Thursday, October 2, 2008

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၃)

ခြောက်ရက် မြောက်နေ့ နံနက်
ယ နေ့ နံနက် တွင် ဟို တယ် ဝန် ထမ်း တံခါး လာ ခေါက် သည် နှင့် ကျမ အ ပြေး အ လွား တံခါး ထ ဖွင့်လိုက် သည်။ ကျမ တစုံ တရာ ကို မျှော် လင့် နေ မိ သလား။ ဟိုတယ် ဝန်ထမ်း ယူလာ သည့် နံနက် စာများ နှင့်အတူ နှင်းဆီ နီ တပွင့် ကို မြင်လိုက် ရ သည် နှင့် ကျမ ရင်ထဲ လှိုက် ကနဲ ဘာကြောင့် ဖြစ် သွား ရတာလဲ ဘွား ဘွား အား ကျမ ဖြတ်ကနဲ တချက် ကြည့် လိုက် တော့ ဘွားဘွား လက် ကနဲ ပြုံလိုက်သည် ကို ကျ မ မြင် လိုက် ရပါသည်။ ဒီတခါ အပြာရောင် စာရွက်လေး က တမူ ထူးခြားနေပါသည် စာရွက် စဖွင့် သည် နှင့် မ ဟူသည့် တလုံးတည်းသော စာလုံးလေးကို ကျမ ရင်ခုန်စွာမြင်လိုက်ရသည်။
မ ကို ရှင်းပြ နေဖို့ မလိုဘူး လို့ ထင် တယ် ဘာလို့လဲ ဆိုတော့ မ ဟာ ကျွန်တော့် ကို နားလည် နေပြီးသားဖြစ် နေတယ်လို့ ကျွန် တော် ယူ ဆ ပါ တယ် ကျွန်တော် ပြောပါရစေ ဒီနေ့ တနေ့လုံး ကျွန်တော် ရွေစည်းခုံ မှာ ရှိ နေမှာ ပါ။

စာဆုံးတော့ ဘွားဘွား ဘက်လှည့်ကာ ကျမပြောလိုက်သည်။
သူ ရွေစည်းခုံမှာ တနေ့ လုံး ရှိနေမယ်တဲ့ ဘွားဘွား
မနေ့ ည က ဘွားဘွား နှင့် ကျမ ပါ ခင်မင် နေသည့် ဟို တယ် မန်နေဂျာ ၏ ပြောစကား တခွန်း က ကျမ အတွေး အိမ် ထဲ ကပ် ငြိ ပါ လာသည်။
အဲဒီ ဓါတ်ပုံ ဆရာ လူငယ်လေး က ကျွန်တော့် မိတ်ဆွေ တယောက်ရဲ့သားပါ။ ပရဟိတ စိတ် အင်မတန် ရှိ တဲ့ လူငယ် တယောက် ပါ ဗျာ။ သူ့ အကြောင်း ကျမ မစုံစမ်း လိုက်ရပဲ တစွန်းတစ သိ လိုက်ရပါသည်။ သူသည် ဖြောင့်မတ် ရိုးစင်းပြီး ပရမတ် ကျလွန်း သည့် လူငယ် တယောက် အဖြစ် စာ အုပ် ပုံတွေ ကြားမှာ နေထိုင်နေသည် ဆိုတာ ကိုတော့ ကျမကြမ်းဖျင်း သိလိုက် ရသည်။ သူ သည် ဝေဖန်ရေး သု ခမိန် တွေရဲ့ အစ်ဇင်တွေ ကို ကျောက်ဆောင်တခု မှာ ပစ်ပေါက်ခွဲပစ် တတ် သော အလွန်မှန်ကန် သည့် လုပ် ရပ်များ အား သူလုပ်ခဲ့သည်။
တကယ်တော့ သူသည် အဓိပ္ပါယ် ရှိသော လူ တယောက် အဖြစ် ပရဟိတ တွေ နှင့် စုစည်း သိပ်သည်း ဖွဲ့ထား သည့် လူငယ်တဦး ၏ ဘဝ ကို သူ ဖြတ်သန်း နေပါ သလား။ ဘယ်သို့ ဆိုစေ သူသည် ကျမ စိတ် ဝင်စား သည့် သူရဲ ကောင်း တယောက် ဖြစ်နေ သလား။

