Wednesday, June 4, 2008

အနော်ရထာ ကျိုးပမ်းခြင်းဖြင့်ရှေ့ တန်းရောက်လာသည့် ထေရ၀ါဒသာသနာ

အနော် ရထာ ဘုရင် သည် မြောက် ဘက် နှင့် အရှေ့ ဘက် ရှမ်း နယ် များ နှင့် ရှမ်း လူမျိုး များ အား စည်း လုံး သိမ်း သွင်းပြီး နောက် တောင်ဘက် ရှိ မွန်နယ်များ နှင့် မွန်လူမျိုးများ အား ဆက်လက် သိမ်းသွင်းခြင်းပြုသည်။ ထို့ နောက် အင်ဒို ချိုင်း နား ကျွန်း ဆွယ် နှင့် မာလာယု ကျွန်း ဆွယ်ကြီး များ အား စိုးပိုင်သည့် ကမ္ဗောဇ နိုင်ငံ သို့ သွား ရောက် ခဲ့ သည်။
အ ဘယ့် ကြောင့်ဆိုသော် ထို အချိန် က ကမ္ဗောဇနိုင်ငံ အကြားရှိ မွန်ပြည်နယ် နှင့် မွန် လူ မျိုး များ ၊ အ ထူး သဖြင့် တနသ်ာရီ ကမ်း ရိုး တန်း ဒေသ အား ကမ္ဗောဇ ဘုရင် များ က ငှင်း တို့ ၏ လက် အောက် ခံ ပဏာဆက်ပြည်နယ် များ အဖြစ် သဘောထား ကာ ဆက် သွယ်နေ သော ကြောင့် ဖြစ် သည်၊ အ နော်ရထာ ဘုရင် ကမ္ဗောဇ နိုင်ငံ သို့ သွား ရောက် ခဲ့ သည်မှာ အောင် အောင်မြင်မြင်ရှိခဲ့ ကြောင်း သိရသည်။ အ ဘယ့်ကြောင့်ဆိုသော် ပုဂံခေတ် တလျှောက်လုံး ကမ္ဗောဇ ဘုရင် များ မှ ၀င်ရောက် စွက်ဖက်ခြင်း မတွေ့ ရှိ ရ သောကြောင့်ဖြစ်သည်။

သို့ သော် ၁၃ ရာစုခန့် တွင် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ ပျက်စီး၍ ထိုင်းရှမ်း လူမျိုးများ သည် အင် ဒို ချိုင်းနား ကျွန်းဆွယ် သို့  ၀င်ရောက်၍ ယိုးဒယား နိုင်ငံ ထူထောင် ပြီး နောက် ယိုးဒယား ရှမ်း များ သည် သူ တို့ ကိုယ် သူတို့  မွန်ခမာလူမျိုး တို့ ၏ အရိုက်အရာ ကို ဆက်ခံသည် ဟုယူဆပြီး တနသ်ာရီ ကမ်းရိုးတန်း အထူး သဖြင့် ၊ ရေး ၊ မြိတ် ၊ ထားဝယ် ဒေသများ အား ပြန်လည် ဖဲ့ယူ ရန်ကြိုးပမ်း သော ကြောင့် ၊ ပုဂံခေတ် နောက် ပိုင်း ယိုးဒယား နှင့်မြန်မာ တို့ သည် သမိုင်း တလျှောက်လုံး စစ်မက် တိုက်ခိုက်ခဲ့ကြသည်။

