ထီးလှိုင်ရှင်၏ အရိမဒ္ဒနာပူရ နံနက်ခင့်း့ 
သူ နှင့် ကျမ နံနက် စောစော သီရိပစ္စယာ လမ်းမ ကြီး အတိုင်း လျှောက်လာခဲ့ ကြသည်။ ဒီဇင်ဘာ နံနက် ခင်း ဖြစ် ၍ မြူ အနည်းငယ် ဆိုင်းနေသည်။ ထနောင်းပင်ကြားမှ ကူချွဲ နေသည့် ချိုးကူ သံ နှင့်အတူ ပတ်ဝန်းကျင်က သာယာ လှသည်။ ချိုးကူသံနှင့် ခါတွန်သံမှ တပါး တိတ်ဆိတ် လျက်ရှိသည်။ သဗ္ဗညုဘုရား ပရဝုဏ်မှ ဖြတ်ကာ အာနန္ဒာဆီ သို့ ကျမ တို့ ဆက်လျှောက်သည်။ နံနက် စောစော ဖြစ်၍ လူသူ ကင်းမဲ့နေသည်။ လေ က အေးမြ လန်းဆန်း သည်။ ထီးလှိုင်ရှင်၏ အရိမဒ္ဒနာပူရ နံနက်ခင်း တွင် လတ်ဆတ် အေးမြသည့် လေကို ရှူရှိုက် ရင်း ပုဂံ ပျက်သုဉ်း ရခြင်း အကြောင်းကို သူ က လမ်းလျှောက်ရင်း စကား တ ပြော ပြော နှင့် ရှင်းပြ သွားသည်။
မြန်မာနိုင်ငံကို စတင် သိမ်းသွင်း စည်းရုံး တည်ထောင်ခဲ့တဲ့ အနော်ရထာမင်း နန်းတက်ချိန် သက္ကရာဇ် ၁၀၄၄ ခု နှစ်က နေ နောက်ဆုံး မြန်မာနိုင်ငံ စည်းလုံး ညီညွတ်မှု ပျက်ပြားပြီး ဗရမ်းဗတာ ဖြစ်ခဲ့ရတဲ့ နရသီဟပတေ့ မင်း နန်းသက်အဆုံး သက္ကရာဇ် ၁၂၈၈ ခုနှစ်အထိ ပုဂံခေတ် မြန်မာနိုင်ငံရဲ့ သက်တမ်း ဟာ နှစ်ပေါင်း ၂၅၀ ခန့် ကြာ ခဲ့တယ်။
အာရှ အရှေ့ တောင်ပိုင်းမှာ သူ့ ခေတ်နဲ့ သူ့ အခါ ထင်ရှား ကြီးကျယ် ခဲ့တဲ့ ပုဂံ မင်းဆက်နဲ့ မြန်မာနိုင်ငံ စည်းလုံး ညီညွတ်မှု ပျက်ပြားသွားခဲ့ရတဲ့ အကြောင်းရင်း တွေ ကို သမိုင်း ပညာရှင် တွေနဲ့ သုတေသီ တွေက အယူ အဆ အမျိုးမျိုး ရေးသားခဲ့ ကြတယ်။ မြန်မာ ရာဇဝင် တွေ ကတော့ တာတာ တရုတ်တွေ တိုက်ခိုက် ဖျက်ဆီးလို့ ပျက် စီးသွားရတယ်လို့ ရေးသား ကြတယ်။ နိုင်ငံခြားသား သမိုင်း ပညာရှင်တွေ ဖြစ်တဲ့ ဒေါဗ့် ၊ ဟာဗီ ၊ ပန်း ၊ ဟောလ် ၊ တို့ ကတော့ ရှမ်းလူမျိုးတို့ ရဲ့ လှုပ်ရှားမှု ကြောင့် လို့ ယူဆကြတယ်။