ကျမတို့ မြေးအဘွား ဟိုတယ် မှ ထွက် ရန် အဆင်သင့်ဖြစ်ချိန် တွင် နံနက်၁၀ နာရီခွဲ နေပြီဖြစ်သည်။ မြေး မေ့ နေတယ်လေ ရုတ်တရက် ဘွားဘွား က သတိပေး သလို ပြောလိုက် သည့် အတွက် ကျမ ကြောင် အန်းအန်း ဖြစ်သွားသည်။ အော် ဘွားဘွားရယ် ကျမရှက်ပြုံးတချက် ပြုံးလိုက်မိသည်။ ကျမ၏ ဆံပင်ရှည်တွေ ပေါ် နှင်းဆီနီ မပန်ရသေးပဲကိုး။

ကျမတို့ မြေး အဘွား ရွေစည်းခုံ စေတီ သို့ ရောက်သည် နှင့် တောင်ဘက်မုခ် ဘုရားစောင်းတန်း အခြေ တွင် ခပ် သွယ်သွယ် လူငယ် တဦး ကင်မရာလွယ် လျက် ကျမတို့ မြေးအဘွား လျှောက်လာသည်အား ငေးမော ကြည့် နေ သည် ကို အဝေးမှ လှမ်းမြင်နေရသည်။ ကျမတို့ထံ သူလျှောက်လာပြီး ဘွားဘွား အားနှုတ်ဆက် ကာ တွဲ ခေါ် သည် ကျမဘက် သို့ သူဖြတ် ကနဲ ကြည့်လိုက် သည့် အကြည့် သည် ကျမဘဝ တွင် ဘယ်သောအခါမှ မ မေ့နိုင် တော့ သည့် အကြည့် ဖြစ်နေ ပါရော လား။
ဘွားဘွားအား ဦးတည်ပြီး သူ့ ကိုယ်သူ မိတ်ဆက်နေသည့် ဟန်ပန် သည် အင်မတန်ရိုးသား တည်ကြည်သည့် လူ ငယ် တ ယောက် ဟန် ပါပဲ။ ဘွားဘွား ကတော့ သူ့ ကို ခင်မင်သွားသည် အမှန်ပါ။ ကျမ ၏ ဆံ ပင် တွေ ကြား ထဲမှ နှင်းဆီနီ အား သူ ငေးမောစိုက်ကြည့် နေသည် ကို လည်း ကျမ သတိထားလိုက် မိသည် ထို တဒင်္ဂ လေး အတွင်းမှာ ပင် သာယာသည့် ဂီတ သံ စဉ် လှိုင်း တွေ ကြား က သိမ်မွေ့ နက်ရှိုင်း လွန်းသော ရို မန် တစ် တခု ဖြစ်သွားသည် မှာ အသေအချာ ပါပဲလေ။

30 comments:

ဇင်ယော် said...

နှင်းဆီနီတစ်ပွင့်ရဲ့ ရိုမန်တစ်သံစဉ်တွေကတော့ တဖြည်းဖြည်း အရှိန်ရနေပြီအစ်မရေ။ ပုဂံမြေနောက်ခံထားပြီး အတွေးအခေါ်၊ ဗဟုသုတလေးတွေနဲ. ရေးဖွဲ.ထားတဲ့  ဒီပို့ စ်လေးက ဆက်ရန်တွေ များပေမယ့် စာဖတ်သူတွေ လည်ပင်းရှည်ဦးမယ့် ပို့ စ်ကောင်းလေးပဲဗျို.။

mgngal said...

