Thursday, October 9, 2008

နှင်းးဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၄)

ခုနှစ်ရက် မြောက်နေ့ နံနက်
ယနေ့ နံနက် တွင် ဟို တယ် ဝန်ထမ်း တံခါး လာ ခေါက် သည် နှင့် ကျမ တံခါး ဖွင့်ပေး လိုက်သည် စားစရာ တွေ ဘာ မှပါ မလာ တော့ပါ။ ဟိုတယ် ဝန်ထမ်း က ဧည့် သည် စောင့်နေ ပါသည် ဟုသာ အသိ ပေးပြီး ပြန် ထွက် သွား သည်။ မနေ့ ညနေ က သူ တည်းခို နေသည့် ဘားမား တည်းခို ရိပ်သာ တွင် ကောက်ညှင်းပေါင်း နှင့် အ ကြော် စားရန် ကျမ တို့ မြေးအဘွား အား သူ ဖိတ်ထားသည်။ ယခု သူ လာကြိုနေ ပါပြီ။ သို့သော် ဟို တယ် ဝန် ထမ်း လက်ထဲ တွင် နှင်းဆီနီ မတွေ့ မိသည် ကို ကျမ ရင်ထဲ ဘာလို့ များ ဟာ က နဲ ဖြစ်သွား မိပါလိမ့်။

ဒါပေမဲ့ ကျမ မျှော်လင့် နေမိသည့် နှင်းဆီနီ သည် ကျမ ထံ မလွဲ မသွေ ရောက် လာမည် ကိုတော့ ကျမ စိတ်ထဲ တွင် အလိုလို သိနေ သလို ပါပဲလေ။ သူ တည်းခို သည့် ဘားမားရိပ်သာ သို့ ကျမတို့ မြေး အဘွား ရောက် သည့် အချိန် တွင် နံနက် ၆နာရီ ရှိနေပြီ။ ရိပ်သာ စောင့် ပြင်ဆင်ပေး သည့် ပဲပြုတ် ဆီဆမ်း နှင့် ကောက် ညှင်း င ချိတ် ပေါင်း ပူပူနွေနွေး သည် နှမ်းထောင်း မွေးမွှေးလေး နှင့် အတူ အကောင်းဆုံး မြန်မာ့ရိုးရာ အစားအစာ တွေ ပါ ပဲ။ အကြော်စုံ ၊ ကျောက်ပန်းတောင်း လဘက်ရည်ချို နှင့် အ လွန် လိုက် ဘက် လွန်း လှသည်။

နံ နက် တိုင်း ဟို တယ် မှ ကျွေး သည့် ဘို စာတွေ ကို ကျမ တို့ မြေး အဘွား နေ့စဉ် စားနေရ သည်မှာ ငြီး ငွေ့ လှ ပါပြီ။ အရသာ ရှိလှသည့် မြန်မာ့ အစား အစာ များ စားလိုက်ရသည့် အတွက် ဘွားဘွား ကျေနပ်နေသည် ကို တွေ့ရ သည်။ ဘယ်လို ရေစက်မှန်း မသိပါ။ ဘွားဘွား သူ့ ကို ခင်မင်နေသည်။ သူ လူကြီးတွေ အပေါ် ဆက် ဆံသည်မှာ တယုတယ ရှိလွန်း ပြီး အလွန်ယဉ်ကျေး ကာ ရိုသေ ကိုင်းရှိုင်းသည် ကို တွေ့ရသည်။

ကျမ တို့ အားလုံး စားသောက်ပြီး သည်နှင့် ရွှေစည်းခုံ စေတီ သို့ သူ စီစဉ် ထား သည့် အငှား ကားဖြင့် ထွက် လာ ခဲ့ ကြ သည်။ ပထမ ဆုံး ဝက်ကြီး အင်း ဂူဘုရား သို့ ဝင်သည်။ ဒီ တ ခေါက် ဘွားဘွား အား ပုံစံ အမျိုး မျိုး နှင့် ဓါတ်ပုံရိုက် ပေးနေသည်။ သူ ဓါတ်ပုံ ပစ္စည်းများ ထည့်သည့် အိတ် ကို ကျမအား လှမ်း ပေးပြီး သူ နှင့် ဘွား ဘွား ကျမ နှင့် အ နည်း ငယ် အလှမ်း ဝေး သွားသည်။ တမင် တကာလား ။ မတော် တဆ လား ကျမ ဝေခွဲ မရခင် ဘွား ဘွား ကို ထားခဲ့ ပြီး သူ ကျမထံ ပြေးလာသည်။ မ ကို ကျွန်တော် နှင်းဆီ ပန်း လေး လာပေး တာ ပါ။

