Friday, November 28, 2008

မွန် မြန်မာ ရှမ်း လူမျိုးများ ၏ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ်မှု

စကားချပ်
( တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုရှမ်းတို့ ၏ နန်ချို နိုင်ငံကြီး အား မောင်းဂွတ် ဧကရာဇ် ဘုရင် ကုဗလေခန် က ဝင် ရောက် တိုက်ခိုက် သိမ်းပိုက် လိုက် သဖြင့် နန်ချို နိုင်ငံကြီး ပျက်စီး ၍ နန်ချို ယိုးဒယားရှမ်း လူမျိုးများ အင်ဒိုချိုင်း နား ကျွန်းဆွယ်သို့ ဝင်ရောက်ကြသော သက္ကရာဇ် ၁၃၅၀ ခုနှစ် တွင် အာယုဒ္ဓိယမြို့တော်ကို ဗဟိုပြု ၍ မဲနန်မြစ် ဝှမ်း ဒေသ တဝိုက်တွင် ယိုးဒယား နိုင်ငံအား ထူထောင် လိုက်ကြသည့် အခါ မြန်မာ နိုင်ငံ အတွင်းရှိ မွန်နယ်များ အထူးသဖြင့် တနသ်ာရီ ကမ်းရိုးတန်း ဒေသတဝိုက်ရှိ မုတ္တမနှင့် မော်လမြိုင် တို့သည် ယိုးဒယားဘုရင် များအား မိမိတို့ ၏ အကြီးအကဲ များ အဖြစ်ဖြင့် နှစ်စဉ် နှစ် တိုင်း လက်ဆောင် ပဏာများ ဆက်သွင်းပုံ တနသ်ာရီသည် ယိုးဒယားနိုင်ငံ အတွင်း တွင် ပြည်နယ် တနယ် အဖြစ် ပါဝင်လျက် ရှိကြောင်း ယိုးဒယား ရာဇဝင် ဟောင်းများ တွင် ရေးသား ဖေါ်ပြ ချက်နှင့် ပတ်သက်၍ လေးလေး နက်နက် ထည့် သွင်း စဉ်းစားရန်ရှိသည်။ )

မြန်မာ နှင့် ယိုးဒယား တို့သည် မြန်မာဘုရင်များ နှင့် သမိုင်း တလျှောက်လုံးလိုလို စစ်မက် တိုက်ခိုက် ခဲ့ ဋ္ဌကသည်။ အဘယ့် ကြောင့် ဆိုသော် ကမ္ဘောဒီးယား (မွန်ခမာလူမျိုး ) များ၏ အရိုက်အရာကို ဆက်ခံခြင်း ပြုသည် ဟု မိမိတို့ ဘာသာ မိမိတို့ ယူဆဟန် ရှိ သော ယိုးဒယားရှမ်း များက တနသ်ာရီ ကမ်းရိုးတန်း အထူး သဖြင့် မုတ္တမ ၊ မော်လမြိုင် ၊ ရေး၊ မြိတ်၊ ထားဝယ် ဒေသ များ ကို မြန်မာနိုင်ငံမှ ပြန်လည် ဖဲ့ယူရန် ကြိုးပမ်း သော ကြောင့် ဖြစ်သည်။

မွန် ရာဇဝင် ဟောင်းများ တွင် ယိုးဒယား ဘက်ရှိ ယိုးဒယား လူမျိုး အကြီးအကဲ တဦး ဖြစ် သူ ဝါရီရူ သည် ပုဂံ မင်း ဆက် ဘုရင်များ တန်ခိုး အာဏာ လျော့ပါး မှေးမှိန်ကာ မြန်မာ နိုင်ငံ တောင်ဘက် တလွှားတွင် ကစင့် ကလျား ဖြစ်နေချိန် လောက် က ပင် မုတ္တမ ကို အချေပြု ၍ တနသ်ာရီ ကမ်းရိုးတန်း ဒေသ တဝိုက် ကို စတင် သိမ်း ပိုက်ခြင်း ပြုကြောင်း ဖြင့် ရေးသား ဖေါ် ပြ ကြသည်။ ဝါ ရီရူသည် မုတ္တမ ကို အချေပြုပြီး နောက် ပဲခူးတွင် သီးခြား မင်း ပြုလျက် ရှိသော မြန် မာ ဘုရင်ခံ တရဖျား ကို တိုက်ခိုက် အောင်နိုင် လိုက်ကြောင်း ရေး သား ဖေါ် ပြ ထား သည်။

ဆက်လက်၍ ယိုးဒယား နှင့် မွန်သွေး ရောသွားကြသည့် ဝါရီရူမင်း ခြောက်ဆက်မြောက် မျှ မုတ္တမတွင် စိုးစံ ကြ ပြီးနောက် ဗညားဦး လက်ထက် တွင် ဟံသာဝတီ ကို ဗဟိုပြုပြီး လျှင် မွန်လူမျိုးများ၏ ဒေသဖြစ်သော မြန်မာ နိုင်ငံ တောင်ဘက် တလွှား ကို သိမ်းသွင်း စည်းလုံးလျက် ထင်ရှားကြီး ကျယ်လှသည့် ရာမည တိုင်းကြီးကို ထူ ထောင် ကြောင်းဖြင့် မွန်ရာဇဝင် များတွင် တခမ်းတနား ရေးသား ဖေါ်ပြကြသည်။

ယင်း ကဲ့ သို့ မွန်ရာဇဝင်များ ၏ ရေးသား ဖေါ်ပြ ချက် တို့ ကို လေ့လာ သောအခါ ပုဂံ မင်း ဆက် တို့ အင်အားလျော့ ပါး ချိန်တွင် မွန်လူမျိုးများ နှင့် ၄င်းတို့ ၏ အကြီး အကဲများ သည် ယိုးဒယား ဘက် ရှိ သောက္ကတဲ ပြည်နယ် မှ ယိုးဒယားမင်းများ ၏ အကူ အညီ ဖြင့် မြန်မာဘုရင် များ တို့၏ လက်အောက်ခံ ဘဝမှ ရုန်းကန် လွတ် မြောက် ကြ ပြီးလျင် ဝါရီရူ မင်းဆက် ခုနှစ်ဆက် ရာဇဓိရာဇ် ဘုရင် လက် ထက် တွင် ဟံသာဝတီ ကို ဗဟိုပြုလျက် မြန်မာ နိုင်ငံ တောင် ဘက် တခု လုံး ကို ရာမည တိုင်း တလိုင်း သုံးရပ် ၃၂ မြို့ စသည်ဖြင့် ဖွဲ့စည်း ထူ ထောင် နိုင် ခဲ့ ကြောင်း တွေ့ရှိရ သည်။

