Monday, August 11, 2008

ကြေကွဲဖွယ်ရာ ပထမ မြန်မာနိုင်ငံတော် ( ၂ )

တာတာ တပ်များ တိုက်ခိုက်သောအခါ နရသီဟပတေ့ မင်းသည် ပုဂံထီးနန်း နှင့်ပြည်သူပြည်သားများ ကို စွန့် ခွာ၍ ထွက်ပြေး သွား သည်။ တာဝန်မဲ့ ထွက်ပြေးခြင်း ပြုသည့်အတွက် ၄င်းမင်းအား တ ရုတ်ပြေးမင်း ဟူ၍ ခေါ် ဝေါ်ကြ သည်။ တိုင်းပြည်အကြီး ကဲ ထွက် ပြေးသော်လည်း ပုဂံပြည်သူပြည်သား များသည် စိတ်အား ငယ်ခြင်း မရှိ ဘဲ တာတာ တရုတ်တပ် များကို ပြန်လည် ခု ခံ ခိုက်တိုက်ခိုက်ကြ၍ တရုတ်တပ်သား ၇၀၀၀ ကျဆုံးကြောင်း ရာဇ၀င်များဋ္ဌ် တွေ့ရသည်။ တရုတ်တပ်များ ထွက်ခွာ သွားပြီး နရသီဟပတေ့ ကိုလည်း ငှင်း၏ သား တော် တဦးက လုပ်ကြံ သတ်ဖြတ်လိုက်ပြီး နောက် ၄င်း၏သား တော်များအချင်းချင်းလည်း တဦးနှင့် တဦး တိုက် ခိုက်လျှက် ရှိလေ သည်။

ကျောက်ဆယ် လယ်တွင်းနယ် များကို အုပ်စီးထားကြသည့် ရှမ်းညီ နောင်အကြီးကဲ သုံးဦးတို့ ကလည်း နောက် ဆုံး ကျန်ရစ်သည့် နရသီ ဟပတေ့ ၏ သားတော် ပုဂံမင်းကျော်စွာကို နန်းမှချကာ ကွပ်မျက်ကြ ပြီး အထက်မြန်မာ နိုင်ငံ တလွှားကို သိမ်းပိုက်ခါ တထီး တနန်း ထူထောင် သည်။

တောင်ငူနှင့်ပြည်အောက် ဖက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း မွန်ဒေသ များကို သောက္ကတဲ ယိုးဒယား ရှမ်း အကြီး ကဲ များ၏ အကူအညီဖြင့် ၀ါရီ ယူက သိမ်းပိုက်ပြီး နောက် မုတ္တမကို အခြေပြုကာ တထီးတနန်းထူ ထောင်သည်။

ပုဂံမင်းဆက်များ ကို သစ္စာစောင့်ထိန်းလာခဲ့သည့် ရခိုင်ပြည်မင်း ဆက်များ သည်လည်း ပုဂံမင်းဆက်မရှိ တော့ ၍ သီးခြားမင်းပြုကြ သည်။ ထိုကဲ့ သို့မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ် မှုပြိုကွဲ ပျက်စီးကာ တနယ် တမင်း ဖြစ် လာခဲ့ရသည် ကို သမိုင်းသုတေသီ ဂျီအီးဟာဗီ က ၄င်းစာ အုပ်တွင် ရေးသား ဖော်ပြထား သည်မှာမြန်မာ နိုင်ငံ တော်ကို အမဲဖျက်သ လို ဖျက်၍ မိမိတို့ အချင်းချင်းခွဲဝေ ယူငင်ကြပြီး နောက် အချင်းချင်း လည်း တိုက် ခိုက်လျှက် ရှိကြသည် ဟု ရေးသားထားသည်။

ပထမ မြန်မာနိုင်ငံတော်သည် နှစ်ပေါင်း ၂၅၀နီးပါးခန့်မျှ ကြာမြင့် လျှက် မြန်မာမင်းဆက်၁၁ဆက်မျှ အုပ်ချုပ် ခဲ့ ကြသည်။ အနော်ရထာနှင့် ကျန် စစ်သားတို့ အမြှော်အမြင်ကြီးမားစွာဖြင့် ပထမမြန်မာနိုင်ငံတော်အား သိမ်းသွင်း ၍ အလောင်းစည်သူနှင့် နာရပတိစည်သူတို့ ပထမမြန်မာနိုင်ငံ တော် ထိမ်းသိမ်းခဲ့ကြ သည့်မြန်မာ နိုင်ငံတော်၏ စည်းလုံးညီညွတ်ရေးသည် ပြိုကွဲပျက်စီးသွားသည်ကို ကြေကွဲဖွယ်ရာ တွေ့ရသည်။ မြန်မာရာဇ၀င် တွင် ကြီးကျယ်ထင်ရှားခဲ့သည့် ပုဂံမင်းဆက်သည်လည်း မှေးမှိန်ပျောက် ကွယ်သွား ပါ တော့သည်။

ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။
ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )
မှန်နန်းရာဇ၀င် သုံးတွဲ

21 comments:

MyowinZaw said...

