Sunday, February 22, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန စုစည်းမှု ပထမပိုင်း

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၁ )

လေးရက် မြောက်နေ့ နံနက်
မနေ့ ည က ဘွား ဘွား နှင့် တိုင်ပင် ဆွေးနွေး ထား သည့် အတိုင်း ဥပါလိသိမ် သို့ ထွက်လာ ခဲ့ဋ္ဌက သည် ပြန် ခါ နီး ပြီ ဖြစ် သော ဋ္ဌေကာင့် ကျမ ပုဂံ ရှုခင်း ကို ဓါတ်ပုံ များ များ ရိုက်ချင် သည်။ ပုဂံ ရှုခင်း သည် တိမ် ဖြူ ဆိုင်း ဆိုင်း ကောင်း ကင် ပြာပြာ အောက် တွင် နံနက်ခင်း ၏ ဝင်းလက် နေ သည့် နေရောင်ခြည် နှင့် လှချင် တိုင်းလှ လို့ နေ ပါ ရောလား။

ဘွားဘွား က ဥပါလိ သိမ် အကြောင်း ရှင်း ပြ သည် နား တောင်း များ ခေါ် ထီး လို မင်းလို မင်း နှင့် ကျ စွာမင်း လက် ထက် က ဥပါလိ မထေ က တည် ဆောက် ခဲ့ တဲ့ သာသနိ က အ ဆောက် အ အုံပေါ့ မြေး ရဲ့ အ နော် ရ ထာ နန်း မတက် ခင် က ပုဂံ မှာ သိမ် တခု ရှိ ခဲ့တယ်။ တူရင်း တောင်ထိပ် မှာ စော ရဟန်း တည် ခဲ့ တဲ့ စော ရ ဟန်း သိမ် ပေါ့။

ဥပါလိ သိမ် ၏ မူလ လက် ရာ မှာ ပုဂံ ခေတ် လက်ရာ ဖြစ် သည် အောက် ခြေ အုတ် ခုံ ဖြစ်သည် အတွင်း နံရံ တွင် ၁၈ ရာစု ပန်းချီ လက်ရာ များ ရေးခြယ် ထားသည်။ ပုဂံ နန်း တွင်း သူ နန်းတွင်း သား များ အ ပြည့် အစုံဖြင့် အ နော် ရထာမင်း သိမ်သမုတ်ပုံ ကို လည်း တွေ့နိုင်သည်။ ဆင်ယင် ထုံး ဖွဲ့မှု မှာ ၁၈ ရာစုဖြစ်သည်။ ပုဂံ ခေတ် တွင် သိမ် များ ကို သစ်သား ဖြင့် ဆောက်လေ့ ရှိသည် ဟု အချို့ သုတေ သီများ က ဆိုကြ သည်။

ဘွားဘွား ပြောပြ သည် ကို နားထောင် ရင်း ကျမ ရင်ထဲ ဝယ် ဟာတာတာ ဖြစ်လာသည်။ တမျှော်တခေါ် မြင် နေ ရသည့် ပြောင်းဖူးခင်း ထဲ ဖြတ် လျှောက်ချင်လာသည်။ ဥပါလိ သိမ် မှ ကျမ တို့ မြေး အဘွား ထီး လို မင်းလို ဘက် သို့ ကူး ခဲ့ကြသည် ယင်း တို့ မှာ ပုဂံ ညောင် ဦး ကား လမ်း တဖက် တချက် တွင် တည် ရှိ သည်။ ထီး လို မင်း လို မှာ အာရုံခံ မုခ် အရှေ့ ဘက် သို့ လှည့် သည့် နှစ်ထပ် လိုဏ်ဂူ ဘုရားဖြစ်သည်။ အထပ်ထပ် ရင်ပြင် သည် လည်း အရှေ့ ဘက် သို့ ပင်လှည့် သည် ရင်ပြင် မှာ ကျယ်သည် အောက်ခြေ မှ ကွမ်းတောင် ထိပ် အထိ ဥာဏ် တော် ၁၅၀ ပေ ရှိ ပြီး မျက်နှာ အကျယ် ပေ၁၄၀ စီ ရှိသည် အထက် လှိုဏ်ဂူ မှာ ဘဒ္ဒကမ္ဘာ တွင် ပွင့်ပြီး သော ဘုရား လေး ဆူကိန်း အောင်း လေ သည်။

ထို့ နောက် ကျွန်မ တို့ မြေး အဘွား ဝက်ကြီး အင်း ဂူ ပြောက်ကြီး ဘုရား သို့ ဆက်သွား ကြသည်။ ဝက်ကြီးအင်း ဂူ ပြောက်ကြီး မှာ မြန်မာ ပုံစံ သန့် သန့်ဖြစ်သည်။ အာရုံခံ အမိုးတွင် ခြေတော်ရာပုံများ ကို ပန်း ခက် ပန်း နွယ် များ ဖြင့် တန်ဆာ ဆင်ထားသည်။ဂန္ဓကုဋိ ဘုရား ဆောင် တွင်း ဆင်းတု ပုလ္လင် တစ်ဝိုက် တွင် မာရ် နတ် စစ် သည် ပုံများ ကို အဆန်း တကြယ် ရေးခြယ် ထားလေသည်။ ထို့ နောက် ကျမ တို့ မြေး အဘွား ဂူပြောက်ကြီး တ ဝိုက် ရှိ ကျမ လျှောက် ချင်သည့် ပြောင်းဖူးခင်း ထဲ လမ်းလျှောက်ကြသည် လေနုအေး က သွဲ့နွဲ့ နူးညံ့ စွာ တိုက် ခတ် နေ သည် ပြောင်းဖူးပင်လေး များသည်လည်း လေ နု အေး နှင့်အတူ ယိမ်း တနွဲ့နွဲ့။ အဘွားက သီချင်း စ ဆို တော့ ကျမ လည်း လိုက်ဆိုသည်။ ကျမတို့ မြေး အဘွား သီချင်းသံ က ပို ကျယ်လောင်လာသည်။ လေ ပြေ လေး ၊ တဖြူးဖြူး ပြောင်းခင်းလေး တွေ တငြိမ့်ငြိမ့်လူး ၊ ဧရာဝတီ မြစ်ရေ သင်ဖျူး။