စူးရှ တောက်ပ နေသည့် သူ့ မျက်ဝန်း နက်နက်တွေ ကို ကျမ တွေ့ လိုက် ရရင်ပဲ သိမ်မွေ့ နက်ရှိုင်း လွန်းပြီး ဟန်ဆောင်ခြင်း ကင်းမဲ့သည်ကို ကျမ သိလိုက် သည်။ ကျမ ၊ ယောင်္ကျား တယောက် ၏ နှလုံးသား ရဲတိုက် တခုကို တံခါးသော့ ဖွင့်ကြည့်မိသည်။ ကျမ ကဲ့ သို့ ပင် သူသည် လည်း ပိတ်ထား သော ကျမ၏ နှလုံးသား ရဲတိုက် တံ ခါး တချပ် အား သော့ဖွင်ြ့ကည့် လိုပါ လိမ့်မည်။
ကျမမြင် မိသော အမြင် နှင့် ကျမ ကို သူ မြင်သည့် အမြင် များ နှစ်ဦးလုံး၏ နှလုံး သား လျှို့ ဝှက် ချက် တွေ က တူညီချင် မှ တူညီပါ လိမ့်မည်။ သူ့ ဘက်က အမြင် ဘယ်သို့ ရှိမည်ကို ကျမ မသိ နိုင်သော် လည်း ကျမ ၏ ပိတ်ထား သော နှလုံးသား တံခါး အား အနည်းငယ် ဖွင့် ပေးလိုက်မိ သည် ကတော့ သူ ၏ ရိုး သား ဖြောင့်မတ်ခြင်း နှင့် ပရဟိတ စိတ်တွေ ကို လေးစားခြင်း က စတင်လာခဲ့သည် ကို တော့ ကျမ အခိုင်အမာ ပြောနိုင်ပါလိမ့် မည်။

သူ နှင့် ဘွားဘွား ကျမ အနား ရောက်လာချိန်တွင်။ ပါးနပ်သည့် ဘွားဘွား က ကျမဆံပင်တွေပေါ်မှ နှင်းဆီနီကို တချက်ကြည့်လိုက်ပြီး ပြုံးယောင်ပြုသည်။ ကျမ ပါးပြင်သည် ပန်းနုရောင် ရှက် သွေး သန်းသွား လေသလား။

ကျမ တို့ ဂူပြောက်ကြီး ဘုရား အား လှည့် လည်ကြည့်ရှု နေရာ မှ သူ က ဂူပြောက်ကြီး ဘုရား နှင့် ပတ် သက် သည့် သမိုင်း ကို ရှင်းပြနေသည်။ ဝက်ကြီး အင်း ဂူပြောက်ကြီး ဘုရား က ကွမ်းတောင် ဟာ ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာ ဗောဓိစေတီ ကွမ်းတောင်မျိုး လေ။ အဲဒီ ထဲ မှာ ငါးရာငါးဆယ် ဇာတ်တွေ ရေးခြယ် ထား တယ်၁၈၉၉ မှာ မြန်မာပြည် ကို ရောက်လာ တဲ့ ဂျာမန် လူမျိုး ဒေါက်တာသိုမန်း ဆိုတဲ့ သူက ပုဂံ လက်ရာ တွေ သယ်ယူသွား တာကြောင့် အဲဒီ ကွမ်း တောင် မရှိတော့ဘူးလို့။ မှတ်တမ်း တွေက ဂျာမန်လူမျိုး ဒေါက်တာသိုမန်း ခွာယူသွားတယ်လို့ အခိုင်အမာ ဆိုထား တယ်။ ၁၈၉၉ ခုနှစ် က မြန် မာ နိုင်ငံ ကို အဂ်လိပ်သိမ်းပြီး စ ဆိုတော့ ရှေးဟောင်းအနုပညာ ဥပဒေပြဌါန်းချက် က လည်းမရှိသေးဘူး။
ကျွန်တော် တို့ မြန်မာလူမျိုး နဲ့ မြန်မာပြည် ဟာ သူ့ ကျွန်ဖြစ်ခဲ့ရတာ ရင်နာစရာ ကောင်းပါတယ်ဗျာ အဲဒီ နိုင်ငံ ခြား သား တွေ ဟာ ရှေးဟောင်း ပစ္စည်း သူခိုးတွေ ပါ ဗျာ သူ က ဟိုး အဝေး တနေရာသို့ စိုက်ကြည့်ရင်း လေးလေး နက်နက် ပြောနေသ ကဲ့သို့ ဘွားဘွား က ခေါင်းတညိတ်ညိတ် ရှိကာ လူငယ် ဆိုသော်လည်း ဗဟု သု တ ကြွယ်ဝ စွာ ပြောနေသည် ကို သဘောကျ နေပုံရသည်။