အ နော် ရထာ ဘုရင်သည် မွန်ပြည် နယ် နှင့် မွန်လူမျိုး တို့ အား စည်းလုံး သိမ်း သွင်းပြီး နောက် ရ ခိုင်ပြည် မြောက် ပိုင်း သို့ ဆက် လက် ချီ တက် သိမ်းသွင်း သည် ၊ ထို့ နောက် နိုင်ငံရေး အရ ၊ အိန္ဒိယ နိုင်ငံ အာသံနှင့် ဘဂ်လားနယ် ရှိ ပဋိက္ကရား ပြည် အထိ အနော်ရထာ ဆက် လက်ချီ တက်သည်။ အဘယ့် ကြောင့် ဆိုသော် ရ ခိုင် မြောက်ပိုင်း ဒေသ များ အား အိန္ဒိယ နိုင်ငံ အရှေ့ ဘက် တလွှား မှ မကြာ ခဏ ၀င်ရောက် တိုက်ခိုက် နေသော ကြောင့်ဖြစ်သည်။
အနော်ရထာ သည် ရခိုင် ကမ်းရိုးတန်း ဒေသများ အား နိုင်ငံရေး အ ရ လောက် သာ စည်း လုံးသိမ်း သွင်း ခြင်းဖြစ်သည် ပုဂံခေတ်လ တလျှောက်လုံးတွင် ရခိုင်ပြည် သည် မိမိတို့ ကိုယ်ပိုင် အုပ် ချုပ်ရေး ဖြင့် သီး ခြား လွတ်လပ်စွာ ရှိ နေကြပြီး ရခိုင် လူမျိုး တို့  ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှ တို့ အား အ နော်ရထာ သည် ၀င်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။
အနော်ရထာ သည် အဖက်ဖက် မှ စနစ်တကျ စုစည်း တည် ထောင် နေ စဉ် ကြီး မား သည့် အနှောင့် အယှက် တခု နှင့်ကြုံ ရလေသည်။ အဘယ်ကြောင့် ဆိုသော် ပုဂံပြည် ၏ သမထီး ဟူ သော အ ရပ်ဒေသ တွင် တန်ခိုးသြဇာ ကြီးမားလျက် ရှိ သည့် အရည်းကြီး သုံးကျိပ် နှင့် နောက် လိုက် တပည့် ခြောက်သောင်း ကျော် တို့  ၏ ပြဿနာ ဖြစ်သည်။
ယင်း အရည်းကြီး တို့ ၏ ပုဂံပြည်သူပြည်သား များ အပေါ် ၌ ဘာသာ ရေး တန်ခိုး အာဏာ လွှမ်းမိုး မှု သည် အနော်ရထာ ၏ နိုင်ငံ ရေး တန်ခိုး အာဏာ အား ခြိမ်းချောက် လျက်ရှိသည်။ ပုဂံပြည် တွင် အနော်ရထာ နှင့် အရည်းကြီး တို့ သည် မင်းပြိုင် ကဲ့ သို့ ဖြစ်နေသည်။ ထို့ ကြောင့် အနော်ရထာ သည် ပုဂံပြည်သူပြည်သား များ အပေါ်၌ တန်ခိုး အာ ဏာကြီးမားလျက် ရှိ သော အရည်းကြီး တို့  ၏ သြဇာအား ဖြိုဖျက် နိုင်ရန် အတွက် မွန် ရဟန်း တော် အရှင် ဓမ္မ ဒဿီ ဘွဲ့ခံ ရှင်အ ရဟံ အမှူးပြုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ရဟန်း တော်များ ကို မဟာမိတ်ပြုခဲ့သည်။

ထို ထေရ၀ါဒ ဗုဒ္ဓဘာသာ ဟန်းတော် များ ၏ အကူ အညီဖြင့် ပုဂံပြည်သူပြည်သား များ အား သာသနာပြုစေ ခဲ့သည်။ ပုဂံပြည် သူပြည်သား များ အ တွင်း ၌ အရည်းကြီး တို့ ၏ သြဇာ ကျဆင်းသည် နှင့် တပြိုင် နက် အ တင်း အကြပ် လူဝတ် လဲလှယ်စေခဲ့သည်။ ထို့ နောက် ထို အ ရည်းကြီး လူထွက်များ အား ပုဂံပြည် ၏ အ ထွေ ထွေ ကုန် ထုတ် လုပ်ငန်းများနှင့် ကာကွယ်ရေး လုပ်ငန်းများ တွင် နေရာချထား ကြောင်းမြန်မာ ရာ ဇ ၀င် များ ၌ ရေး သား ဖေါ်ပြကြ သည်။ အနော်ရထာ ၏ လုပ်ဆောင် မှု သည် အနာဂတ်မြန်မာ နိုင်ငံ၏ ယဉ် ကျေးမှု ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အတွက် အခြေခံ အုတ်မြစ် ကို ချခဲ့ခြင်း လည်းဖြစ်သည်။

ထို အရည်းကြီး တို့ ဦးဆောင် လျက် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှား တွင် ရာစုနှစ် အတန်ကြာ အ မြစ် တွယ်နေခဲ့ သည့် ၊ ဗြဟ္မဏ သာသနာ ၊ မဟာယန သာသနာ နှင့် ထန်တရစ်ဝါဒ စသည် တို့ ကို နောက် တန်း သို့ ပို့ လျက် ထေရ၀ါဒ သာသနာ က ရှေ့ တန်း သို့  တက် လာ ခဲ့ သည်။ သို့ ရာ တွင် ထို အရည်း ကြီး တို့ ၏ သြဇာ အ ရှိန် အ၀ါ သည် လုံးဝ ပျောက် ကွယ် ချုပ်ငြိမ်း သွား သည် ကား မဟုတ်ပေ ၊ နောက် တန်း သို့ လျှော ကျ သွားခြင်း လောက် သာဖြစ်သည်။