မြန်မာရာဇဝင် ဆရာကြီး တွေနဲ့ နိုင်ငံခြားသား သမိုင်း ပညာရှင်တွေရဲ့ ရေးသား ချက်တွေကို လုံးဝ ငြင်းပယ် လို့ မရ ပေမယ့် ရှမ်းလူမျိုးများနဲ့ တာတာတရုတ်တွေ လှုပ်ရှားမှု မတိုင်ခင် ကတည်း က မြန်မာနိုင်ငံရဲ့ ကုန်ထုတ် စွမ်း အား လျော့ပါးလာပြီး အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှုတွေ ပျက်ပြား ဆုတ်ယုတ် လာနေတာ က အ ခြေ ခံ အကြောင်းရင်းပါပဲ မ ရယ့့် 
သူ စကားပြောရင်း လမ်းပေါ်မှ ကျောက်ခဲလေး တလုံး အား အမှတ် တမဲ့ ကန်ကျောက် လိုက် သည်ကို ကျမ သ တိထား လိုက်မိသည်။ သူ့ အတွင်း သန္တာန် မှာ မကျေနပ်စရာ လျှို့ဝှက် ခို အောင်း နေသည့် အရာ တခုခု ရှိနေ သည် လား။ ထိုအရာ အား ကျမ မစူးစမ်းလိုပါ ၊ သူ ရေးနေ သည့် ကဗျာများထံ သူ့ စိတ်ကို ရောက်သွား စေလို၍ ကျမ မေးခွန်းတွေ ထုတ်နေ လိုက် မိသည်။ သူ က ပြောသည် မ ကို ရင်ခုန်ပြီး ကျွန်တော် ကဗျာတွေ အများကြီး စပ်မိပါတယ် တဲ့ ၊ ဘယ်လိုကဗျာတွေလဲ ဟု ကျမ မေးသောအခါ လေထဲမှ လွင့်လာတဲ့ နှင်းဆီ ပွင့် ဖတ်လေး ဟာ ကျွန်တော့် ရင်ပတ် နားရောက် တော့ ရပ်သွားတယ် ၊ တယုတယ လက်ခုပ် လေးထဲ ထည့်လိုက် တော့ လိပ်ပြာ လေးဖြစ်သွားတယ် ၊ ကျွန်တော် လိုက်ဖမ်းတော့ လိပ်ပြာလေးက မ ဆံပင်ရှည် ထဲ ပြေးဝင် ပုန်း နေတယ် ၊ အဲလို ကဗျာမျိုးတွေ စပ်တာပေါ့တဲ့။ သူ တခါ တရံ စကားပြောနေရာမှ ကျမအား ငေးမော ကြည့် နေ တတ်သည်ကို ကျမ မသိ ကျိုးကျွန် ပြုထားလိုက် သည်။ ရံဖန်ရံခါ နှစ်ယောက်သား မျက်လုံးချင်းဆုံ လျှင်တော့ နှစ်ယောက်လုံး၏ အပြုံးများ လမ်းခုလတ်တွင် တိုက်မိပြီး သူက စကားလမ်းကြောင်း ပြောင်းပစ်တတ်သကဲ့သို့ ကျမသည် လည်း ခရားရေလွှတ် တတွတ်တွတ် မေး ဖြစ်သွားသည်။
ဒုတိယ မြန်မာနိုင်ငံတော် အကြောင်း အကျဉ်းချုပ် ပြောရရင့့်  သက္ကရာဇ် ၁၅၅၀ ခန့် ကနေ ၁၇၅၀ ခန့် အ ထိ သက်တမ်း နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့် ပြီး ထင်ရှားတဲ့ မြန်မာ မင်းဆက် ၁၃ဆက် စိုးစံ ခဲ့တယ် ၊ ဒုတိယ မြန် မာနိုင်ငံ တော် စတင် ထူထောင်တဲ့ ကာလကို အနောက် နိုင်ငံ သမိုင်း သုတေသီ အချို့က မြန်မာ လူမျိုးတွေ အ ရှိန်အဟုန် ပြင်းထန် ကြီးမားစွာ ပေါက် ကွဲသော ကာလလို့ ရေးသား ခဲ့ကြ တယ်။ စစ်တောင်းမြစ်ဝှမ်း ဒေသ ကို အခြေခံပြီး အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ဒလကြမ်း စည်းရုံး သိမ်းသွင်းပြီး မဏိပူရ ၊ ကိုး ရှမ်း ပြည် ၊ လင်းဇင်း၊ ဇင်းမယ် ၊ ယိုးဒယားနယ် လွန် ရပ်ခြား နိုင်ငံများကိုပါ တိုးချဲ့ သိမ်းပိုက်ခြင်း ပြုတော့ မြန်မာ လူမျိုးများရဲ့ စွမ်း ဆောင် ချက် များဟာ သမိုင်း တလျှောက်မှာ ကြီး မားပြင်း ထန်ခဲ့ တယ်။
ဗင်းနစ်စ်မြို့က ကုန်သည်ကြီးတွေ ရဲ့ ခရီးသွားမှတ်တမ်း စာအုပ်တွေမှာ ရေးသား ဖေါ်ပြ ထား တာတွေ ကတော့ အဲဒီ အချိန် ကာလ တုံးက မြန်မာ နိုင်ငံတော်ဟာ အကျယ် ဝန်းဆုံးဖြစ်ပြီး ဘုရင့်နောင်ရဲ့ လက်နက်ကိုင် တပ်မ တော်ကြီးဟာ တသိန်း နီးပါးခန့်လောက် ရှိတယ်တဲ့ ဟံသာဝတီ မှာ တည်ထောင် ထားတဲ့ ဘုရင့်နောင်ရဲ့ နန်း တော်ကြီးဟာ မြို့ကြီးတမြို့ လောက် ကြီးကျယ်ခန်းနားပြီး တံခါးပေါင်း ၂၀ လောက် ရှိ တယ်တဲ့ သူတို့ ရောက်ရှိ ခဲ့ တုံးက တွေ့မြင် ခဲ့ရ တာကို မှတ်တမ်း ပြုထားတာ တွေ့ရတယ်။
အဲဒီ ကာလ ကမ္ဘာ့ နိုင်ငံများ အခြေအနေ ကို လေ့လာကြည့်တဲ့အခါ ၊ တရုတ်ပြည်မှာ ယွမ်းခေါ် ခန်မင်းဆက် ကို တရုတ်ပြည်သူများက ထကြွ ပုန်ကန်ပြီး မဟာတံတိုင်းကြီးအပြင်ကို မောင်း ထုတ်လိုက်ကြပြီး ထင်ရှားတဲ့ မင် မင်း ဆက်ကို ထူထောင်လိုက်တယ်။ အင်ဒို ချိုင်းနား ဒေသမှာ ထင်ရှားခဲ့တဲ့ ကမ္ဗောဒီးယား နိုင်ငံ ပျက်စီး သွား ပြီး အာနံ ၊ တုံကင် ၊ လင်းဇင်း ၊ ဇင်းမယ် ၊ သောက္ကတဲ ၊ ကမ္မပိုက် နဲ့ ယိုးဒယားစတဲ့ အာဏာပိုင် နိုင်ငံ က လေး တွေ ထီးပြိုင် နန်းပြိုင် ပေါ်ပေါက် ခဲ့တယ်။
အာရှ့ တောင်ပိုင်းကျွန်းဆွယ် တဝိုက်မှာ ထင်ရှားခဲ့တဲ့ သီရိဝိဇယ ၊ မဇ္ဈပဟီ ၊ မာလာယု တို့ဟာ သူတို့ အချင်း ချင်း တိုက်ခိုက် နေကြ တယ်။ အိန္ဒိယ နိုင်ငံမြောက် ဘက် မှာ မဂိုလ် မင်းဆက် တွေ စိုးစံနေတယ်။ တောင်ဘက် မှာ ဝိဇယနာဂရ နိုင်ငံတော်ကြီး ကို ဟိန္ဒူ ဘုရင် များစိုးစံနေတယ်။ သီဟို နိုင်ငံကတော့် သီးခြား ကင်းလွတ် နေပြီး ဗုဒ္ဓ ဘာသာ နိုင်ငံ အဖြစ် တည်ရှိ နေတယ်။