ပုဂံမြေနှင့် ပုဂံ ဘုရား များ ရှုခင်း သည် ဝင်းပ သည့် နေခြည် အောက် တွင် လှချင် တိုင်း လှနေ ပါ ရော လား ဘွား ဘွား သီဆို နေ သည့် သီချင်း သံ ရုတ် တရက် ရပ်သွား သည် ကို ကျမ သတိ ထား လိုက်မိ သည်။ ဘွားဘွား က သွက် လက် ပေါ့ ပါး နေသည့် ကျမ အား ငေးမော စွာ စူးစိုက်ကြည့် နေသည် ကို တွေ့ လိုက် ရ သည်။

ဘွားဘွား မျက် လုံးများ ရွေ့လျား သည့် ဘက် သို့ ကျမ ဖြတ် က နဲ ကြည့် မိသည့် အခါ ၊ ကင်မရာ တလုံး နှင့် ဓါတ်ပုံ လိုက် ရိုက် နေ သည့် လူငယ် တယောက် ကို တွေ့ ရသည်။ စောစော က ကျမ တို့ မြေး အဘွား မမြင် လိုက်ခြင်း မှာ ထို ကင်မရာ ဆရာ ပြောင်းဖူး ခင်း ထဲ တွင် ကွယ်နေသည် ဖြစ်မည်။ လူသူ မရှိဘူး ထင်ပြီး ဘွား ဘွား နှင့် အ တူ အား ရ ပါးရ သီ ချင်း ဆိုလိုက် မိသည် ကို တွေးမိပြီး ကျမ မျက်နှာ တွင် ပန်းနု ရောင် ရှက်ပြုံး တချက် ပြုံး လိုက် မိ လေ သလား။ ထို လူငယ် အဝေး သို့ ထွက်ခွာ သွားသည် နှင့် ဘွားဘွား က ကျမ ကို တိုးတိုး လေး ပြောပြသည်။

မြေး ဆံပင်ရှည် တွေ လေထဲ မှာ လွင့်မျှော သွယ်နွဲ့ နေပုံ ဟာ ပန်းချီ ကား ရေး ချင်စရာ မြန်မာ ဆန် လှပ နေ တာ ကို ဘွားဘွား ငေးမော သွားရ သလို ဟို သူငယ် က မြေး ကို ဓါတ်ပုံ တွေ တဖြတ်ဖြတ် ရိုက် နေတာ ဘွား ဘွား မြင်လိုက်ရတယ် မြေးရဲ့ ။

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၂ )

ငါးရက်မြောက်နေ့ နံနက်
ဒီနေ့ နံနက် ထူးထူး ခြားခြား ကျမ တို့ မြေး အဘွား ပြိုင်တူ နိုးနေဋ္ဌကသည်။ ရေ မိုး ချိုးပြီး အပြင် ထွက်ရန် ကျမ တို့ မြေး အဘွား ပြင်ဆင်ပြီး ချိန် လောက် တွင် အခန်း တံခါး လာခေါက်သောကြောင့် ကျမ တံခါး ထ ဖွင့် ပေး လိုက် သည့် အခါ နံနက် စာ ကော်ဖီ လာပို့ သည့် ဟိုတယ် ဝန်ထမ်း တဦး ဖြစ်နေပါသည်။ ဟိုတယ် ဝန်ထမ်း က ၊ စား စ ရာ များနှင့် အတူ စာအိတ် တအိတ် နှင့် ပလပ်စတစ် ပတ်ထားသည့် အနီ ရဲရဲ နှင်းဆီ တပွင့်ကို ပါ ထား ခဲ့သည်။

ဘွား ဘွားက စူးစမ်း သည့် အကြည့် ဖြင့် လှမ်း ကြည့် သည်။ စာအိတ် လေး ကို ကျမ ဖေါက်ကြည့် မိတော့ အ ပြာ နု ရောင် စာရွက် တရွက် က ထွက် ကျ လာသည် လက် ရေး စောင်း စောင်း လေး ဖြင့် ရေး ထား သည့် စာ ကြောင်း ရေ အ နည်း ငယ် အား ဘွား ဘွား ပါကြား စေချင် သဖြင့် အသံ ထွက် ဖတ်လိုက်ပါသည်။

လှပ နက် ရှိုင်း သည့် စကားလုံး တွေ ကို ကွယ် ဝှက် ထား တတ်ကြ တဲ့ ယောင်္ကျား တ ယောက် ရဲ့ ပုံစံ ဟာ အ သုံး မကျ ရာ ဖြစ်နေ တတ် ပြီး လူတွေ က အထီးကျန် လို့ မြင်နေကြတာပါ။ တကယ် တော့ သူတို့ မှ မသိ ပဲ ကိုး အထီးကျန် ယောင်္ကျား တယောက် ရဲ့ အနား မှာ ဖတ်စရာ စာအုပ်တွေ ရယ်။ မြန်မာဆန်လွန်း သည့် ဆံပင် ရှည် ရှည် အရပ် မြင့်မြင့် နဲ့ မိန်းခလေး တယောက် ရဲ့ ဓါတ်ပုံတွေ ရယ်။ ရှိနေကြတာ ကို သူတို့ မသိကြ ဘူး လေ။