( ထို အချိန် လောက်မှ အ စပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှား ၊ အထူး သဖြင့်တ နသ်ာရီကမ်း ရိုး တန်း ဒေသ ရှိ မွန်လူမျိုးများ နှင့် အကြီး အကဲများ ပေါ်တွင် ယိုးဒယား ဘက်ရှိ ယိုး ဒယား ပဒေသရာဇ်ဘုရင်များ၏ သြဇာ နှင့် နိုင်ငံရေး လွှမ်းမိုးမှုသည် အစပြိုးခဲ့ သည်ဟု ယူ ဆ ရန်ရှိသည်။ )

ဗညားဦး ၁၃၅၄ မှ ၁၃၈၅ ထိ ဟံသာ ၀တီ ကို အချက်အခြာပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှားရှိ မွန်ဒေသများ ကို စတင် စည်းလုံး သိမ်းသွင်းခြင်း ပြုသော အချိန်နှင့် သတိုးမင်းဖျား ၁၃၆၅ မှ ၁၃၆၈ ထိ အင်းဝကို အချက် အခြာပြုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မြန်မာ ဒေ သ များကို စည်းလုံး သိမ်းသွင်းသော အချိန်များသည် တစ်ချိန်တည်း တစ်ခေတ်တည်း ခေတ်ပြိုင် ဖြစ် သည်။

ဗညားဦး သည် ဟံသာဝတီကို သက္ကရာဇ် ၁၃၅၃ ခုနှစ်တွင် တည်ထောင်ပြီး သတိုး မင်း ဖျား သည် သက္ကရာဇ် ၁၃၆၅ ခုနှစ်ခန့် တွင် တည်ထောင်သည်။ ဟံသာဝတီကို တည်ထောင်ပြီး မွန်ဒေသများကို ဗညားဦး စည်းလုံး သိမ်းသွင်းခြင်း မပြုမီ ယိုးဒယား နှင့် မွန် သွေး ရောသည်ဟု ယုံကြည်ရသော ၀ါရီရူမင်း ခြောက် ဆက် မုတ္တမ တွင် နှစ်ပေါင်း ၇၀ သာသာမျှ စိုးစံခဲ့ကြသည့် နည်းတူ အင်းဝ ကို တည်ထောင်ပြီး မြန်မာဒေသများကို သတိုး မင်း ဖျား စည်းလုံး သိမ်းသွင်းခြင်း မပြုမီ ရှမ်းမြန်မာ သွေးနှောသော မင်းဆက်များသည် ပင်းယနှင့် စစ်ကိုင်းတို့ တွင် နှစ်ပေါင်း ၇၀ နီးပါးမျှ ခန့် စိုးစံခဲ့ကြသည်။
ဟံသာဝတီကို တည်ထောင်သော ဗညားဦးမှ စပြီး ဆက်လက် စိုးစံကြ သော မင်းဆက် များသည် ယိုးဒယား ရှမ်းသွေး ကင်းစင် သည်ဟု မဆိုနိုင်သည့် တိုင်အောင် မွန်ဘွဲ့ မွန်အ မည်နှင့် မွန်အခမ်းအနား အဆောင် အယောင်များ ကို ခံယူကာ မွန်မင်းများ ဖြစ်လာ ကြသည်ကို တွေ့ရှိရသည်။ ထို့ အတူ အင်းဝကို တည်ထောင်သော သတိုးမင်းဖျား မှ စပြီး ဆက်လက် စိုးစံကြသော မင်းဆက်များသည် ရှမ်းသွေး မ ကင်း စင်သည့်တိုင်အောင် မြန်မာဘွဲ့  မြန်မာအမည်နှင့် မြန်မာ အဆောင်အယောင် များ ခံယူ ကာ မြန်မာမင်းများ ဖြစ်လာကြသည်ကို လည်း တွေ့ရှိရသည်။

အင်းဝတွင် သတိုးမင်းဖျားမှ အစပြုပြီး မွန် ရှမ်းများ အပါအ၀င် စစ်ကိုင်းစည်သူကျော်ထင် နရ ပတိ အထိ မင်း ၁ရ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါး ခန့်မျှ စိုးစံခဲ့ကြ သကဲ့သို့ ဟံသာဝတီ တွင်လည်း ဗညားဦးမှ အစပြုပြီး သုရှင် ဒ ကာ ရွတ်ပိ အထိမင်းဆက် ၁၁ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါးခန့်မျှ ထီးပြိုင်နန်းပြိုင် စိုးစံခဲ့ကြသည်။ အင်းဝမင်း ဆက်ဘုရင်များသည် မြောက်ဘက်တွင် မုံ ရွာနှင့် ရွှေဘိုခရိုင်များမှ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက် ပြည်ခရိုင်ထိ စည်းလုံးသိမ်းသွင်းခြင်း ပြု နိုင်ခဲ့ကြသည်။ အင်အား ကြီးမားသော မင်းဆက် များ လက်ထက်တွင် မောရှမ်းများ နှင့်ရခိုင် ကမ်းရိုးတန်း ဒေသများ အပေါ်တွင် သြဇာ ညောင်းခဲ့သည်ကို လည်း တွေ့ရှိ ရသည် ထို့ အတူ ဟံသာဝတီ မင်းဆက် ဘုရင် များသည် ပြည်နှင့် တောင်ငူ တောင် ဘက် ဒေသ တစ်လွှားကို စည်းလုံး သိမ်းသွင်း နိုင်ခဲ့ကြ သည်။

အင်အား ကြီးမားသော ရာဇဓိရာဇ် လက်ထက်တွင် ရခိုင် ကမ်းရိုးတန်း ဒေသအပေါ်တွင် သြဇာ ညောင်း ခဲ့သည် ကို လည်း တွေ့ရသည် ၁၄ ရာစု ကျော်ခန့်မှအစပြုပြီး ၁၆ ရာစု ကျော် ခန့် ထိ နှစ်ပေါင်း၂၀၀ နီးပါးခန့်မျှ အင်းဝ နှင့် ဟံသာဝတီမင်း ဆက်ဘုရင်များသည် မြန်မာနိုင်ငံ တွင်ထီးပြိုင် နန်းပြိုင် စိုးစံခဲ့ကြသည်။ ယင်းဘုရင်များ အနက် အင်းဝတွင် မင်းကြီးစွာ စော်ကဲ ၊ မင်းခေါင် နှင့် သိုဟန်ဘွား တို့သည်၎င်း ၊ ဟံသာဝတီတွင် ရာဇဓိရာဇ် ၊ ရှင်စောပု နှင့် ဓမ္မစေတီမင်း တို့သည် အထင်ရှားဆုံးသော ဘုရင်များဖြစ်ကြသည်။

