Wednesday, May 14, 2008

ကြေကွဲဖွယ်ရာ ပျူနိုင်ငံ

ထိုင်းလင်း ခေါ် ယိုးဒယားရှမ်း များဝင်ရောက် မလာမှီ ယခု ထိုင်းလင်း ခေါ် ယိုးဒယားနိုင်ငံ တွင် အရှေ့  အာရှ တိုက်တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ် မဲနံမြစ်ဝှမ်း တ၀ိုက် တလျောက် ကြီးကျယ် ကောင်းစား ခဲ့ သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဒီးယားနိုင်ငံ ခေါ် ကမ္ဗောဇ နိုင်ငံတော်ကြီး ရှိ ခဲ့ သကဲ့ သို့ ၃ရာစု မတိုင်မှီက ဗီ ယက်နန် ဘက် တွင် စမ္ပပြည် များ တည်ရှိခဲ့သည် ကို ရှေးဟောင်းမြို့ ပျက် များ ၊ အဆောက်အဦး များ ၊ ရှေး ဟောင်း ကျောက်စာ များ တူး ဖေါ်တွေ့ ရှိခဲ့သည်၊ မွန်ရာဇ၀င်ဟောင်းများ ၌ မဲနံမြစ်ဝှမ်း မြောက်ပိုင်း ဒေသ အား ယောနကတိုင်း ဟရိပုဉ္စပြည် ၊ တောင်ပိုင်းဒေသ အား အယုဇ္ဈယတိုင်း ဒွါရာဝတီပြည်ဟု ဖေါ်ပြထားသည်။

ထို အချိန်ကာလ တွင် ထိုင်းရှမ်းများသည် တရုတ်ပြည်ယူနန်နယ် တွင် နန်ချို နိုင်ငံ အားတည်ထောင် ၍ တ ရုတ် ဧကရာဇ် အား လက်ဆောင် ဆက်သရသည့် တရုတ် လက်အောက်ခံ တိုင်းပြည်ဖြစ်သည်။ ပျူ လူ မျိုးများ နှင့် ပတ်သက်သည့် သမိုင်းဝင် တရုတ် စာပေ ထန် ရာဇ၀င်ဟောင်း များမှ ကောက် နုတ် ဖေါ်ပြ ရလျှင် ပျူ လူမျိုး များ အား ၄ ရာစုလောက် က ပင် များစွာ တိုးတက် ယဉ်ကျေးသည့် လူမျိုး တမျိုး ဖြစ်ပြီး ၈ ရာစု လောက် တွင်ကြီးကျယ် ခန်းနား အံ့သြဖွယ် ရာ မြို့ ကြီး ၅ မြို့  နှင့် ပြည်နယ် ကလေးပေါင်း ၁၈ နယ်မျှရှိ ကြောင်း ဘုရင်မင်း ၏ အမည် ကား မဟာရာဇာ တည်း ။ အမတ်ချုပ် အမည် က မဟာသေနတည်း။
မင်းကြီး မဟာရာဇာသည် ခရီး တို သွားသည့် အခါ ရွှေ ကြိုးခတ် သည့် ထမ်းစင်စီးပြီး ခရီးရှည်သွား လျှင် ဆင် စီး သည် မိဖုရား မောင်းမ တရာ ကျော် ရှိ သည်၊ မြို့ တော် တံတိုင်း ၀န်းကျင်အား စဥ့်အုတ်နှင့်စီထားသည်။

ကျုံး ကမ်းပါး ကို အုတ်စီသည်။ တံတိုင်း အတွင်း ၌ သောင်းပေါင်းများ စွာသော မိသားစု များ နေထိုင်ကြပြီး ဗုဒ္ဓ ဘာသာဘုန်းကြီး ကျောင်း တရာကျော် ရှိသည်။ ကျောင်း ပရ၀ုဏ် က အစ အခန်းများပါ ရွှေငွေ မွမ်း မံ ၍ အနီ အ၀ါ စသည့် တောက်ပသည့်ဆေးများ ရေးခြယ်ထားသည်။