တရုတ်တပ်များထွက်ခွာအောင်ဖျောင်းဖျနိုင်တာ ရှင်ဒိသာပါမောက် ထင်တယ် သိပ်တော့မသိဘူး သိရင်ပြောပြပေးပါလားဗျာ။

စိုးထက် - Soe Htet ! said...

လာတိုက်တဲ့ ခေတ် တူမတူတော့ မသိဘူး ... ပြန်ကြည့် လိုက် ဦးမယ် :P

လူလ said...

မင်္ဂလာပါ အမ၊ ဒုတိယအပိုင်းကို လာဖတ်သွားပါတယ်။ ပြည်ပျက်ခဲ့တာတွေ ဆက်ရေးနိုင်ဖို့အတွက် အောက်ပါ စာပုဒ်ကို ချပေးခဲ့ပါတယ်။ မှန်တာယူပြီး မှားတာ ပယ်လိုက်ပေါ့ ခင်ဗျာ၊

မြန်မာနိုင်ငံဖြစ်သော နေရာတခုတွင် တကောင်းပြည်သည် ဇမ္ဗူဒီပမင်းမှ သတိုးမင်းကြီး လက်ထက်အထိ မင်းပေါင်း (၅၀) အုပ်ချုပ်ခဲ့သည်။ ယင်းနောက် သရေခေတ္တရာပြည်တွင် မဟာသမ္ဘာဝမင်းမှစ၍ (၂၇)မြောက်သောမင်း သုပညာနဂရဆိန္မမင်း လက်ထက်အထိ မြို့ သက် ၄၄၆ နှစ်တွင် ပျက်စီးခဲ့သည်။ ထိုနောက် ပုဂံပြည်၌ သမုဒ္ဓရာဇ်မင်း လက်ထက်မှ စပြီး မင်းပေါင်း (၅၅)ဆက်မြောက် တရုတ်ပြေးမင်းထိ မြို့သက် (၁၂၆၁) နှစ်အထိ အုပ်ချုပ်ခဲ့သည်။ ပြီးနောက် ပင်းယခေတ် တစီးရှင် သီဟသူမှ ဥဇနပြောင်အထိ မင်း(၆)ဆက်၊ စစ်ကိုင်းတွင် သင်္ခယာစောယွန်းမင်းမှ မင်းပြောင်အထိ မင်း(၇)ဆက်တို့သည် သူတလူ ငါတမင်း အပြိုင်ပြုပြီး နှစ်ပေါင်း (၅၂)နှစ်ခန့် အုပ်ချုပ်လေသည်။ ဤသည်မှတဆင့် ရတနာပူရအင်းဝ၌ သတိုးမင်းဖျားမှ ဟံသာဝတီအရောက် မင်းတရာအထိ မင်းပေါင်း (၃၀)၊ မြို့သက် (၃၈၈) ခုနှစ်မှာ ပျက်စီးခြင်း ရောက်ခဲ့ပါသည်။ တဖန် ဦးအောင်ဇေယျ မှ သီပေါမင်းအထိ ကုန်းဘောင် (၁၁) ဆက်အပြီး နှစ်ပေါင်း (၁၃၃) ခုနှစ်တွင် ပျက်စီးခဲ့လေသည်။
ရွှင်လန်းချမ်းမြေ့ပါစေ...

mathetzin said...

ကျေးဇူးတင်ပါတယ် ကိုလူလရေ့ 
ဗဟုသုတရှာဖွေစုဆောင်းသူများအတွက် ကျမကိုယ်စားကိုလူလ ရှာဖွေပေးတာတွေ
တန်ဘိုးရှိပါတယ်။ ပထမမြန်မာနိုင်ငံ
( ပုဂံ ခေတ် ) ပျက်စီးသွားပြီးသည့်နောက်
ပိုင်းယင်းအပျက်အစီးများကြားကနေ ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုစည်းလုံး
သိမ်းသွင်း၍ ပြန်လည်ထူထောင်ကြရာတွင်မွန် ၊
မြန်မာ၊ ရှမ်းလူမျိုးများ၏ဖိုခနောက်ဆိုင်ယှဉ်ပြိုင်
အားထုတ်ခြင်းကို အထင်အရှားတွေ့ လာရသည်။