ဒုတိယမြန်မာ နိုင်ငံကို စည်းရုံး တည်ထောင် ခဲ့တဲ့ ဘုရင့်နောင်ဟာ မြန်မာနိုင်ငံရဲ့ မြို့ တော်ကို မွန်တို့ရဲ့ မြို့ တော်ဖြစ်တဲ့ ဟံသာဝတီမှာ ဆက်ထား ပြီး ရာဇဓိရာဇ် အရေး တော်ပုံကို ရေးသားပြုစု ကျော်ကြားခဲ့တဲ့ ဘုရင့် နောင်ရဲ့ ၀န်ကြီး တစ်ဦးဖြစ်သူ ဗညားဒလ ဟာ မွန်လူမျိုး အကြီးအကဲ ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ မြန်မာ ရာဇ၀င် တွေမှာ ရေးသား ဖော်ပြထားတာတွေ့ရတယ်။ စီးပွားရေးနှင့် ပတ်သက်လို့ နိုင်ငံတော်ရဲ့ အဓိက ကုန် ထုတ်လုပ် ငန်း ဖြစ်တဲ့ စိုက်ပျိုးရေးကို တိုးချဲ့ပြီး လက်မှု ကုန်ထုတ်လုပ်ငန်းတွေ ပြည်တွင်း ပြည်ပ ဖောက် ကား ရောင်းဝယ် မှု တွေ ဇင်းမယ်နဲ့ မဏိပူရ နယ်က ယွန်းထည်နဲ့ ယက်ကန်း လုပ်ငန်းတွေ ဖန်ချက်လုပ်ငန်းတွေကို တိုးချဲ့ ထူ ထောင် ခဲ့ တယ်လို့ မြန်မာ ရာဇ၀င်တွေမှာ ရေးသား ထားတာတွေ့ရတယ်။
ဟံသာဝတ၊ီ မုတ္တမ၊သံလျင်၊ ဒလနှင့် ပုသိမ်မြို့တွေဟာ နိုင်ငံခြား ရောင်းဝယ်ရေး ဆိပ် ကမ်း မြို့ကြီးတွေ ဖြစ်ကြပြီး ဥရောပ တိုက်သားတွေနဲ့ အိန္ဒိယကုန်တွေ ဖောက် ကား ရောင်းဝယ် နေတာကို ၁၅၆၉ ခုနှစ်က ဟံသာ ၀တီကို ကုန်ရောင်း ကုန် ၀ယ် အတွက် ရောက်ရှိ ခဲ့တဲ့ အီတလီပြည်က ကုန်သည်ကြီး ဖရက် ဒရစ် က သူ့ ရဲ့ ခရီးသွား မှတ် တမ်းမှာ ရေးသား ဖော်ပြထားတာကို တွေ့ရတယ်။ ပြည်တွင်း ဖောက်ကား ရောင်းဝယ်ရေး အတွက် ဖွံ့ဖြိုး တိုး တက်ပြီး စနစ်တကျ ရှိဘို့ အ အတွက် ဘုရင့် နောင် ဟာ နိုင်ငံတော် တစ်ဝန်းလုံးမှာ အလေး၊ တင်း တောင်း၊ ကျပ်၊ မူး၊ မတ် ၊ တွေကို တညီ တညွတ်တည်း ဖြစ်ဘို့ စီမံခန့်ခွဲ ခဲ့တယ်လို့ မြန်မာရာဇ၀င်တွေမှာ ရေး သား ထား တာတွေ့ရတယ်။
ဒုတိယ မြန်မာ နိုင်ငံကို ပြန်လည်ထူထောင်ကာစ အချိန်က ကျယ်ဝန်းပြီး ရှမ်း မြန်မာ မွန် ကရင် ကချင်နှင့် ချင်းစ တဲ့ လူမျိုးစုတွေ ပျံ့နှံ့နေထိုင်နေကြတဲ့ ဒေသ ကြီး တစ်ခုကို စည်း စည်းလုံးလုံးနဲ့ အေးအေးချမ်းချမ်းရှိဘို့ ထိန်းသိမ်း အုပ်ချုပ်ခြင်း အလုပ်နဲ့ ကာကွယ် စောင့် ရှောက် ရတဲ့ အလုပ်ဟာ ကြီးလေး ခက်ခဲတဲ့ တာဝန် တွေဖြစ် ခဲ့ မှာပါပဲ။
