ဝင်လာတယ်။ ကောင်းတယ်... အစ်မရေ၊ ငြိမ်ငြိမ်လေးနဲ့ ဆွဲခေါ်သွားတာ....။

sanwin said...

အစ်မရေ…ပိုစ်နဲ့တော့ ဆိုဘူးနော် ပြောခြင်တာ ပြောခဲ့တယ်
ရွှေစည်ခုံဘုရား၊ အာနန္ဒာဘုရား၊ ဘူးဘုရား၊ လေကနန္ဒာဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရာဇကဘုရား တွေမှာ ဘုရားပွဲတော်ကို ဇာတ်တွေ၊ ဆိုင်းတွေ ၀ိုင်းတွေ၊ စတေ့ရှိုးတွေ၊ ခြင်းလုံးခတ်ပြိုင်ပွဲတွေ၊ ပျော်စရာရာတွေ တစ်ပုံကြီးနဲ့ ကျင်းပတာ ပျော်ဖို့ကောင်းပါတယ်။
ဒီလို ပွဲဈေးတွေက ဟိုးရှေးရှေး ကတည်းကရှိခဲ့တာ သေချာတယ်။ ဘုရား တစ်ဆူပြီး တစ်ဆူ ပွဲဈေးက ဆက်ဆက်နေတာပဲ။ အစ်မရောက်ဖူးမယ်ထင်တယ် ။ ဒီဘက်ခေတ်မှာတော့ အရက်ဆိုင်ကများလာတယ်အစ်မရဲ့။ အဲဒါမျိုးကို ရှုံ့ချရ မယ်။ ကျနော် လုံးဝကြည့်မရဘူး။
သူ့နေရာနဲ့သူ မရှိဘူးဗျာ။ ဘုရားပွဲတော်မှာ အရက်ဆိုင်တန်းတွေပဲတွေ့နေရတယ်။

Ohnmar Kyaw said...

မြန်မာပြည်ပြန်ရောက်ရင်
ပုဂံ ကို အရင် ဆုံးသွားမယ်
လွမ်းသွားပါတယ်

-----ဧဏီမင်း said...

အဆုံးသတ်လေးတွေ တင်ပြထားတာ အရမ်းကောင်းတာပဲဗျာ..ရင်ဘတ်ထဲမှာ ကျန်ခဲ့အောင် တမင် ထား ထားခဲ့သလား အောက်မေ့ရတယ်၊ မရောက်တာ ကြာလို့ အားလုံးဖတ်သွားတယ်ဗျာ..အပေါ်က နတ်တွေအကြောင်းရေးထားတာလဲ မှတ်သားထိုက်ပါပေတယ်.. လူတွေက ဘာမှ မစဉ်းစားဘဲ လက္ခံထားကြတာ ရင်နာစရာတော့ အကောင်းသားဗျာ..နော်...

kabrmakyay said...

စာလာဖတ်ရင်း ဖိတ်စာလာပို့တယ်။
မင်္ဂလာဆောင်ဖိတ်စာပေါ့...အဟဲ..ဟဲ လာကြည့်လေ။
လေးစားခင်မင်စွာဖြင့်

နေဒေးသစ် said...

အပိုင်း ( ၇ ) လေးလဲ ကောင်းတယ်

puluque said...

မမရေ အပိုင်း ၇ ကိုဖတ်ပြီးတော့ နောက်တစ်ပိုင်းမကူးခင် ကွန်မန့်ပါတယ်. လွမ်းစရားလေးနော်.. မိုးခေါင်းကျော်စွာ အကြောင်းလဲ ပြန်းနူးသွားတယ်။

kookgyi.blogspot.com

maymaykhin said...

နောက်ဆုံးအပိုင်းလေးက ကြေကွဲစရာလေးနော်
ရေးတတ်လိုက်တာ

sawminnpyo said...

www.minnlwinpyin.blogspot.com

ကဗျာဦး said...

အခုမှပဲ မဖတ်ရသေးတာတွေလာဖတ်တယ။်
နောက်ဆုံးစာကြောင်းကိုဖတ်ပြီးရင်ထဲမှာ
တမျိုးကြီးဖြစ်နေပြီးငိုချင်နေမိတယ်။
လွမ်းလွမ်းဆွေးဆွေးကြီးပါပဲ။
ဒါဟာတကယ့်အဖြစ်အပျက်ကိုအခြေခံထားတယ်ဆိုတာ
သေချာသလောက်ဆိုတာခံစားမိတယ်။

မေမေခင် said...

သူ့ရင်ကို ကျမ လက်ဖဝါးနှင့် ဖိ ကပ်ပြီး ပြန်စေ့ ပေးခဲ့ချင်ပါသည် ဟာလာ ဟင်းလင်း ကျန်ရစ်ခဲ့ရှာမယ့် သူနဲ့ ပုဂံမြေ ကို ကျမ ဘယ်ကဲ့သို့ များ ကျော ခိုင်းနိုင်ဖို့ရန် ကြိုးစား ရမှာလဲကွယ်

လွမ်းသွားတယ်

tinzawoo said...

ကျွန်တော်ကြားဖူးတာကတော့ ရှင်အဇ္ဇဂေါဏ၊ ရဲ့ဖြစ်ရပ်က အဲးဒိလိုပါ။ ဘာဖြစ်လို့ ရှင်မထီဖြစ်နေရတာလဲ တစ်ခုခုမှာနေပြီးထင်တယ် ရှင်အဇ္ဇဂေါဏ၊ နဲ ရှင်မထီးနဲကိုသေချာခွဲပြီးတော့ ပြန်ဖတ်အမရဲ့