ပထမမြန်မာနိုင်ငံတော်ကြီးစတင်ထူထောင်စဉ်က
မွန်နှင့်မြန်မာလူမျိုးနှစ်မျိုးတို့ သာပါဝင်ခဲ့ကြသည်။
ရှမ်းခေတ် ဟူ၍ သမိုင်းဆရာများရေးသားခဲ့ကြသည့်ပထမမြန်မာ
နိုင်ငံနှင့်ဒုတိယမြန်မာနိုင်ငံကြားကာလတွင်ရှမ်း
လူမျိုးများသည် ကြီးမားလေးနက်သည့်အခန်း
ကဏ္ဍမှ ပါဝင်လာသည်ကို တွေ့ ရှိလာရသည်
နောက်များမှဆက်ရေးပါအုံးမယ့့် 

မသက်ဇင်

ဆောင်း said...

How can I contact you Ma Thet?

Sis

- said...

ပုံမှန်လာဖတ်ပါတယ်။ သူများလိုတော့ အကြံဥာဏ်ကောင်း မပေးနိုင်ပါဘူး။ မသိခဲ့တဲ့၊ မဖတ်ဖြစ်ခဲ့တဲ့ သမိုင်းကို ပြန်လည်ဆန်းသစ် ပေးခဲ့တဲ့ အတွက် အရင်ကထက် ပိုမို သိရှိ/နားလည် လာတာတော့အမှန်ပါ။ ဆက်လက်ရေးသားမယ့် ရှမ်းခေတ်ပို့စ် ဆိုတာကိုလည်း စောင့်ဖတ်နေပါမယ်။ ကျွန်တော်က ရှမ်းမို့လို့ပါ။ လေးစားလျက်
-ဝင်းဇော်

winlatt said...

ဟိုးငယ်ငယ်တုန်းကစာကျက်လို့ရှိရင် သမိုင်းစာအုပ်ကို အရင်ကိုင်ရတယ်..မိဘတွေက အသံတိတ်နေရင် စာမကျက်ဘူးလို့ဘဲ ထင်တာကို၊သမိုင်းဖတ်စာတွေကို အော်ကျက်နေရင် ပြီးတာဘဲ..။စာရဖို့ဘဲ အရေးကြီးတယ်လို့ဘဲထင်ခဲ့သေးတယ်..။ အတန်းကြီးလာမှ သမိုင်းဆိုတာကို အကျိုးနဲ့ အကြောင်း နဲ့ ဆက်စပ်တွေးခေါ်ပြီးဖြစ်စဉ်တွေလိုက်ကောက် တတ်လာတယ်..စိတ်ဝင်စားလာတယ်..ရှင်းရှင်းလင်းလင်း သင်ပြပေးတဲ့ ဆရာသမားတွေရဲ့ ကျေးဇူးကိုလည်း ရိုသေလေးစားမိခဲ့တယ်..။ဟော အသက်အရွယ်ရလာတော့ လေ့လာလိုက်စား မှု တမျိုးထပ်တိုးလာတယ် စာသင်သမိုင်းနဲ့ ပြင်ပ လေ့လာမှုသမိုင်း ကွာခြားတာတွေသိလာရတယ်..။ ပြောရရင်တော့ဗျာ ညာ သမိုင်းနဲ့ အမှန်အကန်သမိုင်း ဆိုတာတွေ သိလာရတယ်... အမှန်အကန်သမိုင်းတွေကို တင်ပြပေးတဲ့ အမ ကို အရမ်းကို လေးစားမိပါကြောင်း ပြောပါရစေ..။

Republic said...

လာရောက်ဖတ်ရှုသွားပါတယ် မသက်ဇင် ၊၊ အားပေးလျက်ပါ ဗျာ၊၊

လူသစ် said...

နားလည်တဲ့သူတွေပြောနေတာ ၀င်မရှုပ်တော့ဘူး။ လာကြောင်းလေးပဲ သတင်းပို့တာပါ

ရှင်ရဲထွတ် said...