ချိတ်ရောင်ခံ ဆေးသုတ်၍ ပန်းထိုး ကော်ဇောများဖြင့် ဖုံးလွှမ်းထားသည်။ လူ အများ သည် မေတ္တာရှေ့ ထားပြီး သတ္တ၀ါ အများ ကို သတ်ဖြတ်ညှင်းဆဲ ရန် ၀န်လေးသည်။ မာန်မာန နှိမ့်ချ ၍ရည်မွန်သည်ကိုတန်ဘိုးထားသည်။
စကားအပြောအဆိုနည်း၏ ဗေဒင်ဆရာပေါသည်။ ဤ မျှကြီးကျယ် ထင်ရှားသည့် ပျူလူမျိုးများ သည် ၉ ရာစု လောက်တွင် နန် ချို ရှမ်းများ ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖျက်ဆီးမှု ကို ခံ လိုက်ကြ ရသဖြင့် ပျူ လူ မျိုး များ တည်ထောင်ခဲ့ သည့်မြို့ ပြ ပြည်နယ် များသည် ပျက် စီးသွား ခဲ့ရသည်။ ထို့ အတူ လူမျိုး တမျိုး အဖြစ် ရပ် တည်နိုင်ခြင်း မရှိတော့ ပဲ ကစဥ့် ကလျား ဖြစ်သွားရ တော့ သည်။

ကျမ်းကိုး
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

မှတ်ချက်။ ။ ( ပျူလူမျိုးများနှင့် ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား ရှုတ်ထွေးလျက်ရှိသော ပြ သနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိ ဗက် အနွယ်ဖြစ်သည်။ သို့ မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန် နယ်များမှ လာသည်။ သို့ မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။ ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ လိုက်ခြင်းဖြစ်ပါသည်။ သို့ ရာတွင် ပုဂံမင်းဆက်များ အနက် ထင် ရှားသည့် ကျန်စစ်သားမင်းကို ရည်စူး၍ ၄င်း၏ သားတော် ရာဇကုမာရမင်းသား ရေးထိုးစိုက်ထူခဲ့သော မြ စေတီ ကျောက်စာပါ ပျူစာအရေးအသားကို ထောက်၍ ပုဂံခေတ်သို့ တိုင်အောင် ပျူလူမျိုးများသည် သီးခြား လူ မျိုးတမျိုး အဖြစ်ဖြင့် ရပ်တည်လျက်ရှိနေတုံး ဖြစ်လိမ့်မည်ဟု ယူဆရန် ရှိသည်။ ပုဂံခေတ်နောက်ပိုင်း တွင်ကား ပျူလူမျိုးများ အကြောင်းအရာနှင့် ပတ်သက်၍ ရည်ညွှန်း ဖေါ်ပြသော မည်သည့် အထောက်အထားမျှ မတွေ့ရှိ သီးခြားလူမျိုး တမျိုးအဖြစ်မှ ရပ်စဲကာ မြန်မာလူမျိုးများနှင့် အပြီးအပိုင် ရောယှက်ပေါင်းစပ်၍ လူမျိုးတမျိုးတည်း ဖြစ်သွားပြီဟု ယူဆရန်သာရှိသည်။ )



















9 comments:

Myo Oo said...

အစ်မ မသက်ဇင်ခင်များ---
ပျူလူမျိုးတွေအကြောင်းကို
ဗဟုသုတ အဖြစ် ရရှိတဲ့အတွက်
ကျေးဇူးတင်ပါတယ်။

Eduledge said...

သမိုင်းဆောင်းပါးတွေရေးသားပြီး ဗဟုသုတ မျှဝေပေးနေတဲ့အတွက် ကျေးဇူးတင် ကြောင်း အရင်ပြောပါရစေ။