ဒါပါပဲ။ ဘွားဘွားကို ကျမ လှမ်းကြည့်လိုက်တော့ ဘွားဘွားက ကျမအား ငေးစိုက်ကြည့် နေသည်။ မေး ခွန်း တွေ မထုတ် သလို ၊ ကျမ ဘာလုပ် မှာလဲ ၊ ဒါမှ မဟုတ် ဘာပြောမှာလဲ ဟူသည့် ဘွားဘွား၏ အကြည့် အား ကျမ နား လည်လိုက် သည်။ နှင်းဆီနီ ပေါ် မှ ပတ်ထား သည့် ပလတ် စတစ် လေး ကို ကျမ အသာ အယာ ခွာ လိုက် ပြီး ကျမ ၏ ဆံပင်ရှည်တွေ ပေါ် ကလစ် တခု နှင့် ပန်ဆင် လိုက် ခြင်း သည် ကျမ ဘွား ဘွား ကို အဖြေ ပေး လိုက်ခြင်းပါပဲ။

ကျမ တို့ မြေး အဘွား ကော်ဖီသောက် ပြီး ရွှေစည်းခုံ သို့ ထွက်လာ ခဲ့ ကြသည်။ ရွှေစည်းခုံ တွင် ကြည့် စရာတွေ များ လွန်း လှပါ သည် တရက် ဖြင့်လည်း ကြည့် မကုန် တလ ဖြင့် လည်း ကြည့် မကုန် နိုင်ပါ။ ဒါ က ကြေး ဂူ တိုက် လို့ ခေါ် တယ် မြေးရဲ့ ၊ ဘုရား လေး ဘက် လေး တန် အလယ် တည့်တည့် မှာ ဘုရား ဆင်းတု တော် ကို ဖူး မျှော် ကြည်ညို နိုင် ဖို့ တ သီး တခြား တည် ဆောက် ထား တာ ၊ ကကုသန် ၊ ကောဏဂုံ ၊ ကဿပ ၊ ဂေါ တ မ ၊ ဆို တဲ့ ပွင့်တော် မူပြီး ဘုရား လေးဆူ ရဲ့ မတ်ရပ် ပုံ ဆင်းတု တော်တွေပဲ။

ဆင်း တု တော် ကား ဆယ့် သုံး ပေ လောက် မြင့် သည်။ ဘယ်ဘက် လက် ဖဝါး အား အပြင် ဖြန့်ထား ပြီး လက် ချောင်း များ အား အောက် စိုက် ထားသည်။ ညာ ဘက် လက် ဖဝါး အား အပြင် ဖြန့် ထား ပြီး လက် ချောင်း များ အား အပေါ် ထောင် ထားသည်။ ဘယ်ဘက် လက် က သတ္တဝါ တို့ လိုအင် ဆန္ဒ ပြည့်ဝစေရန် ဆုပေး နေ ဟန် ဖြစ် သည်။ ညာဘက် လက် က ချစ်သား သမီး တို့ မစိုးရိမ်ကြ ကုန်လင့် ဟု အားပေး နေဟန်ပါပဲ။

ရွှေစည်းခုံ စေတီ အား စတင် တည်ထား သူ မှာ အနော်ရထာ ဖြစ်သည်။ ကျန်စစ်သား မင်း က ဆက် လက် တည် ဆောက်ပြီး ပုဂံပိသုကာ လက်ရာ များ အား ကြွယ်ဝစေခဲ့သည်။ရွှေစည်းခုံကို အပြီးသပ်ခဲ့တဲ့ ကျန်စစ်သား မင်းက သူ တည် ခဲ့ တဲ့ စေတီ ကို နိဗ္ဗာန် ၏ မူလ အရင်း ခံဖြစ်တဲ့ မြတ်သော မဟာစေတီ လို့ ခေါ်ဆို ခဲ့ တယ် ။ ကျန် စစ်သားမင်း ရေးထိုး တဲ့ ကျောက်စာတွေ မှာ နိရ်ဗာဏ ဆို တဲ့ ဝေါဟာရ ကို သုံးလာ တာ မြေး သ တိ ထားမိ လာ သလား။ တခါ တရံ မဟာ နိဗ္ဗာန် ဆို တဲ့ ဝေါဟာရ ကိုသုံး ထားတယ်။ ဘွားဘွား က အရိ မဒ္ဒန ပြည့် ရှင်ကျန် စစ်သားမင်း ၏ ကောင်းမှု များ အား တပိုင်း တစ ရှင်းလင်း ပြနေသည် ကို ကျမ နား ထောင်ပြီး ကြည်နူး လို့ မဆုံး နိုင် တော့ပါ။

ထို့ ကြောင့် သမိုင်း သုတေသီ အချို့ က ကျန်စစ်သား မင်း သည် ရွှေစည်းခုံစေတီ အား တည်ပြီး နောက် ပိုင်း မ ဟာ ယာန မှ ထေရဝါဒ ဗုဒ္ဓဘာသာ သို့ လုံးလုံး လျားလျား သက်ဝင် ယုံကြည် လာပြီဟု ယူဆ ရန် အ ကြောင်း ရှိ သည်။ သို့ ဆို လျှင် ရွှေစည်းခုံ သည် မဟာယာနဂိုဏ်း မှ ခွဲထွက်လာ သည့် မှတ်တိုင် တခုဖြစ်သည် ဟု ပုဂံ သမိုင်း သုတေသီ အချို့ က ယူဆကြသည်။ အရိမဒ္ဒန တွင် အနော်ရထာ စတည်ခဲ့ပြီး ကျန်စစ်သားမင်း အဆုံး သတ်ခဲ့ သည့် ရွှေစည်းခုံ စေတီတော် ကြီးသည် နေရောင် ခြည် အောက်တွင် ရွှေရောင် တောက် ကာ ဖူး မျှော် လို့ မဝ နိုင်အောင် ပါပဲ။