ကျမ ကရော။ သူ့ အပေါ် ဘယ်လို မှတ်ချက်တွေ ပေးမှာလဲ။ အမျိုးသမီး အများစုသည် မိမိ၏ ဘဝ အာ မ ခံ ချက် အတွက် ပေးနိုင် သူကိုသာ အဓိက ရွေးခြယ် တတ်ကြသည်။ ထိုအထဲတွင် သူ မပါ နိုင်ပါ။ သူ သည် မ သပ် ယပ်သော ဆံပင် တွေ နှင့် အဝတ် အစား ဖရို ဖရဲ ဝတ် ကာ ဘဝ ကို ဒေါင်ကျကျ ပြားကျကျ နေတတ် ပြီး သူ့ ဘေးတွင် စာအုပ် တွေ ပုံကာ သူ့ ယုံကြည်ချက် သူမှန် သည်ဟု ထင်သော အလုပ်များ ကို စူးစူးနစ်နစ် လုပ် နေ တတ် သူ။ ဓါတ်ပုံတွေ လိုက်ရိုက် နေတတ် သည့် လူငယ် တ ယောက် ပါ ပဲ လေ။

31 comments:

love said...

အမရေ .. ဒီဇာတ်လမ်းကိုစောင့်မျှော်အားပေးနေသူမို့ ...
တင်တာ သိသိချင်း လာအားပေးသွားတယ် ...
ဆက်ရန်ထပ်မျှော်မယ်ဗျို့ ... စာအုပ်တွေ ဘေးပုံပြီး ရည်ရွယ်ချက်တစ်ခုကို စူးစူးနစ်နစ် လုပ်နေတဲ့ ယောင်္ကျားလေးက တစ်ယောက်က မိန်းကလေးတစ်ယောက်အတွက် ဘ၀ အာမခံချက်မပေးနိုင်ဘူးလား အမရေ ... ပြောတော့ပြောတက်ဘူးဗျာ .. နောက်ပိုင်း ဆက်စောင့်ရမှာပဲ ....။

ဖြိုးငယ် said...

အမရေ .. ဒီဇာတ်လမ်းကိုစောင့်မျှော်အားပေးနေသူမို့ ...
တင်တာ သိသိချင်း လာအားပေးသွားတယ် ...
ဆက်ရန်ထပ်မျှော်မယ်ဗျို့ ... စာအုပ်တွေ ဘေးပုံပြီး ရည်ရွယ်ချက်တစ်ခုကို စူးစူးနစ်နစ် လုပ်နေတဲ့ ယောင်္ကျားလေးက တစ်ယောက်က မိန်းကလေးတစ်ယောက်အတွက် ဘ၀ အာမခံချက်မပေးနိုင်ဘူးလား အမရေ ... ပြောတော့ပြောတက်ဘူးဗျာ .. နောက်ပိုင်း ဆက်စောင့်ရမှာပဲ ....။ မေးလ် မှားသွားလို့ ကော်မန့် ထပ်သွားတယ်အမရေ ..ခွင့်လွတ်ပါ

လူလ said...