မွန် ရာဇ၀င် နှင့် မြန်မာရာဇ၀င်ဟောင်း များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲနှင့် မင်းခေါင် တို့ သည် ဟံသာ ၀တီ ရာဇဓိရာဇ်နှင့် နှစ်ပေါင်း ၄၀ ကြာမျှ စစ်မက် တိုက်ခိုက် ခဲ့ကြသည်။ အင်းဝ မှ မောရှမ်းသိုဟန်ဘွားမူကား ဗုဒ္ဓသာသနာ နှင့် ပြည်သူတို့ ကို များစွာ ညှင်းပန်း နှိပ်စက်သော မင်းဆိုး မင်းညစ် အဖြစ်ဖြင့်မြန်မာ ရာဇ၀င်များ တွင် ရေးသား ဖော်ပြကြသည်။ ရာဇဓိရာဇ် နောက် ဟံသာဝတီတွင် ဆက်လက်စိုးစံကြသော ဘုရင်မကြီး ရှင် စောပုနှင့် ဓမ္မစေတီမင်းတို့ နန်းသက်များအတွင်း ရာမညတိုင်းကြီး တစ်ခုလုံးသည် ငြိမ်းချမ်းသာယာလျှက် နိုင်ငံ ရေး စီးပွားရေး အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုများ အဖက်ဖက်တို့ တွင် များစွာ တိုးတက်လျှက် ရှိကြောင်းဖြင့် မွန် ရာဇ၀င်များတွင် လွမ်းဆွတ်ဖွယ်ရာ ဖွဲ့နွဲ့ ရေးသား ဖော်ပြကြသည်။

ပထမ မြန်မာနိုင်ငံ ၁၀၅၀ မှ ၁၃၀၀ ခန့်အထိ ပျက်စီး သွားခဲ့ပြီး နောက် ဒုတိယ မြန်မာနိုင်ငံ အားပြန်လည် ထူ ထောင် ခြင်း မပြုနိုင်မီ ကြားကာလ မြန်မာနိုင်ငံ ၏ သမိုင်း ကို စူးစမ်း လေ့လာသော အခါ ၊ ထိုကာလ တွင် မြန်မာ နိုင်ငံတွင် အင်အား ကြီးမားသော ဟံသာဝတီ နှင့် အင်းဝ မင်းဆက် ဘုရင်များ ၏ ပဋိပက္ခ ပေါ် တွင် အခြေခံ ကြောင်း အထင်အရှား တွေ့ရှိရသည်။

ထိုကြား ကာလ အတွင်း မွန်နှင့် ရခိုင် ၊ မြန်မာနှင့် ရခိုင် ၊ မြန်မာနှင့် ရှမ်း ၊ မွန် နှင့် ရှမ်းတို့ ၏ အကြားတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့ကြသော ပဋိပက္ခ များသည် အင်းဝ နှင့် ဟံသာဝတီ တို့အကြား တွင် ဖြစ်ပွားသည့် ပဋိပက္ခ ဖြစ်ကြောင်း ကို လည်း တွေ့ရှိရ သည်။

ဟံသာဝတီ နှင့် အင်းဝဘုရင် မင်းဆက် များ သည် တစ်ဦး ကို တစ်ဦး က လွှမ်းမိုး အောင် နိုင်ရေး အတွက် ထိုအချိန်က တသီး တခြား တည်ရှိ နေခဲ့ သည့် ရခိုင် ကမ်းရိုးတန်းဒေ သ နှင့် မြောက်ဘက် မောရှမ်းဒေသများကို နှစ်ဦး နှစ်ဘက်စလုံး က မိမိတို့ ဘက်သို့ ပါဝင် လာ အောင် အနုနည်း အကြမ်းနည်း နှစ်မျိုးစလုံးဖြင့် ၀င်ရောက် စွက်ဖက်ခြင်းများ ပြုခဲ့ကြသည်။
မြန်မာရာဇ၀င် များ တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ နှင့် သားတော် မင်းခေါင်တို့ နန်းသက်များ အတွင်း ရခိုင်နှင့် မောရှမ်း ပြည် နယ် များ အရေး တွင် အကြိမ်ကြိမ် ၀င်ရောက် စွက်ဖက်သော အရေးအခင်းနှင့် အဖြစ်အပျက်များကို ရေး သား ဖော်ပြကြသည်။

ထို့ အတူ ဟံသာဝတီဘုရင် ရာဇဓိရာဇ်၏ နန်းသက်အတွင်း ရခိုင်နှင့် သိန္နီပြည်နယ်များ အရေး အခင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း များကိုလည်းတွေ့ရှိရသည်။ သို့ ရာတွင် အင်းဝနှင့်ဟံသာဝတီမင်း ဆက် ဘုရင် များသည် ယင်းဒေသများ၏ အရေး တွင် ၀င်ရောက် စွက်ဖက်ခြင်း ပြုနိုင်ရုံမှ တပါး စည်းလုံး သိမ်း သွင်း ခြင်း မပြုနိုင်ခဲ့ကြချေ။ ရခိုင်သည်၎င်း မောရှမ်းပြည်နယ်များသည်၎င်း အင်းဝနှင့် ဟံသာဝတီ မင်းဆက် ဘုရင် များ ၏ လွှမ်းမိုးမှု အောက်မှ သီးခြား ကင်းလွတ် လျက်ရှိ နေခဲ့ကြသည်။