မြန်မာတယောက်အနေနဲ့ မြန်မာအစ ဆိုတာကို စိတ်ဝင်စားပါတယ်။ ကျောင်းသုံးပြဌာန်းချက်တွေနဲ့ မြန်မာရာဇ၀င်တွေ အဆိုအရ မြန်မာအစ တကောင်းကလို့ ဆိုကြပါတယ်။ ဗိုလ်မှုးဘရှင်ရေးတဲ့ အနော်ရထာအရင်က မြန်မာနိုင်ငံတော် အကြောင်းမှာတော့ မြန်မာအစက ကျောက်ဆည်ကလို့ အထောက်အထားနဲ့ ဆိုပြန်ပါတယ်။ ဒီအဆိုကိုပဲ ဒေါက်တာသန်းထွန်း အပါအ၀င် သမိုင်းသုတေသီ တော်တော်များများက လက်ခံကြပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာ လေ့လာတူးဆွလေ အမှန်နဲ့ ပိုနီးစပ်လေဆိုတော့၊ နောက်ဆုံးတွေ့ရှိချက်တွေအရ "မြန်မာအစ ပျူက" လို့ ဖြစ်လာပြန်ပါတယ်။ သုတေသနပြုသူက ဦးကျော်ဇင် (ဘုန်းတင့်ကျော်) ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မတ် ၁၁ ရက် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန စာတမ်း ဖတ်ပွဲမှာ ဦးကျော်ဇင်က ဟန်လင်းနဲ့ မြစေတီ ကျောက်စာများ လေ့လာချက်အရ "ပျူသည် မြန်မာ (ဗမာ)" ဆိုတဲ့ စာတမ်းကို တင်သွင်းခဲ့ပါတယ်။ ပျူတိုင်းရင်းသား ဘာသာ ကျောက်စာ (၅) ချပ်ကို လေ့လာပြီး "မြန်မာဟူသော ပျူရာဇ၀င်ဆိုရိုးစကားကို ရှေးပျူဗမာ ကျောက်စာများနှင့် နှိုင်းယှဉ်လေ့လာခြင်း" ဆိုတဲ့ စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။

ပျူတိုင်းရင်းသားဘာသာ ဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ဦးကျော်ဇင်က ပျူသက္ကဋ၊ ပျူပါဠိ ကျောက်စာများကို ပညာရှင်များက အရင်ကတည်းက ဘာသာပြန်ဆို နိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ပျူအက္ခရာနဲ့ ရေးထိုးထားတဲ့ ပျူတိုင်းရင်းသား ဘာသာစကားကိုတော့ အသံသာဆက်နိုင်ပြီး၊ အဓိပ္ပါယ်မဖော် နိုင်ခဲ့ပါဘူး။ သဒ္ဒါစည်းမျဉ်းများကိုလည်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါဆို မြစေတီ ကျောက်စာက ပျူစာကို ဘယ်လို ဘာသာပြန်လဲလို့ မေးစရာရှိပါတယ်။ မွန်- မြန်မာ - ပါဠိ တို့နဲ့ နှိုင်းယှဉ်ပြီး၊ ဤ သို့ဖြစ်တန်ရာသည် လို့ ပေါင်းစုခြုံငုံ အနက်ပေးခဲ့တာ ဖြစ်တယ်လို့ အကျယ်တ၀င့် ဆိုပါတယ်။

ယခု (၂၀၀၄-၂၀၀၅) မှ စာတမ်းရှင် ဦးကျော်ဇင်ကိုယ်တိုင် လုံးစေ့ပတ်စေ့ ဘာသာပြန်ရာမှ မြန်မာဘာသာမှာသာရှိတဲ့ စကားအသုံးအနှုန်း အချို့ကို ပျူတိုင်းရင်းသား ကျောက်စာများမှာ တွေ့ရှိခဲ့ရတယ်လို့ စကားလုံး အထာက်အထားများနဲ့ ပြဆိုပါတယ်။ ဒါကြောင့် ပျူစစ်လျှင် မြန်မာ လို့ ပြောနိုင်ပါတယ်တဲ့။