ဝူး.......အရေးအသားတွေ ကောင်းတယ်ဗျ။ ဆက်ရန်ကျန်ရှိများကို စောင့်မျှော်နေလျက်ပါ။ မြန်မြန်ဆန်ဆန်လေးဖြစ်ဖို့ တော့လိုမယ်နော့ ။:D

မိုးသောက် said...

ကောင်းတယ် အစ်မရေ .. ရသလေးတွေ တစ်ခုပြီး တစ်ခုပဲ
ဆက်လက်အားပေးနေပါတယ် အစ်မရေ

ဘလူးဖီးနစ် said...

နောက်ဆုံးမှာ အလွမ်းနဲ့ ဇာတ်သိမ်းမပစ်ဖို့ ကြိုတင်တောင်းပန်ပါတယ် မသက်ဇင်ရေ။ ကျွန်တော်က ရင်မောပြီး ကျန်ခဲ့ရမယ့် ဇာတ်လမ်းတွေကို မဖတ်ဝံ့ဘူးဗျာ။

Than Kyaw Htay said...

အစ်မ မသက်ဇင်ခင်များ
နှင်းဆီနီကို လာဖတ်ပါတယ်ဗျာ
ရသ နဲ့ ဒဿန ရောစပ်ပြီး အရေးအသား
ကို ညှက် နေအောင် ရေးထားတွေ့ရပါတယ်။
အဆက်ကိုမျှော်နေပါတယ်ခင်မျာ။
လေးစားစွာဖြင့်

ဝေလေး said...

မမရေ... ဆက်ရန်လေးမျှော်နေမယ် ကောင်းလွန်းလို့...
:)

Republic said...

မင်္ဂလာပါ ဗျာ ၊၊ ကိုယ်တွေ့ အကြောင်းအရာ တွေ များလား ၊၊ ရည်ညွှန်းမှု တစ်ခုပဲလား ၊၊ အရေးကောင်းတော့ မဝေခွဲတတ်တော့ဘူး မသက်ဇင်၊၊
အမြဲ အားပေးလေးစားလျက်ပါ...

Dream said...

တီတီဖတ်ရတာ ကောင်းတယ်.. အဆက်ရှိမယ်
ထင်တယ်.. မြန်မြန်တင်ပေးနော်.. နောက်ဆက်တွဲ
ဇာတ်လမ်းလေး...မျော်နေမယ်.. တီတီ.. အာဝါးး
:) :)

thihanyein said...

ကျနော်ကတော့ကွဲတာကြိုက်တယ်ဗျို့
ဒါမှ လူတွေရင်ထဲထိကျန်သွားမှာ
အဟိ

စိုင်းခမ်းထွန်း said...

လာဖတ်တယ်ဗျ ...

Phyo Evergreen said...

လေအဝှေ့ ၊ ဆံနွယ်တွေလွင့်နေချိန်၊ တောင်ဘက်စောင်းတန်းမှာ နှင်းဆီရနံ့တို့သင်းပျံ့ခဲ့မှာပေါ့..။

My Wonderful Moral Thoughts said...

အရေးအသားတွေ ကောင်းတယ်...

New Posts ကို စောင့်မျှော်နေလျက်ပါ။

SMNTL

လူလ said...

မင်္ဂလာပါ အမရေ..

ကျွန်နော်က အမလို ၀တ္တုပုံစံ ရေးမတတ်ဘူးသေးဘူး၊ စဉ်းစားတုန်း၊ ရေးဖြစ်ရင်လဲ ၀တ္တုတိုပုံစံပဲ ဖြစ်မှာပါ။
ရှည်ဝေးတာကို မနှက်သက်မိတာ ဖြစ်မယ်။

အမက ဒီနေရာမှာ ကျွန်နော်ထက် သာသွားတယ်။
အားပေးနေပါတယ်။ သေချာတာက အနည်းဆုံး နှစ်ရက် တကြိမ် လာဖြစ်တယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

Apprenticeship said...

ရိုမန်ဆိုတာဘာကြီးလဲဟင်း.. :P အရေးအသားအတော်အနုပညာမြောက်တယ်.. အားယူလျက်ပါ..

Nge Naing said...