အင်းဝနှင့် ဟံသာဝတီတို့ သည် တစ်ဦး ကို တစ်ဦး လွှမ်းမိုး အောင်နိုင်ရေးအတွက် ကြိုးပမ်းအား ထုတ်လျက် ရှိကြ စဉ် မြောက် ဘက် တစ် လွှား ရှိ မောရှမ်းများသည် အခါအခွင့်သင့်သော အခါတိုင်း တရုတ်ပြည် ယူနန် နယ် ကို ၄င်း။ အင်းဝကို ဗဟို ပြု သော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ကို၎င်း။ မကြာ ခဏ ၀င် ရောက် တိုက်ခိုက်ရန် စမ်းသပ် ကြိုးပမ်းခြင်း များပြုလုပ် ခဲ့ကြသည်။
မြန်မာရာဇ၀င်များတွင် အင်းဝ မင်းဆက် ဘုရင် မင်းကြီးစွာ စော် ကဲ နှင့် သားတော်မင်းခေါင် ဘုရင်တို့ နန်း သက် များ အတွင်း မိုးညှင်း ကုန်းဘောင် နှင့် သိန္နီစော်ဘွား တို့သည် ကြိမ်ဖန် များ စွာ ၀င် ရောက် တိုက် ခိုက်ကြ သဖြင့် အင်အားကြီးမားသော ရှမ်းတပ်ကြီးများကို ရမည်း သင်းစား သီလ၀နှင့် ငယ်ရွယ် ရဲ့ရင့်သော မင်းရဲကျော်စွာတို့က ရွပ်ရွပ် ချွန်ချွန် တွန်းလှန် တိုက်ခိုက်ပြီး အောင် နိုင် ကြောင်း ဖြင့် တခမ်းတနား ရေးသား ဖော်ပြကြသည်။

အင်းဝမင်း ဆက် ဘုရင်များ ၏ အင်အား လျော့ပါး သည့် သက္ကရာဇ် ၁၅၂၇ ခုနှစ်တွင် မိုးညှင်းစလုံ နှင့် သားတော် သို ဟန် ဘွား တို့ ခေါင်းဆောင်သော မောရှမ်းများသည် အင်းဝကို ၀င်ရောက် တိုက်ခိုက်ခြင်း ပြုသည်။ မြန်မာ ရာဇ၀င်များတွင် အင်းဝ ဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် ယင်း တိုက်ပွဲတွင် အမြောက်ဆံ ထိပြီး ကျဆုံး ကြောင်း ဖေါ်ပြကြသည်။
မိုးညှင်းစလုံသည် ရွှေနန်းကြော့ရှင်၏ တူတော် မင်းဋ္ဌကီးရန်နောင်၏ အကူအညီဖြင့် ၄င်း၏ သား တော် သိုဟန်ဘွားကို အင်းဝတွင် နန်းတင်ပြီး မိုးညှင်းသို့ပြန် သွား ဋ္ဌေကာင်းဖြင့်ရေးသား ဖော်ပြ ဋ္ဌက သည်။ အင်းဝကို သိမ်းပိုက် စိုး စံ သောမောရှမ်းများသည် ယခင် အင်းဝမင်းဆက် ဘုရင်များကဲ့သို့ မဟုတ်ပဲ ဗုဒ္ဓ ဘာ သာ နှင့် ပြည်သူ လူထုများကို ညှင်းပန်းနှိပ်စက်ခြင်းပြုသဖြင့် သိုဟန်ဘွား၏ ဒဏ်ကို မခံနိုင်သော
မြန်မာ လူမျိုး အမြောက်အမြားသည် စစ်တောင်း မြစ်ဝှမ်းဘက်ရှိ တောင်ငူနယ်သို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ ထွက်ပြေး ဋ္ဌက ဋ္ဌေကာင်း ရေးသား ဖော်ပြ ဋ္ဌကသည်။

တောင်ငူနယ်သည် ဟံသာဝတီနှင့် အင်းဝတို့၏ အကြားတွင်
မြန်မာလူမျိုးများ၏ ခိုလှုံစုဝေးရာခြေခံဒေသ ကြီး ဖြစ်မှန်းမသိဖြစ်လာသည်။ အင်းဝနှင့် ဟံသာဝတီ မင်းဆက်များ၏ ပဋိပက္ခ အကြားတွင် နှစ် ပေါင်း ၂၀၀ နီးပါး ခန့်မျှ ကင်းလွတ်ပြီး ငြိမ်းချမ်းနေခဲ့သော တောင်ငူနယ်ရှိ မြန်မာ လူမျိုးများသည် တဖြည်းဖြည်း နှင့်အင်အား ကြီး မားလာကာ ၁၅ ရာစုကုန်ပြီး ၁၆ ရာစု လောက်တွင် တောင်ငူနယ်သည် မောရှမ်းများ စိုးစံလျက်ရှိသော အင်းဝ နှင့် မွန်မင်းဆက်များ စိုးစံလျက်ရှိသော ဟံသာဝတီတို့၏ အကြားတွင် အင်အားကြီးမားကာ သီးခြား ကင်း လွတ် သော မြန်မာဒေသကြီး တစ်ခု ဖြစ်လာ သည်ကို တွေ့ရှိရသည်။
တောင်ငူနယ်၏ အကြီးအကဲများသည် အင်းဝ မင်း ဆက်ဘုရင်များ၏ သစ္စာတော်ခံမြို့စား နယ်စားများ သာဖြစ်ခဲ့ကြသော်လည်း တောင်ငူနယ်၏ အကြီး အကဲ ဖြစ် သူ မင်းကြီးညို ၁၄၆၈ မှ ၁၅၃၀ လက် ထက် ကျ ရောက် သော အခါ တွင် တောင်ငူနယ်နှင့် မင်းကြီးညို အား အင်း ၀ဘုရင် ရွှေနန်းကြော့ရှင် ကိုယ်တိုင်က သီးခြား အာဏာပိုင်ပြည်နယ် မင်း အဖြစ်ဖြင့် အသိအမှတ် ပြု ကာ မင်း မြောက် တန်ဆာ ငါးပါး နှင့် တူမတော်မင်းလတ် တို့ကို ပေးအပ်ကြောင်းဖြင့် မြန်မာရာဇ၀င်များ တွင် ရေး သား ဖော်ပြ ကြသည်။