မင်္ဂလာပါ အမ

လာဖတ်သွားတယ်။ ကောင်း၏။
အားပေးလျက်..

ရွှင်လန်းချမ်းမြေ့ပါစေ...

မိုးသောက် said...

သုတလည်းပါ ရသလည်း ပါ ..
အတွေးအခေါ်တွေကလည်း ပါလိုက်သေး ...
တစ်ကယ့် ဇာတ်လမ်းကောင်းလေးပဲဗျာ ..
မိန်းကလေးအများစုက ဘ၀ အာမခံချက်ပေးနိုင်တဲ့သူကိုသာ အဓိကထားရွေးခြယ်တတ်ကြတယ်တဲ့ ..
ဒါပေမယ့် ယုံကြည်မှု ခံစားမှုနဲ့ ဘ၀ကို အတူတူတည်ဆောက်သွားကြတာတွေကိုလည်း တွေ့ ဖူးတယ် ..
ဘာပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးမှာ ဘယ်လိုလာမလဲ စောင့်ကြည့်ရတော့မှာပေါ့ .. ဆက်ရေးပါဗျို့ .. ပြီးရင် တက်ခ်ထားတာ အကြွေးတောင်းမလို့ :P

ဖန်ခါးမြေ said...

ဟော င်္ဒီအဆက်ကိုမျှော်နေတာ ကြာပြီ သိသိချင်း
လာဖတ်သွားပါတယ် အမရေ အားပေးနေပါတယ်
ခင်မင်စွာဖြင့်

eyeblack said...

အစ်မရေ စာဖွဲ့နွဲ့ပုံကျစ်လစ်သိပ်သည်းတယ်ဗျာ မိုက်တယ် တင်ပြသွားပုံကအပိုအလိုမရှိ ဗဟုသုတလည်းရ ဆိုတော့ ဖတ်ရ တာအကျိုးရှိပါ၏။

Nge Naing said...

မသက်ဇင်ရေ လာဖတ်သွားပါတယ်။ လာလည်တာနဲ့ အသစ်တင်ထားတာ အတော်ပဲ ဖြစ်သွားတယ်။ သုတရော ရသာပါ ရသွားပါတယ်။ နှလုံးသားနဲ့ ဦးနှောက် လွန်ဆွဲပွဲကို ဦးတည်နေလားသလိုပဲ။ စောင့်ရန်ကို မျှော်နေပါတယ်။

ဝေလေး said...

မမသက်ဇင်ရေ
လာလည်တာ အသစ်တင်ထားတာနဲ့တိုးသွားတယ် ကံကောင်းချက်.. :P
မမရေးတာဖတ်လို့ကောင်းလိုက်တာ ဗဟုသုတလည်းရတယ် ....

လင်းဒီပ said...

အစ်မရေ..မင်္ဂလာပါ...အခန်းဆက်ကြီးကို စောင့်မျှော်အားပေးနေပါတယ်....
ပုဂံရောက်နေရသလိုပါပဲ..
အစ်မက ရေးတတ်လိုက်တာ...
ပျော်ရွှင်ပါစေဗျာ...

mgngal said...

ဘာပြောရမလည်း ။ ဆက်ရန်ကိုမျှော်နေမယ်။ မြန်လေ
ကောင်းလေ။ အရှိန်တက်နေပြီ ဇာတ်အိမ်က ။
ခင်မင်လျက်ပါ ။

Than Kyaw Htay said...

အစ်မ သက်ဇင်ခင်များ----
နှင်းဆီနီ အပိုင်း ( ၄ ) ကိုလာဖတ်ပါတယ်----
အစ်မ တင်ပြချင်သော ဗဟုသုတအတွက်--
ရသ နဲ့ ရောပြီး တင်ပြထားတယ်လို့ ကျွန်တော်
ခံယူမိပါတယ်----ကျွန်တော်လည်း မအားလပ်
လို့ ပိုစ့်အသစ်ကို မတင်နိုင်ပါဘူးခင်ဗျာ----
အစ်မဆီ နှစ်ရက် တခေါက်လောက်တော့
အရောက်လာပါတယ်---အဆက်ကိုမျှော်နေ
ပါတယ်---လေးစားစွာဖြင့်

My Wonderful Moral Thoughts said...