မသက်ဇင်ရေ စာလာဖတ်သွားပါတယ်။ ဇာတ်လမ်းက နီးလာပြီနော့်။ အရေးအသားကလည်း သိပ်ကောင်းတာပဲ အဖြစ်အပျက်နည်းနေရင် ခံစားမှုရသကို နည်းနည်းပိုထည့်ပြီး ဒီထက်နည်းနည်းပိုရှည်ရေးရင် ဖတ်လို့ ပိုကောင်းမှာပဲ။

ယုန်ကလေး said...

အားမိုက်တယ် စားသားတွေ အကြောင်းအရာတွေက ပုံဂံ မှာနေတာလားဟင်။ ပုဂံကိုသွားချင်လိုက်တာလွန်ရော။

ဆက်ရေးအားပေးတယ်

ဖြိုးငယ် said...

အရေးအသားကတော့ လူကို တစ်စပြီးတစ်စ အရှိန်တက်စေတယ် အမေ၇ .. နောက်ဆက်တွဲမျှော်နေတယ်ဗျာ

မာရေးသျှင် said...

ဝေဖန်ရေး သု ခမိန် တွေရဲ့ အစ်ဇင်တွေ ကို ကျောက်ဆောင်တခု မှာ ပစ်ပေါက်ခွဲပစ် တတ် သော လူငယ်တစ်ဦး ကို စိတ်ဝင်တစား စောင့်စားဖတ်ရှုနေပါကြောင်း။။။

ရှင်မင်းညို said...

နှင်းဆီလေးကိုလာဖတ်တယ်...
စောင့်ဖတ်နေမယ်နော်..
အမလိုစာရေးကောင်းချင်ပါတယ်

ဘလူးဖီးနစ် said...

ပျားရည် နောက်ကွယ်မှာ ဒါးသွားတွေ ရှိတတ်တယ်နော် :P

တားမြစ် ထားသော... said...

အချစ်ဟာ တစ်ခါတစ်ရံမှာ နူးညံ့စွာပဲ ကိုယ်တိုင်သတိမထားမိလိုက်နိုင်အောင်ပဲ ရင်ထဲကို ဝင်ရောက်လာတတ်ပြန်တယ်။

သုခမိန်(E-Journal)

လင်းဒီပ said...

ပုဂံကို အရမ်းသွားချင်အောင်လုပ်နေပါသည်...:P

ရွှေပြည်သူ said...

အစ်မ မသက်ဇင်ရေ... ပုဂံရယ် နှင်းဆီပွင့်ရယ် ဆံပင်ရှည်ရှည် ကောင်မလေးရယ်... ပြောမပြတတ်တဲ့ ရနံ့လေးတစ်ခု ရလိုက်ပါတယ်... စောင့်ဖတ်နေမယ်နော် အစ်မ...

ငွန်ငယ် said...

အမ စာလာဖတ် သွားပါတယ်။တအားကောင်းတယ်နော့
ဇာတ်လမ်းလေး က။အမ ငွန်ငယ် ထင်တယ် ဇာတ်သိမ်း ရောက်ရင် လွမ်းရဦးမလားပဲ။ ညီမက မလေး ကပါ။အမ ဒီမှာ အကူညီ လို ရင်ပြောပေါ့နော့
ခင်တဲ့

saiburma said...

Hello Ma Thet Zin,
I m crazy about this site. coz when i miss my people,this remember for me.. nice.I can get so many stories from myanmar,I miss so much.This is the first time I visited in my life to this web site, Its amaizing to
read.Thanks a lot.

Sai...

မင်းကျန်စစ်။ said...

အဲလို တန်းလန်းကြီး ထားရဘူးလေဗျာ။
ဆက်ပါအုံးဗျး)
ဇတ်သိမ်းလေးလှဖို့ ကြိုပြီး ဆုတောင်းသွားတယ်ဗျာ။

မုတ်ဆိုး .. said...