အေဒီ ၈၃၂ မှာ နန်စောတိုက်လို့ ပျူနိုင်ငံ ပျက်ပြီး ပျူလူမျိုးပျောက်ကွယ်ခဲ့ ပြီးသားလို့ စောဒက တတ်နိုင်ကြပါတယ်။ ဒီအယူအဆက ဆရာလုစ် ဆီမှာအရင်းခံတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် အေဒီ ၈၃၂ မှာ နန်စောတိုက်လို့ ပျူနိုင်ငံပျက်တယ်ဆိုတဲ့ အကြောင်းဟာ ရည်ညွှန်းကြတဲ့ မန်ရှုကျမ်းမှာ မပါဝင်ပဲ၊ အေဒီ ၈၆၄ အထိ ပျူနိုင်ငံတော် ထွန်းကားနေကြောင်းသာ ရေးသားထားတယ်လို့ ဦးကျော်ဇင်က ဆိုပါတယ်။

မြန်မာနှင့်ပက်သက်၍ တရုတ်ခေတ်ပြိုင်သမိုင်းများကို ပြန်လေ့လာကြည့်ရာမှာ -

- ဘီစီ ၂ ရာစု - ပျူနိုင်ငံ၊ ဗမာနိုင်ငံ (ဟန့် မှတ်တမ်း ဖော်ပြချက်)

- အေဒီ ၂ ရာစု နှင့် ၃ ရာစုအတွင်း ပုဂံနိုင်ငံရှိခဲ့၊

- အေဒီ ၂၂၆ တွင် ဝေ့နိုင်ငံ တရုတ်စစ်သူကြီး ချူကောလိယန်းက ပုဂံကိုတိုက် ကြောင်းဖော်ပြ (ပျူစောထီးခေတ်၊ မြန်မာရာဇ၀င်မှတ်တမ်းများမှလည်း တရုတ်စစ်အကြောင်းဖော်ပြထား။) (ဝေ့ တရုတ်မှတ်တမ်း)
(၁၉၃၁ မှ ၁၉၅၇ အတွင်း ထုတ်ဝေခဲ့တဲ့ သမိုင်းစာအုပ်တွေမှာ အေဒီ ၂ ရာစု ရှိ ပုဂံနိုင်ငံတော်အကြောင်း မပြောပဲ၊ ၈ ရာစု နှောင်းပိုင်းအထိ သရေခေတ္တရာခေတ် ဖြစ်ကြောင်းပဲ ပြောလေ့ရှိပါတယ်။)

-အေဒီ ၃ ရာစု - ပျူနိုင်ငံ၊ ဗမာနိုင်ငံ (ဝေ့ နှင့် ရှုမှတ်တမ်း ဖော်ပြချက်)

- အေဒီ ၇ မှ ၁၀ ရာစု - ပျူနိုင်ငံ
မြောက်ဘက် - ယူနန်
တောင်ဘက် - ပင်လယ်
အရှေ့ဘက် - ကျဲလား (ကမ္ဗောဒီးယား)
အနောက်ဘက် - အိန္ဒိယနယ်စပ် ။
(ထန် မှတ်တမ်း ၃ စောင် ဖော်ပြချက်)
(အေဒီ ၃ ရာစု မှ ၁၀ ရာစု အထိ ပျူခေတ် ပျူနိုင်ငံဆိုသည်မှာ အခြားမဟုတ်ပဲ၊ ပုဂံခေတ် ပုဂံနိုင်ငံ၊ မြန်မာခေတ် မြန်မာနိုင်ငံ သာဖြစ်ပေသည်။)

- အေဒီ ၁၃ မှ ၁၄ ရာစု - ပျူနိုင်ငံ (ဆုန့် မှတ်တမ်းဖော်ပြချက်)

- အေဒီ ၁၃ မှ ၁၄ ရာစု - ပျူနိုင်ငံ - မြန်မာနိုင်ငံ - ပုဂံနိုင်ငံ (ယွန် မှတ်တမ်းဖော်ပြချက်)

ဗြဟ္မာ မှ ဗြုမ်မာ - ပြုမ်မာ - ပြုမာ - ပြု - ပျူ - ပု ဖြစ်လာနိုင်သလို၊ ဗြဟ္မာ - မြမ္မာ - မြမ်မာ - မြန်မာ လို့လည် ဖြစ်လာနိုင်ပါတယ်။