ထို့ နောက် ဟံသာဝတီနှင့် တကွ ဇင်းမယ် နှင့်လင်းဇင်းတို့ကပင် အသိ အမှတ်ပြု ခန့်ညား လာရကြောင်းဖြင့် ဆက် လက် ရေးသားဖော်ပြသည် ကိုလည်း တွေ့ရှိရ သည်။ ယင်း သို့ဖြင့် ပထမ မြန်မာနိုင်ငံတော်ကြီး ပျက်စီး သွားခဲ့ ရ ပြီးနောက် ဒုတိယ မြန်မာ နိုင်ငံတော်ကြီး ကို ထူထောင်ခြင်း ပြုအံ့ဆဲဆဲ အချိန်တွင်မြန်မာနိုင်ငံ မြောက် ဘက် တစ် လွှားနှင့် ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းဒေသများတွင် အင်းဝ ကို ဗဟိုပြုပြီး စိုးစံနေကြသော မောရှမ်း ဘုရင် နှင့် အကြီးအကဲများ။
ပြည် နှင့် တောင်ငူ တောင်ဘက် မြန်မာ နိုင်ငံ တလွှား တွင် ဟံသာဝတီကို ဗဟိုပြုပြီး စိုးစံ နေ ကြသော မွန်မင်းဆက် ဘုရင်နှင့် အကြီးအကဲများ။
မြန်မာ နိုင်ငံအလယ်ပိုင်း စစ်တောင်းမြစ်ဝှမ်း ဒေသ တစ် လျောက် တွင် တောင်ငူကို အချက် အခြာ ပြုပြီး အင်အား စုဆောင်း နေကြသော မြန်မာလူမျိုး အကြီး အကဲ များ နှင့် ခေါင်း ဆောင် များ သည် မြန်မာနိုင်ငံတွင် လူမျိုးကြီးသုံးမျိုး အင်အားစုကြီး သုံးစုအဖြစ် ဖိုခနောက်ဆိုင် တည် ရှိ နေ ကြ သည်ကို တွေ့ရှိရပေသည်။


ကျမ်းကိုး
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
မွန်ရာဇဝင်။ မာဂဒူ အရေးတော်ပုံ
အရေးတော်ပုံ ကျမ်းများ ပြဿနာ။ ရီရီ
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
မိတ်ဆိနာခေတ်ဦးဖုနန်ဖန် ပျူနှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)

34 comments:

Republic said...

မင်္ဂလာပါ မသက်ဇင် ၊၊ ပို့စ်ကိုတော်တော်လေးဖတ်ယူရတယ် ၊၊ အဲလောက် သမိုင်း အားနည်းတာဗျာ ၊၊ မသက်ဇင်ပို့စ်တွေဖတ်ပြီး သမိုင်းရာဇ၀င်တွေ ကမ္ဘာ့ရေးရာတွေ ရင်းနှီးလာရတာ ၊၊ ကျေးဇူးပါဗျာ ၊၊ အမြဲခင်မင်သတိရလျက်ပါ ၊၊

Moesat said...

မမ... ကျေးဇူးပါနော်.. သမိုင်းကြောင်းတွေကတော်တော်
လေးကိုနက်နဲပါတယ် ဒါတွေကိုလက်ညောင်းခံပြီးကျွန်တော်တို့လိုလူငယ်တွေကို
သိနားလည်အောင်ဖော်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
နောက်လည်းများများရေးနိုင်ပါစေ .....

ဘလူးဖီးနစ် said...

မသက်ဇင်ရေ ကျွန်တော် နောက်ပိုင်းစာရေးအားကျသွားပြီ။ ကွန်မန့်လဲ သိပ်ရှည်ရှည်မရေးနိုင်တာ ခွင့်လွှတ်ပါ။ စာရေးချင်စိတ်ပျောက်နေလို့ပါ။

winlatt said...

အမရေ...
ဗဟုသုတ..စာရှည်ကြီးကို သိမ်းသွားတယ်...။
တစ်ခုအကြံပြုချင်ပါတယ်...ပို့စ်တွေ ကို စာအုပ်အဖြစ်ပြန်ထုတ်နိုင်အောင်ကြိုးစားစေချင်ပါတယ်..။မှတ်သားစရာတွေကို အွန်လိုင်းခက်ခဲတဲ့ အရပ်ဒေသအတွက် ရည်ရွယ်ပြီးပေါ့..နော်....။

ပီကေ said...

အခုလို သမိုင်းကွင်းဆက်တွေ ချိတ်ပြသွားတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုခေတ် လူငယ်တွေက သမိုင်းဆိုတာကို သင်ရိုးညွှန်းတမ်း လောက်တောင် ကောင်းကောင်း မသိကြတော့ဘူး ဆိုတော့ အခုလို တင်ပြနိုင်တာ အတော်လေး အကျိုးရှိလို့ ကျေးဇူးလည်း တင်မိပါတယ်။ ယူနန် မြောက်ပိုင်းမှာ ရှိတဲ့ နိုင်ငံတော်ဟာ နန်ကျောက်ပြည်လို့ ကျနော် မှတ်သားခဲ့ဖူးပါတယ်။ အခု တင်ပြတဲ့ နန်ချိုဆိုတဲ့ နိုင်ငံနဲ့ တစ်ခုတည်း ဖြစ်မယ်ထင်တယ်။ အသံထွက်ပုံ ကွဲလို့ နေပါလိမ့်မယ်။ Southern Zhao (Nang Zhao) လို့ အင်္ဂလိပ်လို ပေါင်းတော့ အသံဖလှယ်လိုက်တာ နန်ချို ဖြစ်သွားပုံရတယ်။ နန်ကျောက်ဆိုတာကတော့ တရုတ်အသံနဲ့ ပိုနီးစပ်ပါတယ်။ သမိုင်း နောက်ခံအရတော့ နန်ကျောက် နဲ့ နန်ချိုဟာ တစ်နိုင်ငံတည်း ဖြစ်မယ်လို့ ယူဆမိပါတယ်။

ပျံသန်းခြင်းရပ်ဝန်း said...

မသက်ဇင်ရေ..
အခုလိုလေ့လာဖတ်ရှုစုဆောင်းထားတာတွေကို
အပင်ပမ်းခံ၊အချိန်ကုန်ခံပြီး၊ ပညာဒါနဝေမျှပေးတာ
အရမ်းကိုလေးစားမိပါတယ်..
ဒေါက်တာသန်းထွန်းပြောခဲ့သလို..
သမိုင်းဆိုတာမအအောင်လို့သင်နေရတယ်ဆိုခဲ့သလိုပဲ
ကျွန်တော်တို့ရဲ့ပိတ်နေတဲ့၊မမြင်ခဲ့မိတဲ့အကြောင်းရာတွေကို လမ်းဖွင့်ပေးတဲ့အတွက် ကျေးဇူးအထူးပါအမရေ...

ခင်မင်လေးစားလျက်
နွေသူရ

ဖန်ခါးမြေ said...