သုတ..,ရသ..အတွေးအခေါ် တွေစုံတဲ့ ထူးခြားတဲ့ မသက်ဇင်ရဲ့ အရေးအသားကို နှစ်သက်တယ်။

အချိန်ပေး ဖတ်ရကျိုးနပ်ပါတယ်။

အားပေးလျှက်ပါ။
SMNTL

ဇင်ယော် said...

အစ်မရေ ပုဂံမြေက ပန်းဆက်သမားလေးနဲ့  နှင်းဆီနီ ကြိုက်တတ်တဲ့ ဆံပင်ရှည်ရှည် မိန်းကလေးတစ်ယောက် အကြောင်းကတော့ စိတ်ဝင် စားစရာလည်းကောင်း၊ ဗဟုသုတလည်းရ အားပေးလျှက်ပါ အစ်မရေ။

Dream said...

တီတီ အားပေးလျက်ပါနော်....

ဒါပေမယ့်တီတီဇင် ကလည်း ဖတ်လို့ကောင်းပြီဆို
မြ၀တီကလာတဲ့ဇာတ်လမ်းတွဲ ကျနေတာပဲ..
ဟွန်... ကောင်းပြီဆို ဆက်ရန်ဖြစ်နေပြီ..

တီတီအာဝါးးးးးးး
ဆက်ရန်ကိုမျှော်နေမှာနော်...

ညီအကိုများ said...

အစ်မရေ အပိုင်း(၅)ရှိဦးမလားပဲ။
စောင့်မျှော်အားပေးနေပါတယ်။

မိုးကြယ်

Apprenticeship said...

"ိမိ၏ ဘဝ အာ မ ခံ ချက် အတွက် ပေးနိုင် သူကိုသာ အဓိက ရွေးခြယ်တတ်ကြသည်။" .. တကယ်တမ်းတော့ အချစ်ဟာ လုံလောက်တဲ့ ဘ၀အာမခံချက်ပေးနိုင်တဲ့ တွန်းအားပါ.... အဲဒီအချစ်စစ်ကို ပေးနိုင်သူက ကျွန်မအတွက် လုံလောက်တဲ့ ဘ၀အားမခံချက်ကိုပေးနိုင်သူပေါ့.... :D :) :P

ရှင်မင်းညို said...

မမရေ အခန်း၅ ကိုစောင့်နေတယ်နော်...
အမြဲလာပြီး အားပေးတဲ့ အမကိုကျေးဇူးတင်တယ်...
အမလို နူးနူးညံညံ သိမ်သိမ်မွေ့မွေ့လေးနဲ့
ဆွဲဆောင်မူရှိတဲ့စာတွေ
ဘယ်တော့မှရေးတတ်မလဲမသိဘူး

thihanyein said...

မနက်ကအချိန်မရလို့ ကွန်မန်းမပေးခဲ့ရဘူး
ခုမှပေးရတယ် အရေးအသားကောင်းလို့ဖတ်ရတာ
ကောင်းတယ်ခင်ဗျ ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

Republic said...

စာအရေးအသား ကိုနှစ်သက်ပါတယ်၊၊ ကျနော်ခဏခဏ လာဖြစ်ပါတယ်၊၊ သတိတရ ရှိတဲ့အတွက်လည်းကျေးဇူးပါ ၊၊

ခင်မင်လေးစားလျက်-

saiburma said...

Hello Ma Thet Zin,

I love this STORY and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

ဘလူးဖီးနစ် said...

မရောက်တာ ကြာလို့ ကွန်မန့်ပေးတာ နောက်ကျသွားတာ ခွင့်လွှတ်ပါ မသက်ဇင်ရေ။ အခု လောလောဆယ် formal paper work တွေ လုပ်နေရတယ်။ အဲဒါတွေက သိပ်အရေးကြီးပြီး တစ်လုံးမှ အမှားမခံဘူးလေ။ ဒါကြောင့် အွန်လိုင်းကို မလာနိုင်သလောက်ပဲ။

နောက် တစ်လခွဲလောက်တော့ ဒီလိုပဲ အလာကျဲနေဦးမှာပဲ ဗျို့။ ပုဂံ ဇာတ်လမ်းလေးကို တော့ လာဖတ်ဖြစ်ပါတယ်။ ကွန်မန့်ရေးဖို့ ထက် ဖတ်ဖို့ အားသန်နေမိလို့ပါဗျာ။

ရွှေပြည်သူ said...