အဲဒီအချိန်က မြန်မာနိုင်ငံမှာ အကွဲကွဲ အပြားပြားဖြစ် နေကြတဲ့ လူမျိုးစု တွေကို သူတို့ စုဝေး နေထိုင်ရာ ဒေသ အလိုက် ခေါင်းဆောင် အကြီးအကဲတွေ ခန့်ခွဲအုပ်ချုပ် ရတာတွေက အခက် အခဲ မရှိပေမယ့် ဝေးလံတဲ့ ဇင်း မယ် နဲ့  ယိုးဒယားနိုင်ငံကို ချဲ့ထွင် သိမ်းပိုက် အုပ်ချုပ်ခြင်း ပြု ရတာကတော့ ကြီးလေးတဲ့ တာဝန် နဲ့ စရိတ်စက တွေ ရှိ မှာပဲလေ။ မကြာခဏ ဖြစ်ပွားနေတဲ့ ဇင်းမယ်နဲ့ ယိုးဒယားစစ်ပွဲတွေအတွက် ထမ်းဆောင်ကြ ရတဲ့ ပြည် သူတွေ ဟာ ဆိုး ဆိုး ရွား ရွား သည်းညည်း မခံနိုင်လောက်အောင် ဖြစ်ခဲ့ဟန်ရှိတယ်။
သက္ကရာဇ် ၁၅၆၄ ခုနှစ် က ဘုရင့်နောင် ယိုးဒယားကို ချီတက်တိုက်ခိုက်တုံး ဟံသာဝတီ နန်းတော်ကြီးကို မီးရှို့ ဖျက်ဆီးလိုက်ကြတဲ့ လယ်သမားတွေရဲ့ ပုန်ကန်ထကြွမှုကို မြန်မာ ရာဇ၀င် တွေမှာ အတိ အလင်း ဖွင့်ဟ ၀န်ခံ ထားတယ်။ ဒုတိယ မြန်မာ နိုင်ငံတော်ကို ထူ ထောင်ခြင်း ပြုတဲ့ တပင်ရွှေထီး ( ၁၅၃၁-၅၀) နဲ့ ဘုရင့် နောင် (၁၅၅၁ မှ ၁၅၈၁) တို့ရဲ့ နန်း သက် နှစ်ပေါင်း၅၀ ခန့်အတွင်း မှာ အဆ မတန် ကြီးလေးတဲ့  အုပ်ချုပ်ရေးနဲ့ ကာ ကွယ်ရေး စရိတ် တွေကို ထမ်း ဆောင် ခဲ့ရတဲ့ မြန်မာပြည်သူ တွေရဲ့ ဘ၀နဲ့ အခြေအနေ တွေကို ခန့် မှန်း ကြည့် လို့ ရပါတယ်။
ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း တွေနဲ့ ပတ်သက်လို့ကတော့ ပုဂံမင်းဆက် ဘုရင်တွေရဲ့ အစဉ် အလာကို ဆက် ခံပြီး ဗုဒ္ဓသာသနာ တိုးပွား စည်ပင်အောင် တိုးချဲ့ ဆောင် ရွက်တာတွေ လုပ် ခဲ့ပြီး။ ယဇ်နတ် ပူဇော် တာတွေနဲ့ ခေတ် နောက်ကျတဲ့ တောင်တန်းဒေသတွေမှာ အကြီး အ ကဲ တစ်ဦးသေဆုံးတာနဲ့ သားမယားတွေ ၊ ကျေး ကျွန်တွေကို အရှင်လတ်လတ် မြှုပ် နှံကြတဲ့ ရှေး ဟောင်း ဓလေ့တွေကို ပိတ်ပင်ပြီး ၊ ဓမ္မသတ်တွေ ကို စု ဆောင်း ပြင်ဆင်ခြင်း တွေ ၊ ပြု လုပ် ခဲ့တယ်လို့ မြန်မာ ရာဇ၀င်တွေမှာ ရေးသားထားတာ ပေါ့ မ့  ရယ်။