ပို့စ်အသစ်တင်တာ တွေ့တွေ့ချင်း လာဖတ်ပါတယ်
အမရေ မြန်မာနှင့် ယိုးဒယား သမိုင်းအား အချိတ်ဆက်
မိမိ ဖော်ပြသွားတာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်

Heartmuseum said...

ရာဇဓိရာဇ် အရေးတော်ပုံ ဘဲဖတ်ဖူးတာဗျ။ ဒီဆက်စပ်နေတဲ့ အကြောင်းလေးတွေက ကျွန်တော့်အတွက် အသစ်ဗျ။ မဖတ်ဖူးသေးဘူး။
ကျေးဇူးပဲ အမရေ.......
ရိုသေလျှက်

thihanyein said...

ကောင်းမွန်တဲ့ ပို့စ်တစ်ပုဒ်ပါခင်ဗျာ***

လူလ said...

မင်္ဂလာပါ အမ

လာဖတ်၏။

ဖတ်ရင်းနဲ့ မြင်တာကို ပြောတာနော်။
ဒီ ပိုစ့်က ဗမာ အခြေပြုသမိုင်းတခု ရေးသားချက် တခုပဲလို့ မြင်တယ်။
လူမျိုးကြီးက လူမျိုးငယ်ကို ၀ါးမျိုးတာပဲလေ
ကမ္ဘာဦးဝါဒတခုပေါ့ ကြီးနိုင် ငယ်ညှင်းပေါ့
တရုတ်သမိုင်းကို သွားကြည့်ပါ၊
တရုတ်တို့ကလဲ ဗမာကို လက်ဆောင် ပဏ္ဍာ ဆက်သတဲ့ ဒေသတခု သတ်မှတ်ထားတယ်။ အခုထိ ပြည်နယ်တခုလို မြင်နေတာ ဘယ်လိုလုပ်မလဲ၊
ရှမ်းဆို ဝေးပေါ့ အမျိုးက တရုတ်နဲ့ ဆင်ဆင်ဆိုတော့
စကားမစပ် ပြောပြဦးမယ်။ လူအနွယ်အရပေါ့
အီစံ(ထိုင်း)တွေနှင့် အညာက ဗမာတွေ ပုံစံတွေက အတူတူပဲ
ကောက်ညှင်းစားတာနဲ့ ဆန်စားတာက ကွဲပြီးပေါ့။
ဒီအမျိုး ဒီအနွယ်ပဲလေ။ ဒါကလဲ အနောက်တိုင်းသားတွေရဲ့  အမြင်တခုပေါ့

တနင်္သာရီဒေသက လူမျိုးနွယ်အတွက်ကတော့ အင်အားကြီးတဲ့ လူတွေ လာရင်တော့ အုပ်ချုပ်ခံပေါ့ဗျာ။
ဒေသကလဲ ကြည့်ပါဦး ပင်လယ်ထွက်ပေါက်လေ၊
ရှမ်းဒေသလို တောင်ပေါ်မှာ တောင်ယာစပါးစိုက်ပြီး ပဲပုပ်စားနေတဲ့ အနေအထားမှမဟုတ်တာလေ။

နောက်တခုက ဗမာတွေက ထားဝယ်ကို ဗမာမျိုးအတွင်းမှာ ထည့်သွင်းထားတယ် စဉ်းစားစရာပဲ
ဟုတ်လဲ ဟုတ်နိုင်၏။ ကျွန်နော်နယ်မှာ မွန်လူမျိုးတွေ မတွေ့ရသလောက်ပဲဗျ။
သေချာတာတခုက ဗမာပြည်ကို ဗြိတိသျှတွေ သိမ်းပြီး သကာလ အင်္ဂလိပ်မင်းတောင် အုပ်ချုပ်ရေးမချနိုင်တဲ့ ဒေသ တခုလို့ ပြောစမှတ် ရှိတာက တနင်္သာရီဒေသတဲ့
မြောက်ပိုင်းဒေသတွေဆို စစ်တောင် မတိုက်ရဘူး၊ အားလုံး ခရစ်ယာန်ဖြစ်သွားတယ်လေ။

တုတ်တမ်းပြီး ပြောကြတာပေါ့ ဟဲဟဲ
နောက်တာပါ အမလို ခင်လို့။ ဆက်ရေးပါဦး
ကွိုင်စားကြတာပေါ့

ရွှင်လန်းချမ်းမြေ့ပါစေ...

တားမြစ် ထားသော... said...

လေ့လာအား ကောင်းကောင်းနဲ့ သမိုင်းစာတန်းငယ်လေးပါပဲ။ စိတ်ဝင်စားစရာပါ။ ကိုလူလရဲ့ မှတ်ချက်ကလည်း စိတ်ဝင်စားစရာပါ။

ပျော်ရွှင်အဆင်ပြေပါစေခင်ဗျာ။

သုခမိန်(E-Journal)

ကိုတိုး said...

အရမ်းကိုဗဟုသုတရစရာပိုစ့်လေးပါအမ။ အချိုန်ကုန်ခံ အပင်ပန်းခံပြီးဆုဆောင်းပြီးတော့ မျှဝေပေးတာလည်းကျေးဇူးပါပဲအမ။ နောက်လည်းစာများများရေးနိုင်ပါစေအမရေ...........

ဆောင်းယွန်းလ said...

သမိုင်းကြောင်းတွေပြန်လည်ဖတ်ခွင့်လေ့လာခွင့်ရတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်အမရေ...

ခေါင်ခေါင် said...

မမ. သမိုင်းစာပေတွေ တော်တော် လေ့လာထားတာပဲ.. နော်.. အရမ်းတော်တာပဲ..
စာလုံးတွေကနဲနဲ သေးနေတော့လေ. မနဲ အားစိုက် ဖတ်ရတယ် .. မျက်လုံးကလဲသိပ်မကောင်းလို့လေ... ဒီလိုသမိုင်းစာတွေ အဖိုးတန် စာပေတွေ ဖတ်ရလို့ မမကို ကျေးဇူး အရမ်းတင်ပါတယ်။
ပိုစ့်တွေ လဲ အများကြီးမျှော်နေပါတယ်.

eaindraomtt said...