ဖတ်ရင်းနဲ့ သုတရော ရသပါ ရစေလို့ အမြဲစောင့်ဖတ်နေပါတယ် အစ်မ။ ဘ၀အာမခံချက် ပေးနိုင်တဲ့သူထဲမှာ သူမပါနိုင်ပါ ဆိုလို့ ဖတ်ရင်း စိတ်မကောင်း ဖြစ်နေမိပါတယ်။ ဆက်ရန်တွေကို မျှော်နေပါတယ် အစ်မရေး)

တားမြစ် ထားသော... said...

“ မ ကို ကျွန်တော် နှင်းဆီ ပန်း လေး လာပေး တာ ပါ-----။ ”

ဒါ.. ချစ်ခြင်းရဲ့ သင်္ကေတပေါ့။ တိတ်ဆိတ်စွာ ရင်ဖွင့်ခြင်းပါပဲ။ တိတ်တခိုးနဲ့ တိုးဝင်လာတတ်တဲ့အချစ်တွေက ပိုလို့ခိုင်မြဲတတ်ပါတယ်။ အချစ်ကလည်း ဘဝရဲ့ ဦးစားပေးတွေမှာ တစ်ခုအပါအဝင်ပေါ့။ ခိုင်မြဲစွာ ဦးစားပေးမိတဲ့အချစ်က ပထမနေရာရမှာလား... ကျွန်တော်ကပဲ ပထမနေရာ ရစေချင်တာလား...

ဆက်ရန်လေးတော့ ထည့်ပေးပါအမရေ။ ဖတ်ရင်းနဲ့ ဘာတွေဆက်ဖြစ်မှာလည်း၊ ဇာတ်လမ်းလေး ပြီးသွားပလား။ ဘာတွေပေးပြီးသွားပလဲ၊ ဘာတွေထပ်ပေးအုံးမှာလည်း။ စဉ်းစားရတာ ပိုအရသာရှိအောင်ပေါ့နော်။

အရေးအသားကိုတော့ ထူးပြီးမပြောတော့ပါ။

သုခမိန်(E-Journal)

Myo Oo said...

နှင်းဆီနီ နဲ့ ပုဂံအဆက် ကို မျှော်နေပါတယ်---

ဂျဲဂျယ် said...

အမစာတွေ ဖတ်တော့ ဖတ်ဖြစ်တယ် comment တော့ မပေးဖြစ်ဖူး အမရေ။ ပြီးစလွယ်မပေးချင်လို.ပါ။ အချိန်မရတော့ နှင်းဆီကို ပဲစဖတ်ဖြစ်တယ်။ ရိုးအီနေတဲ့ အချစ်ဇာတ်လမ်းတွေမှာ တမျိုးထူးခြားအောင်ရေးနိုင်တာ တော်တော့ကို တော်မှပါ။ အားပေးလျှက်ပါ။

မုတ်ဆိုး .. said...

ဘယ်လိုတုန်းဗျ .. “မသပ် ယပ်သော ဆံပင် တွေ နှင့် အဝတ် အစား ဖရို ဖရဲ ဝတ် ကာ ဘဝ ကို ဒေါင်ကျကျ ပြားကျကျ နေတတ် ပြီး သူ့ ဘေးတွင် စာအုပ်တွေပုံကာ သူ့ယုံကြည်ချက် သူမှန် သည်ဟု ထင်သော အလုပ်များ ကို စူးစူးနစ်နစ် လုပ် နေ တတ် သူ” ဒါက ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးလည်းဖြစ်နိုင်တာပဲ ..

မုတ်ဆိုး .. said...