ကျမ တို့ မြေး အဘွား ရွှေစည်းခုံ ၏ အံ့ချီးဖွယ်ရာ များ ကို လေ့လာနေရင်း ဘွားဘွား ထံမှ ကျမ မျှော် လင့်မ ထား သည့် အဘိဓမ္မာ ဆန်သော မေးခွန်း အချို့ကြားလိုက် ရသည်။

လူ့ သမိုင်း တွေ ကို မသိသေး ဘူး ဆိုရင် ။အ ချစ် အကြောင်း လည်း မသိနိုင်ဘူးလို့ မြေးပြောခဲ့ဘူး တယ်နော်။ မိန်းကလေး အတွက် အရေး ပါ လွန်း တဲ့ နေ့ တနေ့ အဖြစ် မြေး ရဲ့ အချိန် ဇယား ခွက်ထဲ မှာထည့်ကြည့် ဘူးပြီလား။

ဘွားဘွား ၏ မေး ခွန်း အား ရုတ် တ ရက် ကျမ မှင်သက် မိ သွား သည်။ ဘွားဘွား မေးတချက် ဆတ် ပြရာ ဘက် သို့ ကျမ လှည့်ကြည့် လိုက် သည့် အခါ ရွှေစည်းခုံ အရှေ့ မြောက် ထောင့် တန်ဆောင်း တစ်ခု အထက် မှ ဓါတ်ပုံ လှမ်း ရိုက် နေသည့် နှင်းဆီနီ ပိုင် ရှင်လူငယ် အား တွေ့လိုက်ရပါသည်။
ရုတ် တရက် ကျမ လက်ချောင်းတွေ ဆံပင်တွေကြား က နှင်းဆီပွင့်ပေါ် ရောက်သွားသည် ၊ ကျမ အဖြေ ကို ဘွားဘွား စောင့် ဆိုင်း နေမှန်းလည်း ကျမသိလိုက်ပါသည်။ ဘွားဘွား သိချင်သည့် အဖြေ ကို ပေးဖို့ ရန် ကျမ အ တွက် စောနေပါသေးသည်။ ဒါပေမဲ့ ၊ ကျမ ရင်ထဲက အ ဖြေ ၊ အမှန်တရား ဆိုတာ ဟုတ်ရဲ့ လား။


နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၃ )

ခြောက်ရက်မြောက်နေ့နံနက်
ယ နေ့ နံနက် တွင် ဟို တယ် ဝန် ထမ်း တံခါး လာ ခေါက် သည် နှင့် ကျမ အ ပြေး အ လွှား တံခါး ထ ဖွင့် လိုက် သည် ကျမ တစုံ တရာ ကို မျှော် လင့်နေ မိ သလား။ ဟိုတယ် ဝန်ထမ်း ယူလာ သည့် နံနက် စာများ နှင့်အတူ နှင်းဆီ နီ တပွင့် ကို မြင်လိုက် ရ သည် နှင့် ကျမ ရင်ထဲ လှိုက် ကနဲ ဘာကြောင့် ဖြစ် သွား ရတာလဲ ဘွား ဘွား အား ကျမ ဖြတ်ကနဲ တချက် ကြည့် လိုက် တော့ ဘွားဘွား လက်ကနဲ ပြုံးလိုက်သည် ကို ကျ မ မြင် လိုက် ရပါ သည်။ ဒီတခါ အပြာရောင် စာရွက်လေး က တမူ ထူးခြားနေပါသည်။ စာရွက် စဖွင့် သည် နှင့် မ ဟူသည့် တလုံးတည်းသော စာလုံးလေးကို ကျမ ရင်ခုန်စွာ မြင်လိုက်ရသည်။

မ ကို ရှင်းပြနေဖို့ မလိုဘူး လို့ ထင် တယ် ၊ မ ဟာ ကျွန်တော့် ကို နားလည် နေပြီး သားဖြစ် နေတယ်လို့ ကျွန်တော် ယူ ဆ ပါ တယ် ကျွန်တော် ပြောပါရစေ ဒီနေ့ တနေ့ လုံး ကျွန်တော် ရွှေစည်းခုံ မှာ ရှိ နေမှာ ပါ။

စာ ဆုံး တော့ ဘွားဘွား ဘက် လှည့် ကာ ကျမ ပြောလိုက်သည်။ သူ ရွှေစည်းခုံ မှာ တနေ့ လုံး ရှိနေ မယ် တဲ့ မနေ့
ည က ဘွားဘွား နှင့် ကျမ ပါ ခင်မင် နေသည့် ဟို တယ် မန်နေဂျာ ၏ ပြောစကား တခွန်း က ကျမ အ တွေး အိမ် ထဲ ကပ်ငြိ ပါ လာသည်။
အဲဒီ ဓါတ်ပုံ ဆရာ လူငယ်လေး က ကျွန်တော့် မိတ်ဆွေ တယောက် ရဲ့ သားပါ။ ပရဟိတ စိတ် အင်မတန် ရှိ တဲ့ လူငယ် တယောက် ပါ ဗျာ။