အစ်မ

ကိုယ်ကဘာတစ်လုံးမှ မသိလေတော့
အစ်မရေးထားသမျှကို ပါးစပ်အဟောင်းသားဖတ်ရုံ
မှတ်သားသွားရုံ..တစ်ခံတစ်လေ..စာပိုဒ်လိုက်ကလေးတွေ
ကူးထားမိတာကလွဲလို့..ဘာ..မှတ်ချက်မှပေးတတ်ပါဘူး။
လေးစားအားကျမိပါတယ်..အစ်မ
ဒီလိုစာတွေကို တစ်ထိုင်တည်းဖတ်ခွင့်ရနေတာ အခွင့်အရေးတစ်ခုပါပဲ..အစ်မရယ်
ရောက်ရောက်လာတတ်တာအတွက်လဲ..
ကျေးဇူးအထူးပါနော်...


အိန္ဒြာ

Nge Naing said...

မသက်ဇင်ရေ
ဒီပို့စ်မှာ ရေးသားထားတဲ့ သမိုင်းကတော့ တနင်္သာရီတိုင်းက ရိုးဒယားလက်အောက်ခံ ဖြစ်ခဲ့ဖူးတယ်ဆိုတာကလွဲရင် ကျန်တာတွေက ကျွန်မအတွက် အသစ်အဆန်းတွေ သက်သက်ပါပဲ။ သမိုင်းနဲ့ ပတ်သက်ပြီး မသိသေးတာတွေ သိရတာ တကယ်ကိုကျေးဇူးတင်ပါတယ်။ တနင်္သာရီတိုင်းကတော့ ယိုးဒယား လက်အောက်ခံဖြစ်ခဲ့တယ်ဆိုတာ သမိုင်းမဖတ်ဖူးပေမယ့်။ ရိုးရာ ဓလေ့ထုံးတမ်းနဲ့ အစားအသောက်တွေ တချို့ ဘာသာစကား အခေါ်အဝေါ်တွေက ယိုးဒယားနဲ့ သိပ်ကိုဆင်လို့ ဖြစ်နိုင်ပါတယ်လို့ ယုံကြည်တယ်။ ကျွန်မကိုယ်တိုင်လည်း အဆီတ၀င်းဝင်းနဲ့ ချက်ထားတဲ့ အသားငါး ဆီပြန်ဟင်းတွေထက် ဆီနည်းနည်းနဲ့ အသီးအရွက်နဲ့ အသားငါးရောချက်ထားတဲ့ ဟင်းကိုပိုကြိုက်ပြီး ဆီကျက်တွေ ပဲမှုန့်တွေနဲ့ ပျစ်အောင် နယ်ပြီးသုပ်ထားတဲ့ မြန်မာသင်္ဘောသီးသုပ်ထက် ဆီလုံးဝမပါပဲ ထောင်းထားတဲ့ ထိုင်းသင်္ဘောသီးထောင်းကို ပိုကြိုက်တယ်။ ပြီးတော့ ဘိတ်သားအတော်များများက သမိုင်းအရမဟုတ်ပဲ မိဘ ဘိုးဘွားတွေဆီက သိထားတာ ဘိတ်မြို့ကို မရိန်းမြို့ (ယခုအခေါ် မြိတ်မြို့) လို့ ယိုးဒယားလက်အောက်မှာတုန်းကခေါ်တဲ့ အကြောင်း ပါးစပ်သမိုင်းအရ သိထားတယ်။ ဘိတ်အပါအ၀င် တနင်္သာရီတိုင်းသားတွေက ကိုယ့်ကိုယ်ကိုယ် ဗမာလို့သတ်မှတ်ပေမယ့် ရေးမြို့ကစပြီး အထက်မြန်မာပြည်က ဗမာတွေကို ဗမာလို့မခေါ်ဘူး ပုဂံလို့ပဲ ခေါ်တယ်။ ကျေးလက်ဒေသတွေက တနင်္သာရီတိုင်းသားတွေဆိုရင် အထက်ဗမာပြည်ကဗမာတွေကို (ဗမာ မဟုတ်တဲ့ တခြားတိုင်းရင်းသားတွေ မပါ) ယုံကြည်မှု သိပ်နည်းတယ်။ မသိနားမလည်ပဲ အမြင်ကျဉ်းတဲ့သူတွေက ကျောင်းဆရာတို့ ဆရာဝန်တို့လို ပညာတတ်တွေကိုတော့ လေးစားပေမယ့် စစ်သားတို့ ပုလိပ်တို့ကိုဆို အရိုင်းအစိုင်းတွေအဖြစ်၊ ကုန်သည်အရပ်သားတွေကို ပုဂံဆိုရင် စကားကို ချွဲချွဲနွဲ့နွဲ့နဲ့ အပြောချို (ဘိတ်သားတွေရဲ့ စကားက လေသံသိပ်မာတယ်) သလောက် အ၀င်မှာ မကန်ရင် အထွက်မှာ ကန်ပြီးသွားတတ်တဲ့ ကောက်ကျင့်သူတွေအဖြစ် သတ်မှတ်တဲ့အထိ အမြင်ကျဉ်းကြတယ်။ ဟိုတုန်းက ဗမာတွေ နယ်ချဲ့ အင်္ဂလိပ်တွေကို မုန်းသလိုပဲပေါ့။ ခေတ်အဆက်ဆက်မှာ စစ်တပ်စည်းရုံးရေး ကောင်းခဲ့လို့လားတော့ မသိဘူး စစ်တပ် ရွာထဲဝင်ရင် မကောင်းဆိုးဝါး ၀င်သလိုပဲ ရှိရှိသမျှ အရွယ်ရောက်ပြီး ယောက်ျားတွေ (စစ်မှုထမ်းဟောင်း မိသားစုတွေနဲ့ ၀န်ထမ်းတွေမပါ) ပြေးပုန်းတာ အခုထိပဲ။

အိပ်မက်နိဒါန်း said...

အစ်မရေ..
ဖြည်းဖြည်းချင်းဖတ်ပြီး သေသေချာချာမှတ်သားသွားပါတယ်.. နောက်တစ်ခေါက်လာဖတ်ပါဦးမယ်.

လေးစားလျှက်

အလှတရား said...

လာဖတ်သွားတာတော့ အခါခါပဲ
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

mgngal said...

အစ်မစာတွေဖတ်ရတာ အနှစ်တွေချည်းပဲ စုစည်းပေးထား
သလိုပါပဲ ။ ကိုယ်တိုင်လေ့လာမယ်ဆို အချိန်ကြာမြင့်စွာ
အားစိုက်ရမှာပါ ။ အခုလို ထုတ်နှုတ်တင်ပြပေးတာကို
ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ ။ ပျော်ရွင်အဆင်ပြေပါစေ။ ဆက်လက် ဝေမျှနိုင်ပါစေ ။ :)
လေးစား ခင်မင်စွာဖြင့်
မောင်ငယ် ။

Dream said...

