Wednesday, August 20, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၂


ပုဂံ ရောက်ပြီး နောက် တနေ့ ညနေ နံနက်ပိုင်း လမ်း လျှောက်တာ များသွား၍ လား မသိပါ ကျမလည်းစာ ဖတ် ရင်း အိပ်ပျော်သွား ပါသည်။ ဒီနေ့ တော့ မြေး အဖွား နှစ် ယောက် ဘယ်မှ မလည်ဖြစ်တော့ပါ။ ညနေ စာ စားပြီး အညောင်း အညာ ပြေ ဟိုတယ်ပန်းခြံတွင်း သာ လမ်း လျှောက်ဖြစ်သည်။ နေ့ ခင်းက ကျမ ဖတ်ဖြစ်သော စာအုပ် ထဲ မှ အကြောင်းအရာများ ကို စကားစ မိသည်။
ဗုဒ္ဓသာသနာ ကျယ်ပြန့် စွာ ထွန်းကား လျက်နဲ့ ဗုဒ္ဓ စတင် ပေါက် ဖွားရာ အိန္ဒိယနိုင်ငံကြီးမှာ ဗုဒ္ဓ သာသနာ ဘာဖြစ် လို့ ပျောက် ကွယ်သွားရ တာလဲ ဖွားဖွား ကျမ၏ အမေးကို အင်မတန် ထက်မျက်ပြီး ဗဟုသုတကြွယ်ဝ သည့်ဖွားဖွားက ချက် ခြင်းရှင်းပြ နိုင်ခဲ့သည်။
အိန္ဒိယပြည်က နေ ဗုဒ္ဓသာသနာ ဘာကြောင့် ကွယ်ပျောက်သွားရတယ် ဆိုတာ သမိုင်းပညာရှင် တွေ က အဖြေရှာ ခဲ့ကြတယ်။ ဗုဒ္ဓ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း၁၁၀ လောက် အကြာ ဝေသာလီပြည်မှာ ဒုတိယ သံဂါယနာတင်တယ် အချို့ သံဃာများက ဝိနည်းတော် များထဲက နေ အချက် ၁၀ချက် ကို တင်ပြကြတယ်လို့  ဆိုတယ်။ အဲဒီမှာပဲ ၀ိနည်းကို အပြောင်းအ လဲ လုံးဝ မလုပ်လိုတဲ့ သံဃာတော်ကြီးများက ခွင့်မပြုခဲ့ဘူး။ အဲဒီ အခါ ၀ိနည်းတော်ပြင်ဆင်လိုတဲ့ သံဃာတော်များက ၊ မဟာသံဃိ က ဂိုဏ်းဆိုတာ တည်ထောင်ဖွဲ့ စည်းလိုက်ပြီး သံဃာတော်များ အတွင်း ပထမဆုံး အကြိမ်ဂိုဏ်းကွဲတယ် လို့ ဆိုတယ်။
ဒုတိယ သံဂါယနာ တင်ပွဲနဲ့  တတိယ သံဂါယနာတင် ပွဲကြား ဗုဒ္ဓရှင်တော် ဘုရားမရှိတော့တဲ့ နောက် နှစ်ပေါင်း ၂၃၆ နှစ် အကြာ ၀ိ နည်းမပြင် လိုတဲ့ ထေရ်ကြီးများကြား နှစ်ဂိုဏ်းထပ် ကွဲပြီး မဟာသံဃိက ဂိုဏ်းကလည်း ၂ ဂိုဏ်းထပ် ကွဲပြန်တယ်။ ၀ိ နည်းမပြင် လိုတဲ့ ၂ဂိုဏ်းကွဲသွားတဲ့ ထေရ်ကြီးတွေ ကနေ နောက် ထပ် ဂိုဏ်းငယ် ၃ဂိုဏ်းထပ်ကွဲပြီး အဲဒီထဲ က တဂိုဏ်းက ယခု သီရိလိင်္ကာလို့ ခေါ် တဲ့ သီဟိုရ်နိုင်ငံ မြန်မာနိုင်ငံ ထိုင်းနိုင်ငံ ကမ္ဘောဒီးယား လော နိုင်ငံတို့ ဆီ ရောက်ရှိလာတဲ့ ထေရ၀ါဒဂိုဏ်းဖြစ်တယ်။
ပြင်ပ ပယောဂ တွေ ၀င်မလာခင် ကိုယ့်အချင်းချင်း သဘောထား ကွဲလွဲမှုတွေက နေ စတာ ပါပဲ။ အားနည်း ချက်တွေ ပေါ်လာရင်ပဲ ဗုဒ္ဓလက်ထက်က အတော်ငုတ်လျှိုး သွားတဲ့ ဗြာဟ္မဏ၀ါဒီများရဲ့ သပ်လျှိုမှုများ လာ တော့ အသောကမင်းကြီးက တတိယ သံဂါယနာတင်ပြီး ပိဋိကတ် တော်များ ပြန်လည်ခိုင်မြဲ လာအောင်လုပ်ဖို့ ကြိုးစားခဲ့ရတာဖြစ် တယ်။ အသောကမင်းကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်းပြို ကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းငယ် ကလေး တွေ မှာ ဗြာဟ္မဏ အယူဝါဒများ ပါဝင်လာကြပြီး အဲဒီ က မှ မဟာယာန ဂိုဏ်းတို့  လိုမျိုးဖြစ်ဖို့  လမ်းခင်း ပေးလိုက် သလိုမျိုး ဖြစ်သွားတယ်။