သူ့ အကြောင်း ကျမ မစုံစမ်းလိုက်ရပဲ တစွန်းတစ သိ လိုက်ရပါသည်။ သူသည် ဖြောင့်မတ် ရိုးစင်းပြီး ပရမတ် ကျလွန်း သည့် လူငယ် တယောက် အဖြစ် စာ အုပ် ပုံတွေ ကြားမှာ နေထိုင်နေသည် ဆိုတာ ကိုတော့ ကျမ အကြမ်းဖျင်း သိလိုက် ရသည်။ သူ သည် ဝေဖန်ရေး သု ခမိန် တွေရဲ့ အစ်ဇင်တွေ ကို ကျောက် ဆောင်တခု မှာ ပစ်ပေါက် ခွဲပစ် တတ် သော အလွန်မှန်ကန် သည့် လုပ် ရပ်များ အား သူလုပ်ခဲ့သည်။

တကယ်တော့ သူသည် အဓိပ္ပါယ် ရှိသော လူ တယောက် အဖြစ် ပရဟိတ တွေ နှင့် စုစည်း သိပ်သည်း ဖွဲ့ ထား သည့် လူငယ်တဦး ၏ ဘဝ ကို သူ ဖြတ်သန်း နေပါ သလား။ ဘယ်သို့ ဆိုစေ သူသည် ကျမ စိတ် ဝင်စား သည့် သူ ရဲ ကောင်း တယောက် ဖြစ်နေ သလား။

ကျမတို့ မြေးအဘွား ဟိုတယ် မှ ထွက် ရန် အဆင်သင့်ဖြစ်ချိန် တွင် နံနက်၁၀ နာရီခွဲ နေပြီဖြစ်သည်။

မြေးမေ့နေ တယ်လေ။ ရုတ်တရက် ဘွားဘွား က သတိပေး သလို ပြောလိုက် သည့် အတွက် ကျမ ကြောင် အန်း အန်း ဖြစ် သွားသည်။ အော် ဘွားဘွားရယ်။ ကျမရှက်ပြုံးတချက် ပြုံးလိုက်မိသည်။ ကျမ၏ ဆံပင်ရှည်တွေ ပေါ် နှင်းဆီနီ မပန်ရသေးပဲကိုး။

ကျမတို့ မြေး အဘွား ရွှေစည်းခုံ စေတီ သို့ ရောက်သည် နှင့် တောင်ဘက်မုခ် ဘုရားစောင်းတန်း အခြေ တွင် ခပ် သွယ်သွယ် လူငယ် တဦး ကင်မရာလွယ် လျက် ကျမတို့ မြေးအဘွား လျှောက်လာသည်အား ငေးမော ကြည့် နေ သည် ကို အဝေးမှ လှမ်းမြင်နေရသည်။ ကျမတို့ထံ သူ လျှောက်လာပြီး ဘွားဘွား အား နှုတ်ဆက် ကာ တွဲ ခေါ် သည် ကျမ ဘက် သို့ သူဖြတ် ကနဲ ကြည့်လိုက် သည့် အကြည့် သည် ကျမဘဝ တွင် ဘယ်သောအခါမှ မ မေ့နိုင် တော့သည့် အကြည့်ဖြစ်နေ ပါရော လား။

ဘွားဘွားအား ဦးတည်ပြီး သူ့ ကိုယ်သူ မိတ်ဆက်နေသည့် ဟန်ပန် သည် အင်မတန်ရိုးသား တည်ကြည်သည့် လူ ငယ် တ ယောက် ဟန် ပါပဲ။ ဘွားဘွား ကတော့ သူ့ ကို ခင်မင် သွား သည် အမှန်ပါ။ ကျမ ၏ ဆံ ပင် တွေကြား ထဲမှ နှင်းဆီနီ အား သူ ငေးမော စိုက်ကြည့် နေ သည် ကို လည်း ကျမ သတိထားလိုက် မိသည်။ ထို တဒင်္ဂ လေး အတွင်းမှာ ပင် သာယာ သည့် ဂီတ သံ စဉ် လှိုင်း တွေ ကြား က သိမ်မွေ့ နက်ရှိုင်းလွန်းသော ရို မန် တစ် တခု ဖြစ် သွားသည် မှာ အသေအချာ ပါပဲလေ။

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၄ )

ခုနှစ်ရက်မြောက်နေ့ နံနက်။
ယနေ့ နံနက် တွင် ဟို တယ် ဝန်ထမ်း တံခါး လာခေါက် သည် နှင့် ကျမ တံခါး ဖွင့်ပေး လိုက်သည် စားစရာ တွေ ဘာ မှပါ မလာ တော့ ပါ။ ဟိုတယ် ဝန်ထမ်း က ဧည့် သည် စောင့်နေ ပါသည် ဟုသာ အသိပေးပြီး ပြန် ထွက် သွား သည်။ မနေ့ ညနေ က သူ တည်းခို နေသည့် ဘားမား တည်းခို ရိပ်သာ တွင် ကောက်ညှင်းပေါင်း နှင့် အ ကြော် စားရန် ကျမ တို့ မြေးအဘွား အား သူ ဖိတ်ထားသည်။ ယခု သူ လာကြိုနေ ပါပြီ။ သို့ သော် ဟို တယ် ဝန် ထမ်း လက်ထဲ တွင် နှင်းဆီနီ မတွေ့မိသည် ကို ကျမ ရင်ထဲ ဘာလို့ များ ဟာ က နဲ ဖြစ်သွား မိပါ လိမ့်။ ဒါ ပေမဲ့ ကျမ မျှော်လင့်နေမိသည့် နှင်းဆီနီ သည် ကျမ ထံ မလွဲ မသွေ ရောက်လာမည် ကိုတော့ ကျမ စိတ် ထဲတွင် အလို လို သိနေ သ လို ပါ ပဲ လေ။
သူတည်းခိုသည့် ဘားမားရိပ်သာ သို့ ကျမတို့ မြေး အဘွား ရောက် သည့် အချိန် တွင် နံနက် ၆နာရီ ရှိနေပြီ ရိပ်သာစောင့်ပြင်ဆင်ပေး သည့် ပဲပြုတ် ဆီဆမ်း နှင့် ကောက် ညှင်း င ချိတ် ပေါင်း ပူပူ နွေနွေး သည် နှမ်းထောင်း မွှေးမွှေးလေး နှင့် အတူ အကောင်းဆုံး မြန် မာ့ ရိုးရာ အစား အစာ တွေ ပါ ပဲအကြော်စုံ ၊ ကျောက်ပန်းတောင်း လဘက်ရည်ချို နှင့် အ လွန် လိုက် ဘက် လွန်း လှသည်