တီတီရေ.. တီတီဘလော့ကိုအရှေ့ ရက်တွေက ၀င်
လို့မရလို့ အခုမှဝင်ရတယ်တိတီ၇ယ်...

တိတီက သမိုင်းပညာကိုတော်တော်လေ့လာထားတယ်
နော်.. တော်တော်လည်း သိတယ်... နှံ့စပ်တယ်။
ကိုဝင်းလတ်ပြောသလိုပဲ..အခု ဒီအကြောင်းတွေကို
ဖြစ်နိုင်၇င် စာအုပ်ထုပ် ၇င်ကောင်းမယ်တီတီဇင်ရ။
ပြိးတော့ အခုလို စာဖတ်သူတွေ သိရအောင်
လက်ညောင်းခံပြီး အပင်ပန်းခံပြီး ရေးသားထားတာကို
ကြည့်ချင်းအားဖြင့် တီတီဇင် စေသနာ တော်တော် နားလည်ရပါတယ်.. အခုလိုသိခွင့် ရတာလေးတွေ
မှတ်သားခွင့်ရတာလေးတွေကို ကြုံရတဲ့အတွက်
တီတီဇင်ကိုကျေးဇူးတင်တယ်..ကျေးဇူးတီတီဇင်..
အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :)
(ဟီးဟိး.. တီတီဇင် ပါးကြီး ချိုင့်တွားဘီ.. )

thorn musem said...

မသက်....
အပင်ပန်းခံပြီး မှတ်သားစရာကောင်းတဲ့  သမိုင်းကြောင်းတွေကို ရေးသားတဲ့ အတွက်
ကျေးဇူးအများကြီးတင်ပါတယ်...။
သမိုင်းဆိုရင် ကျောင်းမှာလောက်ဘဲ သင်ခဲ့ ရတာပါ...
မုတ္တမကိုသွားတိုင်း...အခုထိ ၀ါရီရူ ရပ်ကွက် ဆိုတာ
ရှိနေတုန်းပါဘဲ...ဒီနာမည်က ဘာလို့ မုတ္တမမှာ
အထင်ကရ ရပ်ကွက်နာမည်ဖြစ်နေတာလဲဆိုတာ တွေးလို့ အရင်က အဖြေမပေါ်ခဲ့ဘူး...
အခု မသက်စာကိုဖတ်မှ ၀ါရီရူကို အဖြေပေါ်သွားတာ...
ကျေးဇူးပါဘဲ မသက်ရေ...။
ဒီသမိုင်းကြောင်းတွေကို စုစည်းပြီး စာအုပ်အဖြစ်ထုတ်စေချင်ပါတယ်...။
လေးစားစွာဖြင့်.......

- said...

သိထားသင့်တဲ့ မမေ့အပ်တဲ့ သမိုင်းကို အချိန်မှန် လာဖတ်ပါတယ်။ ကျေးဇူးပါအစ်မ...

http://winzaw-mdy.blogspot.com

Myo Oo said...

အတော်လေး အကျိုးရှိလို့ ကျေးဇူး
တင်ပါတယ်--အစ်မ မသက်ဇင်--
ရိုသေလေးစားစွာဖြင့်
မောင်မျိုးဦး

ဟန်လင်းထွန်း said...

ကျနော် အရမ်းကြိုက်တက်ဘာသာရပ်က သမိုင်းဘာသာရပ်ပဲဗျ။ အမက အခုလို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။

နှင်းပွင့်ဖြူလေး said...

အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတဲ့ မသက်ဇင်ကို အရမ်းကျေးဇူးတင်ပါတယ်။

ရှင်ရဲထွတ် said...

မသက်ဇင်ရေ ဆက်တော့လေ...... အလုပ်များနေတယ်ထင်တယ်....

မိုးသောက် said...

အစ်မရေ ကျနော်ကတော့ အစ်မရေးတိုင်း သိမ်းထားရတာပဲ
တော်တော်လေးကို ပြည့်စုံကောင်းမွန်ပါတယ် ..
ကျနော့်တို့ဖာသာဆိုရင် ဒီလောက် ပြည့်ပြည့်စုံစုံ သိအောင် ဖတ်နိုင်မယ် မထင်ဘူး
ကျေးဇူး အစ်မရေ

nan war war said...

မမရေ ပြည့်ပြည့်စုံစုံလေးရေးထားတဲ့ ပို့စ်ကောင်းလေး
တစ်ပုဒ်ဖတ်ရတာ မမကိုကျေးဇူးတင်မိပါရဲ့။
သမိုင်းကြောင်းလေးတွေ မမရေးမှပဲဖတ်ဖြစ်တော့တယ်.
ကျေးဇူးနော် မမ.

ညီမ
ဝါ၀ါ

တက်လူငယ် said...

အမရေ အကြမ်းဖျင်းတော့ဖတ်သွားတယ်။ နောက်တစ်ခေါက်လာဖတ်ဦးမယ်ဗျာ။ အမရေးထားတဲ့ စာတွေကို စုပေါင်းပြီး စာအုပ်တစ်အုပ်ထုတ်နိုင်တာကိုတောင် မြင်ချင်လှပါဘိ။

Than Kyaw Htay said...
This comment has been removed by a blog administrator.
Than Kyaw Htay said...
This comment has been removed by a blog administrator.
အိမ် said...

အောင်မလေးဗျာ ရေးလဲရေးနိုင်ပါ့ဗျာ။ဘယ်လိုများရေးတာလဲဗျာ
ကျနော့်မှာ စာကိုမတို တိုအောင်ကို ချုံ့ရေးတာ
ရေးရတာ စိတ်မရှည်လို့လေ။
လေးစားအားကျရင်း သမိုင်းမှတ်တမ်းလေးကိုလဲ
ဖတ်ရှုသွားပါတယ်ဗျာ

saiburma said...

Hello Ma Thet Zin,

I love this STORY and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

Htein LYNN said...

အရမ်းကောင်းပြီး တိကျမှန်ကန်တဲ့ သမိုင်းကြောင်းလေးတွေ ဖတ်ရတာ ကျေးဇူးတင်ပါတယ် အားပေးလျှက်ပါ