အို ကျေးဇူးတင်လိုက်တာ ဖွား ဖွားရယ် ကျမ အလွန်သိချင်တဲ့ အချက်တွေ သိရလို့ ။

16 comments:

winlatt said...

ထေရ၀ါဒ နဲ့ မဟာယန ဆိုပြီး ဖြစ်ပေါ်လာခဲ့တဲ့ ဗုဒ္ဓဘာသာရဲ့ သမိုင်းကို ဒိထက် ပိုစုံလင်အောင် ထပ်ပြီးရေးပါဦင်္း အမရေ..မဟာယန ကို ဘယ်ဒေသက စပြီး ပြန့်ပွားလာခဲ့တယ်.. အခု ဘယ်နိုင်ငံ ဘယ်ဒေသတွေမှာ ထွန်းကားနေတယ်ပေါ့။
ဗဟုသုတ စုံပါပေ့ ဆရာမရေ.... ချူဂါဟန်နီသာ (ဂုဏ်ယူပါတယ်ဗျာ)

တင့်ထူးရွှေ said...

ပုဂံအကြောင်းအပိုင်း(၂)ကိုဖတ်သွားပါတယ်ခင်ဗျ ။

ရတ်မန် said...

လာရောက်ဖတ်ရှု့သွားပါတယ်ခင်ဗျာ...။ပျော်ရွှင်ပါစေ

Nge Naing said...

မသက်ဇင် စာလာဖတ်သွားပါတယ်။ သိပ်ကိုကောင်းပါတယ်။ ကျွန်မလည်း ဒီအချက်တွေကို အဖွားပြောပြတာမဟုတ်ပေမယ့် စာရေးဆရာနာမည်တော့ မေ့သွားပြီ သာသနာ ၂၅၀၀ ခရီးဆိုတဲ့ စာအုပ်ထဲမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖတ်ဖူးပါတယ်။ ဒါပေမယ့် အခုချိန်မှာ ထေရ၀ါဒပဲဖြစ်ဖြစ် မဟာယာနပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်အတိုင်း သွားနေသေးသ၍တော့ သာသနာက ရှင်သန်နေဦးမယ်လို့ ယုံကြည်ပါတယ်။ Public Health in Myanmar က မွန်းသက်ပန် (ဆေး) ရဲ့ ပို့စ်မှာ မသက်ဇင် မေးထားတာနဲ့ ပတ်သက်ပြီး ကျွန်မမှတ်ချက်ရေးထားပါတယ်။ မသက်ဇင်သိချင်တာအတွက် အထောက်အကူပြုလိမ့်မယ်ထင်တယ်။

တားမြစ် ထားသော... said...