ပုဂံ၊ ပင်းယ ခေတ်ရှေးဟောင်း မြန်မာကျောက်စာ များက ဗြဟ္မာ၊ မြန်မာ၊ ပျူ၊ ပုဂံ ဟုရေးထိုး ဖော်ပြထားချက်များနှင့် တရုတ် မှတ်တမ်းများ ကိုက်ညီလျက်ရှိသဖြင့် "ပျူစစ်လျှင် မြန်မာ" ဖြစ်ကြောင်း ဦးကျော်ဇင် ( သုတေသီ ဘုန်းတင့်ကျော်) က ၂၀၀၅ ခုနှစ် စက်တင်ဘာလ ထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အမှတ် ၂၁ မှာ ရေးသားထားပါတယ်။

ဆရာကြီး ဒေါက်တာ သန်းထွန်းကလည်း ဦးကျော်ဇင် စာတမ်း တင်သွင်းအပြီး မှာ စာတမ်းရှင်ဟာ ပျောက်ဆုံးနေသော ပျူလူမျိုးကို ရှာဖွေပေးလိုက်ပြီ လို့ မှတ်ချက်ပြု သွားပါတယ်။

ပျူ နဲ့ မြန်မာ ဟာ အတူတူပဲ ဆိုရင် အက္ခရာဘာလို့ ကွဲပြားနေရကြောင်းနှင့် ၊ မူရင်း တရုတ်မှတ်တမ်းများကို ပြန်လည်လေ့လာပြီး ပျူနိုင်ငံတော်အကြောင်းကို သမိုင်းလေ့လာသူ၊ နားလည်သူ များက ဖြည့်စွက်ရှင်းလင်းပြီး သုံးသပ်ပေးကြဖို့ မေတ္တာရပ်ခံ လိုက်ပါတယ်။

မေမေခင် said...

ရှေးရာဇဝင်ဟောင်းတွေက အချို့ ပုံပြင်ဆန်ဆန် ပါးစပ်ပြော
တွေများတာတွေ့ရပါတယ်။
လက်ဆုပ်လက်ကိုင် ရရှိထားတဲ့ သမိုင်းဝင် ပစ္စည်းကတော့ ပုဂံခေတ် လောက်မှာပဲ တွေ့ရတယ်။

Nan said...

ပျူဟာ မြန်မာလို့ ပြောတဲ့သူကပြောကြတယ်။
လူမျိုးစုတွေနဲ့ မြန်မာ
သမိုင်းရေးရာက စိတ်ဝင်စားစရာပါ

Win Zin Min Raja said...

Dear Ma Thet Zin,
You need to refer more text and work from other sources. Refer the foolowing from Taw Sein Ko and Elizabeth Moore's recent archaelogical findings which confirm that modern Burma was established in 1500 to 500 BC. It means the Abhiraja's founding of Sankarahta or Sakkisa is valid not "MYTH' any more.
After this, Abhiraja, a bakivamsa Prince, came away to Burma with his army and founded Tagaung or Sankassa, of which he became King. Abhiraja died, and his two sons, Kanrajagyi and Kanrajange shared the kingdom between them, the elder ruling over Dhannavati or Arakan and the younger over Tagaung."(Taw Sein Ko:1913){This is reported in 850BC} See the followings from Moore.
The Bronze Age cemetery of Nyaunggan in the Chindwin has been dated through
comparison to bronze artefacts from other areas in the region to c. 1500-1000 BC, the
time period given for the establishment of a bronze-working tradition in Southeast Asia.4
However, the start of bronze production in this area and the duration of cemetery use are
not yet known. Absolute dating is underway but not yet available for the excavated.{Moore 2003}
Therefore all the Pyu or Puru or Tritsu and Abhiraj's Sakyan tribes came from India. Confirmed.
Best regards.
WZMR
Best Regards.

Win Zin Min Raja said...