ပြီးတော့ခင်ဗျားရဲ့ဘွားဘွားကိုပုံစံအမျိုးမျိုးနဲ့ဓါတ်ပုံရိုက် တာကို ခင်ဗျားရဲ့ဘွားဘွားသဘောကျလိမ့်မယ်မထင် ဘူး .. အဲဒီအချိန်မှာ ခင်ဗျားနဲ့ဘွားဘွားနေရာလွဲနေ တယ်.. မြေးကိုအရမ်းချစ်တဲ့ခေတ်မှီတဲ့ဘွားဘွားရဲ့ Character ကိုပြရာမှာအနောက်တိုင်းဆန်နေတယ်. ဥပမာ.. အချစ်ကိစ္စတွေကိုကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထား သလိုမျိုးနဲ့ အားပေးအားမြှောက်ပြုနေသလိုမျိုး.. ပုဂံကို ၂၅ ခေါက်လာတာသတ္တိလို့မယူဆနိုင်ပေမယ့် ဒီအသက်အရွယ် (မသိပါ) အထိပုဂံကိုလာတာ မြေးမလေးနောက် အဖော်လိုက်ပေးတာလား .. သူကိုယ်တိုင်ဘာကြောင့်လာလဲ.. အဲဒီလိုလာလို့ရလောက်အောင်ငွေကြေး၊ အချိန်တွေကုံလုံကြွယ်ဝနေလား၊ မြန်မာဝတ္တုတွေနဲ့ဇာတ် ကားတွေဟာ အကြောင်းတရားပိုင်းမှာ တင်ပြပုံအင်မတန်အားနည်းတယ် .. စကားလုံးအသစ် အဆန်းတွေနဲ့အရေးအသားညက်ညောမှုပိုင်းကို အာရုံစိုက် လွန်းအားကြီးပြီး ဇာတ်အိမ်တောင့်တင်းမှုနဲ့ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ ပုဂ္ဂလစရိုက်အားကောင်းမှုမရှိသလောက်ဘဲ .. ပြီးတော့ဓါတ်ပုံဆရာရဲ့ဗဟုသုတကြွယ်ဝကြောင်းမှတ်ချက်ပေးနိုင်ဖို့ ဒေါက်တာသိုမန်းဆိုတဲ့နာမည်နဲ့ ခုနှစ်သက္ကရာစ် လောက်ရွက်ခိုင်းလိုက်ရုံနဲ့မလုံလောက်ပါဘူး.. စာဖတ်အားအလွန်ကောင်းပြီးပေစုတ်စုတ်နေတဲ့လူမျိုး တွေဟာ နယ်ပယ်မျိုးစုံမှာလည်းထင်ရှားတတ်ကြတယ်. ဥပမာ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဗိုလ်ချုပ်အောင်ဆန်း..ပြီးတော့မြေးမလေးရဲ့မှတ်ချက်အရ “ဖြောင့်မတ် ရိုးစင်းပြီး ပရမတ် ကျလွန်း သည့် လူငယ် တယောက်”ဆိုတာပါတယ်.. ဒီအပိုင်းကို သူကိုယ်တိုင် မှတ်ချက်ပေးစရာမလိုဘဲ စာဖတ်သူကိုအလိုလို နားလည်စေသင့်တယ်.. ၀တ္တုရေးတယ်ဆိုတာ ပရိသတ်မြင်စေချင်တာကို တဲ့တိုးပြောလို့မရဘူး .. သိမ်သိမ်မွေ့မွေ့ သရုပ်ဖော်တာ စာရေးသူရဲ့ အရည်အချင်းဘဲ .. ဆက်ပြီး ပြောရရင်တော့ ရှည်လိမ့်မယ် .. ကျွန်တော့် ကိုလည်း ဝေဖန်နိုင်ပါတယ်..

flowerworld said...

မမရေ...ဆက်ရန်ကမလာသေးဘူးဗျ...စောင့်နေတာကြာနေပြီးနော်

Craton said...

ဇာတ်သိမ်းကဘာဖြစ်တွားလဲငင်..? ဆက်ပါဦး..

မသက်ဇင် said...

Blogger မသက်ဇင် said...