တိုင်းပြည်တစ်ပြည်ရဲ့သမိုင်းဆိုတာ
ကောင်းခဲ့သည်ဖြစ်စေ ဆိုးခဲ့သည်ဖြစ်စေ
္ကထိုတိုင်းပြည်၌ မွေးဖွားကြီးပြင်းလာခဲ့သူ
မှန်သမျှသည် ပေးစရာမလိုပဲ မွေခံထိုက်
မည့်သူပင်ဖြစ်လေတော့သည် ။
ထို့ကြောင့် လက်ရှိတိုင်းပြည်အတွင်း
မှီတင်းနေထိုင်ကြကုန်သော
ရဟန်းရှင်လူ ပြည်သူ မှန်သမျှ၏
လုပ်ရပ်သည် နောင်လာနောက်သား
အားလုံး၏ ဆက်ခံရရှိမည့် အမွေစစ်စစ်
ပင်ဖြစ်လေသမုံ့ ထိုကဲ့သို့သော
အကြောင်းကြောင့်ပင် ကောင်းခြင်း
အမွေများသာ ကျန်ရစ်စေကြောင်းသာ
ဖြစ်သင့်လေတော့သည် ။

www.deyea.blogspot.com/ said...

လာလည်ပါတယ်... အစ်မ.. ကျွန်တော် က သမိုင်းအကြောင်းတွေ အရင် က လုံးလုံး မသိ.. စိတ်ဝင်စားမှု မရှိခဲ့ပါ.. အခု မသက်ဇင် ၏ ကျေးဇူးကြောင့် သမိုင်းအကြောင်းတွေ ကို သိခဲ့ ရတဲ့ အတွက် မသက်ဇင် အားကျေးဇူးတင်ပါတယ်..

ဒီရေ

တားမြစ် ထားသော... said...

ရောက်တယ်။ ဗဟုသုတအတွက် ကျေးဇူး။
ဒုတိယနိုင်ငံတော်ကို မျှော်နေအုံးမယ်ဗျ။

ရှင်ရဲထွတ် said...

မသက်ဇင် ရှင်ရဲထွတ် အကြောင်းပါရတော့မယ်ထင်တယ်

pandora said...

ဆက်ရေးပါ အမရေ ပို့စ်အဟောင်းတွေကနေပြီး အစအဆုံး အေးအေးဆေးဆေး လာဖတ်ပါဦးမယ်

ညီအကိုများ said...

ကျေးဇူးပါ..မသက်ဇင်ရေ...

ကိုနေ(YNP)
www.ynp-net.info

Nge Naing said...

သမိုင်းကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမိုင်းကို တခါဖတ်ပြီးရင် မမေ့တတ်ပါဘူး။ သမိုင်းနဲ့ ပထ၀ီကို သိပ်စိတ်ဝင်စားခဲ့လို့ ငယ်ငယ်တုန်းကတောင် အဲဒီဘာသာတွေအတွက် သီးသန့်စာကျက်ချိန်ရယ်လို့ အချိန်သိပ်မပေးခဲ့ရဘူး ခုနှစ်နှင့် နာမည်တွေပဲ လိုက်ကျက်စရာလိုပြီး အဖြစ်အပျက်ကို ဆရာ၊ဆရာမတွေ ရှင်းပြတာနဲ့ ခေါင်းထဲမှာ မှတ်ထားလို့ရပါတယ်။ ဒါကြောင့်မို့ ၃ တန်းကနေ ရှစ်တန်းအထိ သင်ခဲ့ဖူးတဲ့ သမိုင်းအကုန်လုံးနီးပါးကို လူနာမည်တွေနဲ့ ခုနှစ်ကိုသာ မမှတ်မိပေမယ့် အဖြစ်အပျက်တွေကိုအခုထိမှတ်မိနေပါတယ်။ အခုလည်း မသက်ဇင်ရဲ့ပို့စ်မှာ ပါတဲ့အကြောင်းအရာတွေကို တော်တော်ကြာတဲ့အထိ မှတ်မိနေမှာ သေချာတယ်။ ခုနှစ်ကို မမှတ်မိတော့ပေမယ့် ပထမမြန်မာနိုင်ငံ ပျက်စီးပြီး ဖရိုဖရဲဖြစ်နေတဲ့ မြန်မာနိုင်ငံကို ရှမ်းညီနောင် သုံးဦးက ပြန်လည်စုစည်းခဲ့ပြီး စကိုင်း၊ အင်းဝ၊ ပင်းယကို ထူထောင်ခဲ့တယ်ဆိုတာ မှတ်မိနေပါတယ်။ မြန်မာနိုင်ငံမှာ ရှမ်းလူမျိုးတွေရဲ့ အရေးပါမှုကို အဲဒီအချိန်တုန်းကတောင် သိရှိခဲ့ပါတယ်။

Buddhist Terms Dictionary said...