နံ နက် တိုင်း ဟို တယ် မှ ကျွေး သည့် ဘို စာတွေ ကို ကျမ တို့ မြေး အဘွား နေ့ စဉ် စားနေရ သည် မှာ ငြီး ငွေ့ လှ ပါပြီ။ အရသာ ရှိလှသည့် မြန်မာ့ အစား အစာ များ စားလိုက်ရသည့် အတွက် ဘွားဘွား ကျေနပ်နေသည် ကို တွေ့ရ သည်။ ဘယ်လို ရေစက်မှန်း မသိပါ။ ဘွားဘွား သူ့ ကို ခင်မင်နေသည်။ သူ လူကြီးတွေ အပေါ် ဆက် ဆံသည် မှာ တယုတယ ရှိလွန်းပြီး အလွန် ယဉ်ကျေး ကာ ရိုသေ ကိုင်းရှိုင်းသည် ကို တွေ့ရသည်။

ကျမ တို့ အားလုံး စားသောက်ပြီး သည်နှင့် ရွှေစည်းခုံ စေတီ သို့ သူ စီစဉ် ထား သည့် အငှား ကားဖြင့် ထွက် လာ ခဲ့ကြ သည်။ ပထမ ဆုံး ဝက်ကြီး အင်း ဂူဘုရား သို့ ဝင်သည်။ ဒီ တ ခေါက် ဘွားဘွား အား ပုံစံ အမျိုး မျိုး နှင့် ဓါတ်ပုံရိုက် ပေးနေသည်။ သူ့ ဓါတ်ပုံ ပစ္စည်းများ ထည့် သည့် အိတ် ကို ကျမအား လှမ်း ပေးပြီး သူ နှင့် ဘွား ဘွား ကျမ နှင့် အ နည်း ငယ် အလှမ်း ဝေး သွားသည်။ တမင် တ ကာ လား ။ မတော် တဆ လား ကျမ ဝေခွဲ မရခင် ဘွား ဘွား ကို ထား ခဲ့ပြီး သူ ကျမထံ ပြေးလာသည်။ မ ကို ကျွန်တော် နှင်းဆီ ပန်း လေး လာပေး တာ ပါ။

စူးရှ တောက်ပ နေသည့် သူ့ မျက်ဝန်း နက်နက်တွေ ကို ကျမ တွေ့ လိုက် ရရင်ပဲ သိမ်မွေ့နက်ရှိုင်းလွန်းပြီး ဟန် ဆောင်ခြင်း ကင်းမဲ့သည်ကို ကျမသိလိုက်သည်။ ကျမ သည် ၊ ယောင်္ကျား တယောက် ၏ နှလုံးသား ရဲတိုက် တခု ကို တံခါးသော့ ဖွင့်ကြည့်မိသည်။ ကျမ ကဲသို့ ပင် သူသည် လည်း ပိတ်ထား သော ကျမ၏ နှလုံးသား ရဲတိုက် တံ ခါး တချပ် အား သော့ ဖွင့်ကြည့် လိုပါ လိမ့် မည်။ ကျမ မြင် မိသော အမြင် နှင့် ကျမ ကို သူ မြင်သည့် အမြင် များ နှစ်ဦးလုံး၏ နှလုံး သား လျှို့ ဝှက် ချက် တွေ က တူညီချင် မှ တူညီပါ လိမ့် မည်။ သူ့ ဘက်က အမြင် ဘယ်သို့ ရှိမည်ကို ကျမ မသိနိုင်သော် လည်း ကျမ ၏ ပိတ်ထား သော နှလုံးသား တံခါး အား အနည်းငယ် ဖွင့် ပေးလိုက်မိ သည် ကတော့ သူ ၏ ရိုး သား ဖြောင့်မတ်ခြင်း နှင့် ပရဟိတ စိတ်တွေ ကို လေးစားခြင်း က စတင်လာခဲ့သည် ကို တော့ ကျမ အခိုင်အမာ ပြောနိုင်ပါလိမ့် မည်။

သူ နှင့် ဘွားဘွား ကျမ အနား ရောက်လာချိန်တွင်။ ပါးနပ်သည့် ဘွားဘွား က ကျမဆံပင်တွေပေါ်မှ နှင်းဆီနီကို တချက်ကြည့်လိုက်ပြီးပြုံးယောင်ပြုသည်။ ကျမ ပါးပြင်သည် ပန်းနုရောင်ရှက် သွေး သန်းသွား လေသလား။