မြန်မာ နိုင်ငံ မျက်မှောက် ခေတ် အထိ ဗြဟ္မဏ ၊ မဟာယန ၊ မာန် တရစ် တန်တရစ် စ ၊ စသည့် ၀ါဒ များ သည် ရော ထွေး လျက်ရှိ နေတုန်းဖြစ်သည် ကို စူးစမ်း လေ့လာ တွေ့ ရှိ နေရဆဲဖြစ်သည်။
သို့ သော် ထင်ရှားသည့် မြစေတီ ကျောက်စာ အထောက်အထားဖြင့် အနော်ရထာ ဘုရင်၏ နန်းသက် အား ၁၀၄၄ ခုနှစ် မှ ၁၀၇၇ ခုနှစ် အထိ ၃၃ နှစ် ဟု သတ်မှတ် သည် ၊ နိုင်ငံတနိုင်ငံ ၏ သမိုင်းဖြစ် ပေါ်တိုးတက်မှု အတွက် ၃၃ နှစ် ဟူသည့် အချိန် ကာလသည် တိုတောင်း သည်ဟု ဆိုရမည်ဖြစ်သည်။
သို့ သော် လည်း မြန်မာ တနိုင်ငံလုံး နှင့် မွန် ၊ ရှမ်း ၊ ရခိုင် စသည့် တို့ အား သူ့  ခေတ် နှင့် သူ့ နည်း နှင့် သူ စည်းလုံး သိမ်းသွင်း ၍ မြန်မာနိုင်ငံသမိုင်း အခြေခံ အုတ်မြစ်အား စိုက် ထူခဲ့ သော အနော် ရထာ ဘု ရင် နှင့် မြန်မာ လူမျိုး အကြီးအကဲ များ အား အံ့သြကြ ရပြီး အမျှော်အမြင် ကြီးမားမှု အား မော် ကွန်း တင် မှတ်တမ်းပြုကြရ မည်ဖြစ်ပါသည်။


ကျမ်းကိုးမြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ ၁၉၆၉ လုစ်
မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ

4 comments:

win zaw said...

သမိုင်းကြောင်းပဲ သီးသန့်ရေးတဲ့ဘလော့ဂ် မို့ မကြာမကြာ ရောက်ပါတယ်။ စိတ်ဝင်စားတယ်။ အရင် ဒေါက်တာ မတင်ဝင်းရေးတဲ့ စာတွေလည်း ကြိုက်နှစ်သက်တယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်း မို့ သိထားတာ မမှားဘူးပေါ့။ နှိုက်နှိုက်ချွတ်ချွတ်သိ ရင်ပိုကောင်းတာပေါ့။ ဒါပေမယ့် ဥနှောက်က ရှေ့ကိုပဲ တိုးနေတယ်။ အနောက်ကို ပြန်မဆုတ်ချင်တော့ဘူး။ဖြစ်နေတယ်။

Nan said...

မန်မာ နိုင်ငံ မျက်မှောက် ခေတ် အထိ ဗြဟ္မဏ ၊ မဟာယန ၊ မာန် တရစ် တန်တရစ် စ ၊ စသည့် ၀ါဒများ သည်
ရောထွေး လျက်ရှိ နေတုန်းဖြစ်သည် ကို စူးစမ်း လေ့လာ တွေ့ ရှိ နေရဆဲဖြစ်သည်။

ဟုတ်ပါတယ်။ တောင်ပြုန်းပွဲတို့ ကိုကြီးကျော်ပွဲတို့ဆိုတာ
အဲဒီအယူတွေကနေ ဆင်းသက်လာပုံရတယ်။

သမိုင်း ပုံရိပ် said...

အစ်မ ဘလော့ကိုတော့ ခုမှ ရောက်ဖြစ်တာပါ။ကျနော်အတွက် လေ့လာစရာတွေ အများကြီးရသွားပါတယ်။ နောက်လည်း လာပြီးဖတ်ပါဦးမယ်။

balgyi said...
This comment has been removed by the author.