မသက်ဇင်ရေ... ဦးစွာပထမ ကျနော့ရဲ့ ပါဠိ-မြန်မာ-အင်္ဂလိပ်အဘိဓါန် ကို လင့်ခ်ပေးထားတဲ့အတွက် ကျေးဇူးပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ၈-တန်းအောင်ပြီးကတည်းက သမိုင်းဆိုတာကို မထိတွေ့ခဲ့တော့ပါ။ အရွယ်ရလာတော့ ပြင်ပဗဟုသုတရှာဖတ်တဲ့အခါ ကျနော်တို့သင်ခဲ့ရတာတွေဟာ “အောင်မြင်သမိုင်း”လို့ခေါ်တဲ့ ရာဇ၀င်မှာ အောင်မြင်ခဲ့တဲ့အကြောင်းတွေချည်းပဲ ဖြစ်နေပြီး၊ ကျဆုံးခဲ့တဲ့၊ ၀မ်းနည်းဖွယ်ကောင်းတဲ့ နန်းလုပွဲ၊ အချင်းချင်းသတ်ဖြတ်ခဲ့ကြတာတွေမပါတာကို တွေ့ရတယ်။ ကျနော့အမြင်ပြောရရင်တော့ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သမိုင်းဟာ သမိုင်းပါ။ ပြန်ပြောင်းလို့ရတဲ့အရာ မဟုတ်ပါ။ ဒါပေမယ့် အောင်မြင်ခြင်းထဲက အကျိုးအမြတ်အသိဉာဏ်ရသလို၊ ကျရှုံးခြင်းထဲကလည်း အမြတ်ထုတ်စရာ သံဝေဂတွေ၊ ရှောင်ရှားစရာတွေရှိတယ်ဆိုတာ နောင်လာနောင်သားတွေကို သင်ပြ၊ ထောက်ပြမယ်ဆိုရင် ပိုကောင်းတာပေါ့။ အခုလို သမိုင်းကို ဘက်မလိုက်ပဲတင်ပြတဲ့ “မသက်ဇင်”ကိုလည်း လေးစားပါတယ်။

Heartmuseum said...

အားရစရာကြီး အမရာ... နည်းတဲ့ comment တွေမဟုတ်ဘူး။ အမကြိုးစားရကျိုး နပ်ပြီနော်။ ဆက်ချ အမရေ အားပေးနေတယ်ဗျ။

လူလ said...

မင်္ဂလာပါ အမ

စာပုဒ်ချပေးခဲ့တာ စိတ်မကောင်း မဖြစ်ပါနဲ့၊မှားရင်လဲ တောင်းပန်ပါတယ်။ ဗမာ့သမိုင်းက တခါတလေ့ တုတ်တမ်းပြီး ပြောရတယ်လို့ ရှေးလူကြီးတွေက ဆိုခဲ့တယ်လေ၊ ရှေးက လူကြီးတွေ စနစ်ကျကျ မှတ်တမ်း မတင်ခဲ့လို့ ကျွန်နော်တို့ မျိုးဆက်မှာ ငြင်းပွားရင်းနဲ့ အချိန်ကုန်သွားတယ်။ အမှန်လဲ မရဘူး။ သမိုင်းဆိုတာလဲ နိုင်သူတွေရဲ့ မှတ်တမ်း တခုပါ၊

ရွှင်လန်းချမ်းမြေ့ပါစေ...

တင့်ထူးရွှေ said...

မင်္ဂလာပါ မသက်ဇင် ၊ ရောက်ဖြစ်တယ်ခင်ဗျ ၊ အားလုံးအဆင်ပြေပါစေ ..။ ။

HAPPYCLOUD said...

အမရေ ၀မ်းနည်းစရာ ပထမမြန်မာနိုင်ငံ ပျက်သုန်းခြင်း ၂ပိုင်းလုံးဖတ်သွားပါတယ်...
အဲလိုပျက်သုန်းတာတွေ မှာ လိုပဲ .... အင်း...
ဘာဖြစ်ဖြစ်ပါ အမရေးတာတွေရော .. ဆွေးနွေးတဲ့ သူတွေကိုရော ကျေးဇူးတင်ပါတယ်အမရေ... ကျနော်က သမိုင်းကိုသိပ်မသိတဲ့ ခပ်အအ လူတစ်ယောက်ပါ...ခုဆိုနဲနဲတော့ အအာ အိအီလောက်တော့ သင်နေတုန်းပါအမ..
အမေရေးထားတာတွေ ကျေးဇူးများပါတယ်ခင်ဗျာ...
အစဉ်လေးစားလျှက်
ဖိုးမောင်