“ဖြောင့်မတ် ရိုးစင်းပြီး ပရမတ် ကျလွန်း သည့် လူငယ် တယောက် အဖြစ် စာ အုပ် ပုံတွေ ကြားမှာ နေထိုင်နေသည် ဆိုတာ ကိုတော့ ကျမ အကြမ်းဖျင်း သိလိုက် ရသည်။ သူ သည် ဝေဖန်ရေး သု ခမိန် တွေရဲ့ အစ်ဇင်တွေ ကို ကျောက်ဆောင်တခု မှာ ပစ်ပေါက်ခွဲပစ် တတ် သော ---အလွန်မှန်ကန် သည့် လုပ် ရပ်များ အား သူလုပ်ခဲ့သည်-----။” ဘာတွေတုန်းဗျ .. ကျေးလက်တောရွာတွေနဲ့ အညာမြေလတ်ပိုင်းတွေမှာ လူမှုကိစ္စမှန်သမျှကို အရွယ်ရောက်တဲ့ယောင်္ကျားလေးတိုင်းက ၀ိုင်းလုပ်ပေးကြလို့ လူတိုင်းကို ပရဟိတစိတ်ရှိတယ်လို့ပြော လို့ရပါတယ် .. သူ့ရဲ့ Character ကိုထင်ဟပ်စေတဲ့အဖြစ်အပျက်တစ်ခုကို ဒီနေရာမှာ သွယ်ဝှိုက်ပြီးထည့်သင့်ပါတယ် ...သူဟာဘယ်လိုထူးခြားတဲ့လုပ်ဆောင်ချက်တွေလုပ်ခဲ့သလဲ .. သာမာန်နဲ့မသူတဲ့ဇာတ်ကောင်ရဲ့စရိုက်ကိုပိုအားကောင်းစေတဲ့ ဇာတ်ကြောင်းကိုထည့်မှ သာမာန်ဓါတ်ပုံဆရာမဟုတ်တဲ့သူတစ်ယောက်အဖြစ်ရောက်ရပါလိမ့်မယ် .. စာအုပ်ပုံထဲကို ခေါင်းစိုက်ရလောက်အောင်စာဖတ်အား အင်မတန်ကောင်းတဲ့လူတစ်ယောက်အနေနဲ့လည်း နှင်းဆီနီလေးပေးရအောင် မကြောင်နိုင်ပါဘူး .. ကိုယ့်ကိုယ်ကိုယုံကြည်တဲ့သူတစ်ယောက်အဖို့ တစ်ခြားနည်းလမ်းကိုသုံးမှာပါ .. အင်မတန်မှကို ယုတ္တိ၊ ယုတ္တာနည်းတဲ့ ဇာတ်လမ်းတင်ပြနည်းပါဘဲ .. ဇာတ်လမ်းအပြောင်းအလဲထက် စကားလုံးဖောင်းပွမှုကို ဘဲအာရုံစိုက်နေသလိုဖြစ်နေတယ်.. အခုချိန်ထိ ဇာတ်လမ်းအပို့အယူအချိတ်အဆက်ဘာမှမရှိသေးဘူး ...ကျန်တဲ့လူတွေက ဘာတွေကိုသဘောကျနေသလဲမသိဘူး .. ရည်းစားစာရေးနည်းအတုခိုးရင်တော့ရလိမ့်မယ် .. ဒီလိုဝေဖန်တာစိတ်မဆိုးပါနဲ့ .. မကြိုက်နောက်လုံးဝမရေးဖို့ကတိပေးပါတယ် .

မေမေခင် said...

ဂီတ သံ စဉ် လှိုင်း တွေ ကြား က သိမ်မွေ့နက်ရှိုင်းလွန်းသော ရို မန် တစ် တခု ဖြစ်သွားသည် မှာ အသေအချာ ပါပဲလေ---။

လှလိုက်တဲ့ စာသား

MMR Marine said...

မသက်ဇင်ကို တသက်လုံး ချစ်မယ်ဗျာ...

ကဗျာဦး said...

မ ရေ့ 
လာလည်သွားတယ်နော်