Friday, February 20, 2009

အိပ်မက်ရယ် အနမ်းရိုင်းရယ်

ကျမ ကို တုပ်နှောင်ထားတယ်လေ
ပညာတတ် လူတန်းစားအလွှာ
လူကလပ်စည်းတွေကြား
မျက်ရည်နှင့် ရှိုက်သံ-
ရှုပ်ထွေးလှည့်စားခြင်းများကို
ကျမ
တပွေ့တပိုက် မခုံမင် ပါဘူး

ကျမ ကို ဆာရီယာယ်လစ်ဇင်တွေ နဲ့
လာလာနှောက်ယှက်တယ်--
တခါတရံ --
မှော်အတတ်တွေနဲ့ ကျမ ပြုစားခံရတယ်
ကျူဗစ်အစ်ဇင်တွေနဲ့
ညအိပ်ချိန်တွေ
ခဏခဏ လန့် နိုးတယ်

အိပ်မက် ထဲ ပန်းပွင့်တွေ သယ်ဆောင်လာပြီး
အနမ်းရိုင်းတွေ လာလာပေးတတ်တယ်
ကျမကလည်း
အိပ်မက်ကို ချိုမြိန်စွာ
ရင်ခုန်နေတတ်ပြီလေ
နောက်ဆုံးတော့ သူ
ကျမ ကို အိပ်မက်မှာပဲ
ထားခဲ့ တော့ တာပါပဲ

မသက်ဇင်

22 comments:

eaindraomtt said...

တစ်ခါတစ်လေ..အိမ်မက်မက်ခွင့်ရလိုက်တာကိုပဲ ကျေးဇူးတင်ရတော့မလိုလို
အိမ်မက်ဆိုတာ..အတုတစ်ခုဖြစ်ပေမယ့်
အဲဒီ့ခဏတော့သာယာနေသားနော် အစ်မ
မနိုးမချင်းပေါ့
အစ်မကဗျာလေး..ထည့်ပြီးပြန်သွားပါတယ်..

အိန္ဒြာ

Nge Naing said...

ကဗျာလေးကတော့ ဖတ်လို့ကောင်းပါတယ် ဒါပေမယ့် သံယောဇဉ်ရဲ့ ကျေးကျွန်အဖြစ်မခံနဲ့ မသက်ဇင်၊ သံယောဇဉ်ဆိုတာ အ၀ိဇ္ဇာကို ဖြစ်စေတဲ့ စိတ်ရဲ့ စိတ်ရဲ့အညစ်ကြေးသက်သက်ပဲ။ စွဲလမ်းမှု သံယောဇဉ်နေရာမှာ မေတ္တာကို အစားထိုးနိုင်အောင် ကြိုးစားပါ။ ကျန်းမာပျော်ရွှင်ပါစေ။

လွမ်းလုင် said...

လူဆိုမှတော့ ခံစားချက်ရှိလာရမှာပဲ အစ်မရေ။ သံယောဇဉ်တွေ အချစ်တွေ ပူလောင်တယ်လို့ ဘယ်သူတွေ ဘယ်လိုပြောပြော တွေ့ရင်တော့ ပုထုဇဉ် လူသားဖြစ်နေသရွေ့ရှောင်တိမ်းဖို့ မလွယ်ပါဘူး။

ကျွန်တော်လက်သုံးစကား တစ်ခုတော့ ရှိတယ်အစ်မရ။ “ပျော်စရာပဲဖြစ်ဖြစ် ဝမ်းနည်းစရာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးသွားတာပါပဲ”။ အဆင်ပြေပါစေ အစ်မ...။ :)

Apprenticeship said...

သြော်မသက်ဇဉ် အနမ်းရိုင်းတွေကို သော့ခတ်သိမ်းလိုက်တယ် ထင်ပါ့။ :P အဲဒီဘက်မှာ ကျွန်မလဲ မကျွမ်းကျင်တော့ အကြံမပေးတတ်ဘူး။ အဆင်ပြေပါစေကွား နော်.။

ရှင်ရဲထွတ် said...

မသက်ဇင်ရေ... ကဗျာကောင်းလေးတစ်ပုဒ်ပါ။ ပြောရဆိုရ သိပ်ခက်တဲ့ အရာတွေထဲမှာ သံယောဇဉ်က အဆိုးဆုံးပဲ။
တစ်ခါတစ်လေ ဆိုးလိုက်တာလွန်ရော။ အစ်မရေ အချိန်တစ်ခုက နေရာမှန်တစ်ခုဆီကို ပြန်ပို့ပေးတတ်ပါတယ်။

အလှတရား said...

လာရောက်ခံစားသွားပါတယ်အစ်မ
ရှားရှားပါးပါး အသံထွက်စကားပြောတဲ့ ကဗျာမို့..

ချမ်းမြေ့ပါစေ

တားမြစ် ထားသော... said...

တစ်ကယ်တော့ အိမ်မက်ဟာ အိမ်မက်ပါပဲ ဆိုကြတယ်လေ။

သုခမိန်(E-Journal)

kyawzawehan said...