Dear Ma Thet Zin,
For your reference.
Reading list
1. David Sangdong (2012) `A grammar of the Kadu (Asak) language dd 26th Dec 13.
2. Sailendra Nath Sen(1999 ), “ Ancient Indian History and Civilization” dated 26th Dec 13.
3. Dahlaquist, Allan ( 1977 ) “Megasthenes and Indian Religion” 28th Dec 13
4. Parkesh Singh Jammu( ) “ Kamboja Antiquity and Dispersal” 31-01-13
5. J.P. Mittal ( ) “History of Ancient India : From 4250 BC to 637 AD”
6. Bandyopandhyaya, Jayantanuja (2007) “ Class and religion in Ancient India
7. Nicholas Tarling - Cambridge History of Southeast Asia
8. Notes from Gyan Swarup Gupta Indus Valley Civilizations
9. Buddha Prakash “The Dawn of History”
10. Pearson Indian History Manual
11. Donald Alexander Mackenzie “Indian myth and legend”
12. R.C. Dutt “The Civilization of India”
13. Sailendra Nath Sen(1999 ), “ Ancient Indian History and Civilization”
14. Sharma SK, Hariana, Past and Present , Notes from(The Dawn of the History)
15. SP talukdar, “Genesis of Indigenous Chakma Buddhists and Their Pulverization Worldwide”
16. Yadava, S.D.S “Followers of Krishna: Yadavas of India”
17. BECKWITH(2002), Christopher I, “Medieval Tibeto-Burman Languages
18. Hall, Kenneth R “ A History of Early Southeast Asia: Maritime Trade and Societal Development”
19. KamKhenThang(1988) The Paite
20. Phukan (Dr Satyakam Phukan), notes from
21. Strachan, Paul (1989) “Pagan: Art and Architecture of Old Burma”
22. Hutton, J. H., D.Sc, C.I.E. (JAN 19350“MON AND MUNDA IN INDIA AND BEYOND”
23. Mann, Rann Singh(1996), edited by “Tribes of India: Ongoing Challenges”
24. L.K. Mahapatra STATE, TRIBAL POLITY AND POLICY IN INDIA AND SOUTH-EAST ASIA (part of 23)(read on 8th Jan 2014)
25. Kapur, Kamlesh:2010 “History of Ancient India (portraits of A Nation),
26. Balkrishna Govind Gokhale(1995). “Ancient India:History and Culture”
27. Majumdar R.C.(1952 ~2003 ), “Ancient India”
28. Andrew, W.P.(1878), “INDIA AND HER NEIGHBOURS.”
29. Harvey G. E.(1925), “History of Burma”
30. South, Ashley(2003) “Mon Nationalism and Civil War in Burma”
31. Stadtner. Donald M., “THE MON OF LOWER BURMA”
32. Prakash, Col Ved, (2007) “Encyclopaedia of North-East India, Volume 1”
33. Singh, G. P. (2008 ) Researches Into the History and Civilization of the Kirātas
34. Mishra, Shyam Manohar(1977 ) Yaśovarman of Kanauj: A Study of Political History, Social, and Cultural ...
35. Majumdar R C (1937) “Suvarnadvipa” ANCIENT INDIAN COLONIES IN THE EAST
36. Choudhury,Pratap Chandra (1959) “The History of Civilization of The people of Assam to the Twelfth Century A.D.”
37. Fergusson, James, (1910 )”HISTORY OF INDIAN AND EASTERN ARCHITECTURE”
38. Taw Sein Ko(1892) “THE KALYANI INSCRIPTIONS ERECTED BY KING DHAMMACETI AT PEGU IN 14T6 A.D. TEXT AND TRANSLATION.
39. [4] Elizabeth Moore : “Interpreting Pyu material culture: Royal chronologies and finger-marked bricks” Myanmar Historical Research Journal, No(13) June 2004, pp.1-57

Please read when you are less busy.
Should you need more, please contact me.
Best regards.
WZMR

Win Zin Min Raja said...

Dear All,
Please visit the following blog which tells you where all the ancestors of the all races of modern Burma came from. India is actual origin of all these people.
http://wunzinminraja.blogspot.sg/2013/12/the-fonding-king-abhiraj-of-burma-and.html
Please also leave your valuable comments so that WZMR can improve.
Best regards.
WZMR

Win Zin Min Raja said...

Please visit the following blog for more info.
http://wunzinminraja.blogspot.sg/2014_01_01_archive.html

Win Zin Min Raja said...

http://wunzinminraja.blogspot.sg/2014/01/thi-la-wa-prince-of-yamethin.html