ကိုမုတ်ဆိုး----
စာပေဝေဖန်တာကို ကြိုဆိုပါတယ်-----ဝေဖန်
ချင်လောက်အောင်--ကျမ ရေးထားတာကို--
စိတ်ဝင်တစားရှိလို့ ဆိုပြီး ကျေးဇူးလည်း တင်
မိပါတယ်---
ဘာမဆို ဓမ္မဓိဌာန် ကျကျ ဝေဖန်ရေးရှိမှ တိုးတက်တာမို့လား--ကိုမုတ်ဆိုးဟာ ကျမရဲ့ စာကို ဝေဖန်တဲ့ စာပေဝေဖန်သူလို့ ကျမ ယုံကြည်ပါတယ်--

ဒါပေမဲ့လေ---ဝေဖန်တာ စောများ နေသ လား လို့ပါ---- ကျမရဲ့ ဇာတ်လမ်းက တဝက်
မကျိုးသေးဘူး။ကောင်လေးနဲ့ကောင်မလေး က တွေ့ခါစ--ပဲရှိသေးတယ်--ခဏရပ်ထားပြီး ဆက်ရန် ပေါ့ ----
အင်းလေ---ကျမ စ ရေးတော့---ဝတ္ထု မဟုတ်ပါဘူး--
ခရီးသွားဆောင်းပါးပါ---

၅ နှစ်သမီး လောက် ကနေ မိဘဆွေမျိုးတွေနဲ့
ပုဂံ ကို မကြာခဏ ရောက်ဘူးနေတော့---
ရင်းနှီးနေတဲ့ ပုဂံအကြောင်းကို စာဖတ်သူ
တွေအတွက်--သုတ မျှဝေ ပေးခြင်း စေတနာသက်သက် နဲ့ ရေးခဲ့တာပါ---

ဒါပေမဲ့ --စာဖတ်သူ--တွေက--စိတ်ဝင်တစား
နဲ့ တောင်းဆိုစာတွေ များလာတော့---ရသ
ဆန်ဆန်--ဖြစ်သွားတယ်လေ----စာအုပ်ထုတ်ဖို့ အထိ စိတ်ဝင်တစားနဲ့
တော်တော်များများရေးလာကြတယ်----

အင်းလေ-----စာအုပ်ထုတ်ဖြစ်ရင်တော့--
ကိုမုတ်ဆိုး ဝေဖန်ထားတဲ့ အတိုင်း--ကျမရဲ့
အားနည်းချက်တွေ ကို--ဖြည့်သွားပါ့မယ်---
စာအုပ်အဖြစ်ထွက်လာရင်--ဝေဖန်ပေးပါအုံး

ဝေဖန်ရေးဆရာကို ----
ကျေးဇူးလည်းတင်ပါတယ်---ရှင်---

October 29, 2008 10:49 AM
Blogger winlatt said...

ရိုးသားခြင်းမျဉ်းပေါ်မှာ ဖြူစင်သော သဘောတရားများဖြင့် ဝေဖန်တတ်သော ကိုမုတ်ဆိုးကို သဘောကျတယ်... အားကျတယ်...။
တစ်ဖက်ကလည်းအရိုးခံဖြင့် လက်ခံတာကိုမြင်ရတော့ စာဖတ်သူတွေအနေနဲ့ ရေးသူနဲ့ ဝေဖန်သူအကြား သဟဇာတဖြစ်နေကြတာကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်...။
ကောင်းမှု မြတ်နိုး ကောင်းအောင်ကျိုး၍ ကောင်းကျိုးကိုယ်၌ တည်ပါစေ...

October 30, 2008 2:56 AM
Blogger အလှတရား said...

ဝမ်းသာဖွယ်
ချီးကျူးဖွယ်
အားကျဖွယ်
အတုယူဖွယ်

အပြုအမူ
စကားအသုံးအနှုန်း
်စိတ်သဘောထား
ကလေးတွေပါလား။

November 14, 2008 10:18 AM

မေမေခင် said...

အမျိုးသမီး အများစုသည် မိမိ၏ ဘဝ အာ မ ခံ ချက် အတွက် ပေးနိုင် သူကိုသာ အဓိက ရွေးခြယ်တတ်ကြသည်။

ဒီနေ့ခေတ်မှာပိုများတယ်