ဖတ်တယ်။
ပိုစ့်ကို အခန်းဆက်အနေနဲ့ ပိုင်နိုင်စွာရေးထားတယ်။ ဆက်ရန်ကို ထပ်မျှော်နေမယ်။
*******************
စာဖတ်အားကောင်းသလို ပတ်ဝန်းကျင်ကောင်းမှာလည်း ကြီးပြင်းခဲ့ရတယ်လို့ စိတ်မှာ တွေးမိသွားတယ်အမရေ...း)

CanadaMyanmar said...

အမျိုး ဘာသာ သာသနာ နှင့် ပတ်သက်သော စာ များ
ဆက်လက်ရေးသား နိုင်ပါစေ...ခန္တီ မူလ မန်ကိုချ၍ ဒေါ
သကိုပါယ် မေတ္တာလွယ်၏...ဆိုသကဲ့ သို့ ငြိမ်းအေးသော
စာပေများနှင့် ဆက်လက် လျှောက်လှမ်းနိုင်ပါစေ...

hlatsis said...

ခုလိုတင်ပြချက်တွေအတွက် ကျေးဇူးတင်တယ်ဗျာ။

hlatsis said...

ကောင်းတယ်ဆရာမရေ ဆက်ရေးဗျာအားပေးနေတယ်ဗျာ။

hlatsis said...

ကောင်းတယ်ဗျာ အကျိုးရှိပါတယ် အားပေးနေတယ်

maungkaung said...

မသက်ဇင်ရေ... လာဖတ်သွားတယ်ဗျ... သိချင်တာလေးတွေလည်း မှတ်သွားပါတယ်... ဆက်ရန်ကို မျှော်နေပါတယ်ဗျာ...

ဘလူးဖီးနစ် said...

အဖွားနဲ့ မသက်ဇင်ကို ကျေးဇူးအများကြီတင်ပါတယ်ခင်ဗျား

mm thinker said...

အသေးစိတ်ကို သာသနာ ၂၅၀၀ ခရီးအပြင် ဂျာမန်ဗုဒ္ဓစာပေ ပညာရှင် မောရစ်ဝင်တာနစ်ရဲ့ အိန္ဒိယခေတ် ဗုဒ္ဓစာပေသမိုင်း (မြန်မာပြန်ရှိ၊ ရှားသည်) နဲ့လည်း တွဲဖတ်သင့်ပါတယ်။

Win Myint Oo said...

ရှားရှား ပါးပါး ရှာဖွေရေးပေး ထား လို့ 
မသက်ဇင် အားကျေးဇူးတင်ပါတယ်..

Republic said...

မင်္ဂလာပါ မသက်ဇင်ရေ ၊၊ခုမှ အေးဆေး စာလာဖတ်ဖြစ်တယ်၊၊
သမိုင်း အားနည်းတဲ့ ကျွန်တော့်အတွက် မသက်ဇင်ရဲ့ စာတွေဟာ တန်ဖိုးရှိလှပါတယ်၊၊ကျေးဇူးပါဗျာ ၊၊

Than Kyaw Htay said...

မသက်ဇင်တို့ မြေးအဘွားနဲ့ အတူ ကျွန်တော်
တကယ်ပဲ ပုဂံသွားနေရသလို ခံစားလိုက်ရတယ်
မသက်ဇင်ရေးတဲ့တိတ်ဆိတ်သည့်နံနက်ခင်းလေး
တခုမှာ ထီးလှိုင်ရှင်ရဲ့ အရိမဒ္ဒနာပူရ ကို ကျွန်
တော်လိုက်ပါနေမိတယ်၊ မသက်ဇင့့် 

ဘလူးဖီးနစ် said...

ပုဂံကို တစ်ခေါက်တော့ ထပ်သွားချင်စိတ်တွေ အရမ်းကို ဖြစ်လာတယ် မသက်ဇင်ရေ။ ပုဂံကို မြန်မာတိုင်း ချစ်ကြမယ်ထင်ပါတယ်နော်။