မသက်ဇင်

ခံစားမှုရှိမှ ကဗျာဆိုတာ
ဖြစ်လာတယ်လို့ ကြားဖူးတယ်
မသက်ဇင်လည်း
အဲဒီလိုဖြစ်နေပြီနဲ့တူတယ်
စတာနော်

မြတ်သွယ် said...

ကဗျာလေးကို ဖတ်သွားပါတယ်
အစ်မသက်ဇင်း)

chenaddy said...

အစ်မလာလည်လို့ပြန်လာလည်တာပါ
ကဗျာလေးတွေ့တော့ဖတ်ဖြစ်ပါတယ်
ဒါလေးကဟိုနေ့ကရေးဖြစ်တာပါ
အသုံးများဝင်မလားလို့အစ်မအတွက်

တံခါး

နှလုံးသားတံခါးကို
ပိတ်ထားလိုက်တာက
ပိုလုံခြုံပါတယ်
အထီးကျန်နေတယ်
ဒါပေမယ့်
ပိုလုံခြုံတယ်
(စိတ်မရှိပါနဲ့ နင့်ကိုငါ သတိရလို့ပါ)

ဟန်ဆောင်ခြင်း

လူတစ်ယောက်ကို
ချစ်ဟန်ဆောင်ရတာ
သိပ်လွယ်ပါတယ်
မချစ်ဟန်ဆောင်ရတာကမှ
တကယ်ခက်တာ
(အချစ်ကောင်း၊ အချစ်ဆိုး)

Welcome said...

အစ်မဆီမှာ တွေ့ရခဲလွန်းတဲ့
ကဗျာလေးကို ဖတ်သွားပါတယ်။
အလိုမကျမှုတွေကနေ
ဖြစ်တည်လာတဲ့ မပြည့်စုံမှုအပေါ်
အိပ်မက်ကိုပဲ ပုံချမိပါမယ်။

♥ Acacia ♥ said...

မမရှင့် ဖော်ကောင်းကြင်သူ မှ မျက်ဖြေအလင်္ကာသို့ ပြောင်းလဲလိုက်ပါသည်။ blog link - http://myat-phay-a-lin-kar.blogspot.com/

♥ Acacia ♥ said...

အမြဲလာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်..

နှင်းဆီနက် said...

လာရောက်ခံစားဖတ်ရှုပါတယ်
အနမ်းရိုင်းလေးကို

nay way said...

ဘယ်လိုမှတ်ချက်ပေးရမှန်းတောင် မသိအောင် ကောင်းလွန်းတဲ့ ကဗျာတစ်ပုဒ်ပါ...

DTS said...

မသက်ဇင်ရေ-
ကိုပေါက်သူငယ်ချင်းဆိုလို့ သူ့စာမျက်နှာက ဒါတဲ့။
http://nayminni-pauk.blogspot.com/

Banyarshein said...

အိပ်မက် ထဲ-ပန်းပွင့်တွေ သယ်ဆောင်လာပြီး--
အနမ်းရိုင်းတွေ--လာလာပေးတတ်တယ်--
ကျမကလည်း--အိပ်မက်ကို ချိုမြိန်စွာ
ရင်ခုန်နေတတ်ပြီလေ--
နောက်ဆုံးတော့--သူ-
ကျမ ကို အိပ်မက်မှာပဲ
ထားခဲ့တော့ တာပါပဲ--
ဒီအပိုက်လေးကို အကြိုက်ဆုံးပဲ အမရေ ...
ခံစားချက်ချင်းတူတယ်

နေဒေးသစ် said...

Comments တွေအတွက် ကျေးဇူး အများကြီး တင်ပါတယ် အစ်မ ... Cbox ရှာမတွေ့လို့ Comments ထဲကနေပဲ နှုတ်ဆက်လိုက်ပါတယ် ကျွန်တော့်ရဲ့ နောက်ဆုံး ပို့စ်လေးလည်း ရေးထားပါတယ် အားရင် အစ်မ လာဖတ်လှည့်ပါဦး Blogger လောကမှာ အဆင်ပြေပါစေ ပျော်ရွှင်နိုင်ပါစေ ဆထက် တစ်ပိုး အောင်မြင်နိုင်ပါစေ ခင်ဗျာ

နွေလှိုင်ဿုန်း said...

ကဗျာတွေ ဖက်သွားပါတယ်။ ရှားရှားပါးပါး လာလည်လို့ အမှတ်တရ ရှိနေပါတယ် ။

နေမင်းနီ said...

မသက်ဇင်... ဟုတ်တယ်။ ဖြစ်လေ့ရှိတယ်။ ပညာတတ်အလွှာတွေမှာ ဒီလိုပဲ တောင်တောင်အီအီနဲ့ မိန်းမောနေတတ်တယ်။ လီနင်က ပြောဖူးတယ် 'ပညာတတ်တွေကို အလုပ်ရုံထဲမှာ သွင်းလိုက်ပါ။ ကြာကြာမခံပါဘူး'တဲ့။ အိမ်မက်ထက် ဘဝထဲမှာ ပိုကြာကြာနေနိုင်အောင် ကြိုးစားကြရမယ်။

Banyarshein said...

မမကြီး တဂ်ပို့လေးမိထားတယ်နော်

မနန်း said...

အိပ်မက်ထဲပန်းပွင့်တွေလာလာပေးတတ်သလား?