ကျမ တို့ ဂူပြောက်ကြီး ဘုရား အား လှည့် လည်ကြည့်ရှု နေရာ မှ သူ က ဂူပြောက်ကြီး ဘုရား နှင့် ပတ် သက် သည့် သမိုင်း ကို ရှင်းပြနေသည်။
ဝက်ကြီး အင်း ဂူပြောက်ကြီး ဘုရား က ကွမ်းတောင် ဟာ၊ ဗုဒ္ဓဂါယာမှာ ရှိ တဲ့ မဟာ ဗောဓိစေတီ ကွမ်းတောင်မျိုး လေ၊ အဲဒီ ထဲ မှာ ငါးရာငါးဆယ် ဇာတ်တွေ ရေးခြယ် ထား တယ်။ ၁၈၉၉ မှာ မြန်မာပြည် ကို ရောက်လာ တဲ့ ဂျာမန် လူမျိုး ဒေါက်တာသိုမန်း ဆိုတဲ့ သူက ပုဂံ လက်ရာ တွေ သယ်ယူသွား တာ ကြောင့်အဲဒီ ကွမ်းတောင် မရှိတော့ဘူး။ မှတ်တမ်း တွေက ဂျာမန်လူမျိုး ဒေါက်တာ သို မန်း ခွာယူ သွား တယ်လို့အခိုင်အမာ ဆိုထား တယ်။ ၁၈၉၉ ခုနှစ်က မြန် မာ နိုင်ငံ ကို အင်္ဂလိပ် သိမ်းပြီး စ ဆို တော့ ရှေးဟောင်းအနုပညာ ဥပဒေပြဌါန်းချက် က လည်း မရှိ သေး ဘူး။ ကျွန်တော် တို့ မြန်မာလူမျိုး နဲ့ မြန်မာပြည် ဟာ သူ့ ကျွန် ဖြစ်ခဲ့ရတာ ရင်နာစရာ ကောင်းပါတယ်ဗျာ။ အဲဒီ နိုင်ငံ ခြား သား တွေ ဟာ ရှေးဟောင်း ပစ္စည်းသူခိုးတွေ ပါ ဗျာ။
သူ က ဟိုး အဝေး တနေရာသို့ စိုက်ကြည့် ရင်း လေးလေး နက်နက် ပြောနေသ ကဲ့ သို့ ဘွားဘွား က ခေါင်းတညိတ်ညိတ် ရှိကာ လူငယ် ဆိုသော်လည်း ဗဟု သု တ ကြွယ်ဝ စွာ ပြောနေသည် ကို သဘောကျ နေပုံရသည်။

ကျမ ကရော။ သူ့ အပေါ် ဘယ်လို မှတ်ချက်တွေ ပေးမှာလဲ။ အမျိုးသမီး အများစုသည် မိမိ၏ ဘဝ အာ မ ခံ ချက် အတွက် ပေးနိုင် သူကိုသာ အဓိက ရွေးခြယ် တတ်ကြသည်။ ထိုအထဲတွင် သူ မပါ နိုင်ပါ။ သူ သည် မ သပ် ယပ်သော ဆံပင် တွေ နှင့် အဝတ် အစား ဖရို ဖရဲ ဝတ် ကာ ဘဝ ကို ဒေါင်ကျကျ ပြားကျကျ နေတတ် ပြီး သူ့ ဘေး တွင် စာအုပ်တွေပုံကာ သူ့ ယုံကြည်ချက် သူမှန် သည်ဟု ထင်သော အလုပ်များ ကို စူးစူးနစ်နစ် လုပ် နေ တတ် သူ ဓါတ်ပုံတွေ လိုက်ရိုက် နေတတ် သည့် လူငယ် တ ယောက် ပါ ပဲ လေ။

11 comments:

Nge Naing said...

ဆက်ရန် မရှိဘူးလား မသက်ဇင်။ မျှော်နေပါတယ်။

အလှတရား said...

အမရေ
တစ်မျိုးပါပဲ..
အေးချမ်းမှု သဘောလေးရော
မြန်မာဆန်မှုလေးတွေရော


စာကိုတော့ အမည်မတပ်တတ်ပါ..

အခု အသွင် သဏ္ဍာန်သစ်အနေနဲ့ စတင်တာဆိုတော့ ဆရာကြီး ဒဂုန်တာရာ အတွက် ကဗျာလေးကို သတိအထူးရနေသေးကြောင်း တစ်လက်စတည်း ပြောသွားပါရစေ။

ရဲရင့်နီ said...

သမိုင်းနောက်ခံ.....ကို
ခံစားမှု့  ရသ....နှင့်တွဲဖက်ထားသောကြောင့်..
စာဖတ်သူတို့ အ တွက်အကျိုးများစေသည် ဟုထင်မြင်မိပါသည်....

ထင်လင်းအောင် said...

အမရေ...
သုတ၊ရသ နှစ်မျိုးလုံးပေးတဲ့ ခရီးသွားဆောင်းပါလေးပါပဲဗျာ....
ကျနော် အတုယူသွားပါတယ်....
လင့်ပါလုပ်လိုက်ပါမယ်......

အပြုံးပန်း said...

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန
အတွဲတွေ အားလုံးလာဖတ်သွားတယ်။ အားလုံးဆက်ဖတ်ပါအုံးမယ်။
မသက်ဇင်ရဲ့ အရေးတွေ က
ဘယ်လို ပြောရမှန်းမသိအောင်
ကောင်းနေတယ်။
ဒီလိုမျိုးရေးဖို့ ဆိုတာ တော်ရုံဝါနဲ့တော့ မရနိုင်ဘူး။
သုတနဲ့ရသ အတော်ပိုင်မှ ရေးနိုင်မှာ။
ဒါနဲ့
ဆံပင်တွေ အရှည်ကြီးနဲ့ပဲလား။
မသက်ဇင်ရဲ့ အသက်ကိုတောင် စိတ်ဝင်စားလာပြီ။

freedom said...

စာလေးတွေလာဖတ်သွားပါတယ်။ အစ်မ

freedom said...

ထပ်ရောက်ပါတယ်။ အစ်မလည်း ပျော်ရွှင်ပါစေ။

freedom said...

အစ်မ စာတွေ အကုန် ဖတ် ပြီး သွား ပါ ပြီ။
ကောင်း တဲ့ စာ လေး တွေ ပါ အစ် မ။ ထပ် ရေး ပါ အုံး လား။ ပျော်ရွင်ပါစေနော်။

နေဒေးသစ် said...

( အစ်မ မသက်ဇင် ဘလော့တွင် ပထမဆုံးပေးဖြစ်သော comments ) ..... အစ်မရေ .... သူများတွေကတော့
အပိုင်း ၁၀ ကိုရောက်နေကြပြီ ... ကျွန်တော်ကတော့ သူများတွေနဲ့ မတူချင်ဘူး .... သူများတွေ ဘယ်နေရာ ရောက်ရောက် ကျွန်တော်ကတော့ မဖတ်ရသေးတဲ့ ၁ ကနေပဲ စဖတ်ချင်တယ်။ လူတစ်ယောက် အခြားလူတစ်ယောက်ရဲ့ ဘလော့တစ်ခုကိုရောက်ရင် ပထမဆုံးခံစားရတာက ပို့စ်အရှည်ကြီးတွေ မဖတ်ချင်ကြတဲ့ ခံစားမှုပါပဲ ... ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေက တာရာမင်းဝေ တို့ ရွှေဥဒေါင်းတို့ မင်းလူတို့လောက်နဲ့ပဲ ကျင်လည်ခဲ့တာလေ .... သူ့အတွက် အသစ်ဖြစ်နေတဲ့ စာရေးဆရာ တစ်ယောက်ရဲ့ ရှည်လျားလွန်းတဲ့ လက်ရာကို စတင်ထိတွေ့ ခံစားဖို့အတွက် အချိန်အများကြီးပေးဖို့ဆိုတာ ဘယ်သူက ကျေကျေနပ်နပ် လက်ခံချင်မှာလဲ .... အမှန်အတိုင်းပြောရရင် ဒီပို့စ်အစမှာလည်း ကျွန်တော်ဒီခံစားချက်ကို ခံစားခဲ့ရတယ် .. ဒါပေမယ့် အဟောင်းတွေကြားမှာ ပျော်မွေ့နေရတာထက် ကျွန်တော့် အသစ်အသစ်တွေကို နေရာပေးကြည့်ချင်မိတယ် ... မှန်ပါတယ် အစ်မက ဘလော့ လောကက လူသိများတဲ့ သူတစ်ယောက်ပါ ... ဒါပေမယ့် ကျွန်တော့်အတွက်တော့ အခုမှ စတင်ထိတွေ့ဖူးတာ မို့လို့ ကျွန်တော့်အတွက် အသစ် တစ်ယောက်ပါပဲ .... ယုံကြည်မှု တစ်ခုအတွက် ရှေ့ဆက်တိုးခဲ့တယ် .... အပိုင်း ( ၁ ) .... ပြီးတော့ ( ၂ ) ..နောက် ( ၃ ) ... ပြီးတော့ ( ၄ ) ... လူတစ်ယောက်ရဲ့ စိတ်အစဉ်ကို တစ်နေရာကနေ နောက်တစ်နေရာကို ပါအောင် စွဲဆောင်နိုင်ဖို့ဆိုတာ အရမ်း ခက်ခဲလွန်းပါသတဲ့ ... ဒါပေမယ့် အစ်မ ပို့စ်တွေက ဒီကန့်သတ်ချက်ကို ကျော်လွန်သွားနိုင်ခဲ့ပါတယ် .... ပုဂံမြင်ကွင်းနဲ့ ချစ်ခြင်းတရားကို ပုံဖော်ခဲ့တာ သဟဇာတဖြစ်လွန်းပြီး လိုအပ်ချက်ကို ထောက်ပြဖို့ ကျွန်တော်ဆွံအနေမိတယ် ... Congratulations အစ်မ ... နောက်ထပ် ၁၀ ရောက်တဲ့ ထိ ကျွန်တော် ခရီးနှင်လိုက်ပါဦးမယ် ...

maymaykhin said...

အစကနေ အခုမှ ဖတ်ရတယ်ရှင့်
ဖတ်လို့ကောင်းတယ်

yan said...

အမရဲ့ ခရီးသွားဆောင်းပါးလေးကို အရမ်းနှစ်သက်ပါတယ်။ နောက်ပြီး အဲဒီထဲက လေပြေလေး -- တဖြူးဖြူး -- ပြောင်းခင်းလေးတွေ-- တငြိမ့်ငြိမ့်-- လူး-- ဧရာဝတီ မြစ်ရေ သင်ဖျူး ဆိုတဲ့သီချင်းလေးကို ကျနော်ကြားဖူးပါတယ်။ ငယ်ငယ်က ကျနော့်မေမေ ဆိုပြဖူးပါတယ်။ အဲဒီသီချင်းလေးကို ကျနော်အမရဲ့ဆောင်းပါးလေးကို ဖတ်မိပြီးအရမ်းပြန်နားထောင်ချင်မိပါတယ်။ ဘယ်သူဆိုမှန်းလဲ မမှတ်မိတော့တာမို့ အမမှာသီချင်းလေးရှိမယ်ဆိုရင် ကျနော့်ကို ပို့ပေးနိုင်မလားခင်ဗျာ။